သတင်းထောက်တွေ လွှတ်ပေးရေး လန်ဒန် မြန်မာသံရုံးရှေ့ ဆန္ဒပြ

ရိုက်တာသတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ နှစ်ယောက်ကို ပြန်လွတ်ပေးရေးအတွက် လန်ဒန်မြို့ မြန်မာသံရုံးရှေ့ကို လူတချို့ မနေ့က သွားရောက်ဆန္ဒပြခဲ့ကြပါတယ်။

လန်ဒန်မြို့ မြန်မာသံရုံးရှေ့မှာ ရိုက်တာသတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ နှစ်ယောက်ရဲ့ ဓာတ်ပုံကို ၂ဝ၁၈ ခုနှစ် စက်တင်ဘာလ ၂၇ ရက်နေ့က တွေ့ရစဉ် Photo:AFP

ရိုက်တာသတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ နှစ်ယောက်ကို ပြန်လွတ်ပေးရေးအတွက် လန်ဒန်မြို့ မြန်မာသံရုံးရှေ့ကို လူတချို့ မနေ့က သွားရောက်ဆန္ဒပြခဲ့ကြပါတယ်။

အဲဒီ ဆန္ဒပြပွဲကို IOHR (International Observatory Human Rights) ခေါ် နိုင်ငံတကာ လူအခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့နဲ့ English PEN လွတ်လပ်စွာပြောဆိုခွင့်အဖွဲ့တို့က ကမကထ ပြုလုပ်ခဲ့တာဖြစ်ပြီး ဆန္ဒပြသူတွေထဲမှာ ၂ဝ၁၃ ခုနှစ်က အီဂျစ်နိုင်ငံမှာ Muslim Broterhood အဖွဲ့ဝင် မွတ်စလင်တွေကိုထောက်ခံရင်း သတင်းမှားတွေ ဖြန့်ချိမှုနဲ့ ထိန်းသိမ်းခံခဲ့ရတဲ့ Al-Jazeera အယ်လ် ဂျာဇီးယာ သတင်းထောက် Mohamed Fahmy မိုဟာမက် ဖာမီ လည်း ပါဝင်ပါတယ်။ နိုင်ငံတကာ တောင်းဆိုမှုတွေကြောင့် သူ့ကို အီဂျစ်အစိုးရက ၂ နှစ်အကြာမှာ လွှတ်ပေးခဲ့ပါတယ်။

ဖာမီက ရိုက်တာသတင်းထောက်တွေ အပြစ်မရှိဘဲ ဖမ်းဆီးခံနေရကြောင်းနဲ့ လူ့အခွင့်အရေးနဲ့ သတင်းလွတ်လပ် မှုတွေကို လေးစားမှုမရှိတဲ့ အစိုးရတွေလက်ထဲမှာ ဖမ်းဆီးခံနေရတဲ့ သတင်းသမားတွေ လွှတ်မြောက်ရေးအတွက် နိုင်ငံတကာဖိအားပေးမှုလိုအပ်ကြောင်း ပြောပါတယ်။

နိုင်ငံတကာ လူအခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ ညွန်ကြားရေးမှူး Valerie Peay ဗလာရီး ပီ ကလည်း ဒေါ်အောင်ဆန်းစုကြည်ဟာ သတင်းလွတ်လပ်ခွင့်နဲ့ သတင်းထောက်တွေကို အကာအကွယ် မပေးဘဲ ဒီကိစ္စမှာ နှုတ်ပိတ်နေပါတယ်လို့ ဆန္ဒပြပွဲမှာ ပြောကြားခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org