ရှေ့နေတွေရဲ့ ဖဲကြိုးဝါလှုပ်ရှားမှု လားရှိုးမြို့အထိ ဆက်လက်ပြန့်နှံ့

ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံးမှာ တပ်မတော်က အငြိမ်းစားအရာရှိတွေကို အဆင့်မြင့်ရာထူးတွေမှာ ခန့်အပ်လိုက်တာ ကို ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ရှေ့နေ ၂ဝ လောက် က ဖဲကြိုးအဝါတွေတပ်ဆင်ပြီး ဒီနေ့ ကန့်ကွက်လိုက်ပါတယ်။

လားရှိုးရှေ့နေအသင်းက ဖဲကြိုးဝါလှုပ်ရှားမှုကို စက်တင်ဘာလ ၁၈ ရက်နေ့မှာ လားရှိုးခရိုင် တရားရုံရှေ့မှာ ပြုလုပ်ခဲ့ကြစဉ် Photo: Kan Thar/RFA

ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံးမှာ တပ်မတော်က အငြိမ်းစားအရာရှိတွေကို အဆင့်မြင့်ရာထူးတွေမှာ ခန့်အပ်လိုက်တာကို ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ရှေ့နေ ၂ဝ လောက်က ဖဲကြိုးအဝါတွေတပ်ဆင်ပြီး ဒီနေ့ ကန့်ကွက်လိုက်ပါတယ်။

တပ်မတော်က အရာရှိတွေကို ခန့်အပ်လိုက်တာကြောင့် တရားစီရင်ရေးစနစ်ဟာ  အခုထက်ပိုပြီး ပျက်ယွင်း သွားနိုင်တဲ့အတွက် ကန့်ကွက်တာဖြစ်တယ်လို့ လားရှိုးရှေ့နေအသင်း အတွင်းရေးမှူး ဒေါ်ကြည်ရင်ချို က ပြောပါတယ်။

"တပ်ကလူတွေပါဝင်လာပြီဆိုလို့ရှိရင်တော့ တရားစီရင်ရေးဟာ ဘယ်လိုမှတရားမျှတတဲ့ တရားစီရင်ရေးလည်း မဖြစ်နိုင်တော့ဘူးလို့ ထင်တယ်လေ၊ ဘာဖြစ်လို့လဲဆိုတော့ စစ်တပ်ကပါလာပြီဆိုကတည်းက သူတို့တွေကို တပ်ကနေပါလာတဲ့အကျင့်တွေနဲ့ တရားစီရင်ရေးဟာ ဒီထက်ပိုပြီးတော့မှ ပျက်ယွင်းသွားနိုင်တယ်ထင်လို့ ဒါကိုဆန့်ကျင်တဲ့အနေနဲ့ ဒီနေ့ ဒီလှုပ်ရှားမှုကို လုပ်ရတာပါ"

တရားစီရင်ရေးကဏ္ဍမှာ ခန့်အပ်ထားတဲ့ စစ်တပ်ကအရာရှိတွေ နှုတ်ထွက်သွားတဲ့အထိ တောင်းဆိုသွားမယ် လို့ ရှေ့နေတွေက ပြောပါတယ်။

ဖဲကြိုးဝါလှုပ်ရှားမှုကို နေပြည်တော် ပျဉ်းမနားမြို့နယ်က ရှေ့နေတွေ စတင်ခဲ့ပြီး တောင်ကြီး၊ ရန်ကုန်၊ မန္တလေး၊ ပြည်၊ စစ်တွေတို့မှာလည်း ပြုလုပ်ခဲ့ကြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org