စစ်တွေ ထောင်တွင်း ပစ်ခတ်မှုဖြစ်ပွား

ရခိုင်ပြည်နယ် စစ်တွေထောင်အတွင်းမှာ မနေ့ညက ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ည ၉ နာရီကျော်မှာ သေနတ်ပစ်သံ ၁ဝ ချက်ထက်မနည်း ကြားခဲ့ရတယ်လို့ စစ်တွေမြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။

ရခိုင်ပြည်နယ် စစ်တွေ အကျဉ်းထောင် ကို ၂၀၁၈၊ အောက်တိုဘာ ၆ ရက်နေ့က မြင်တွေ့ရစဉ် Photo: Min Thein Aung/ RFA

ရခိုင်ပြည်နယ် စစ်တွေထောင်အတွင်းမှာ မနေ့ညက ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ည ၉ နာရီကျော်မှာ သေနတ်ပစ်သံ ၁ဝ ချက်ထက်မနည်း ကြားခဲ့ရတယ်လို့ စစ်တွေမြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။

စနေနေ့ နေ့လယ်ပိုင်းကစပြီး ထောင်တွင်း ဆူပူမှုဖြစ်ပွားခဲ့ကြောင်း၊ ဧပြီလ ၁၇ ရက်နေ့က နိုင်ငံတော် သမ္မတ ဦးဝင်းမြင့် အမိန့်နဲ့ လွတ်ငြိမ်းချမ်းသာခွင့်ကြောင့် လွတ်မြောက်လာသူတွေထဲမှာ မပါဝင်ဘဲ ကျန်ရစ်သူတွေက မကျေမနပ် ဆူပူရာကနေ အကျဉ်းထောင်ဝန်ထမ်းတွေက သေနတ်မိုးပေါ်ထောင်ဖောက်ပြီး လူစုခွဲခဲ့ရတယ်လို့  ကြားသိရကြောင်းလည်း မြို့ခံတွေက ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး နေပြည်တော်ရှိ အကျဉ်းဦးစီးဌာန ညွန်ကြားရေးမှူး ဦးမင်းထွန်းစိုးက ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်ဆိုတာ မှန်ကန်ကြောင်း၊ အသေးစိပ်ကို စုံစမ်းနေဆဲဖြစ်ပြီး စစ်တွေ အကျဉ်းဦးစီးဌာနက အစီရင်ခံစာကို နာရီအနည်းငယ်အတွင်း ရရှိမယ်လို့ မျှော်လင့်ကြောင်းဖြင့် RFA ကို မြန်မာစံတော်ချိန် ဒီနေ့ တနင်္ဂနွေနေ့ မနက် ၃ နာရီခန့်က ပြောပါတယ်။

စစ်တွေ အကျဉ်းထောင်ကို RFA က အကြိမ်ကြိမ် ဖုန်းဆက်ခဲ့ပေမယ့် အခု အချိန်အထိ အဆက်အသွယ် မရသေးပါဘူး။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org