မြစ်ဆုံစီမံကိန်း ရပ်ဆိုင်း ဖို့ တောင်းဆိုတဲ့လက်မှတ် တစ်သိန်းကျော် ရရှိ

မြစ်ဆုံရေကာတာစီမံကိန်း ဆောက်လုပ်မှု ကို ရပ်ဆိုင်းပေးဖို့ Myamnar Green Network က အွန်လိုင်းကနေ လက်မှတ်တွေ ကောက်ခံနေ တာ ဒီနေ့ဆိုရင် လက်မှတ်တစ်သိန်းကျော် ရရှိထားပြီဖြစ် ပါတယ်။

မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းကို တွေ့ရစဉ် Photo: Myo Zaw Ko/RFA

မြစ်ဆုံရေကာတာစီမံကိန်း ဆောက်လုပ်မှုကို ရပ်ဆိုင်းပေးဖို့ Myamnar Green Network က အွန်လိုင်းကနေ လက်မှတ်တွေ ကောက်ခံနေတာ ဒီနေ့ဆိုရင် လက်မှတ်တစ်သိန်းကျော် ရရှိထားပြီဖြစ်ပါတယ်။

လက်မှတ်တွေကို အောက်တိုဘာလ ၂၉ ရက်နေ့ကနေ နိုဝင်ဘာလ ၁၁ ရက်နေ့အထိ ကောက်ယူသွားဖို့ရှိပြီး လက်မှတ် တစ်သန်းလောက်ရရှိနိုင်ဖို့ မျှော်မှန်းထားတယ်လို့ လက်မှတ်ကောက်ယူနေသူတစ်ဦးဖြစ်တဲ့ မိုးလေဝသပညာရှင် ဦးထွန်းလွင် က ပြောပါတယ်။

ကောက်ယူရရှိတဲ့ လက်မှတ်တွေကို နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ ဧရာဝတီမြစ် မြစ်ဆုံ - မြစ်ညာမြစ်ဝှမ်းဒေသ ရေအားလျှပ်စစ်စီမံကိန်းများ လေ့လာစိစစ်သုံးသပ်ရေး ကော်မရှင်ကို ပေးပို့သွား မှာဖြစ်ပါတယ်။

Myamnar Green Network အဖွဲ့ဟာ ပြီးခဲ့တဲ့ရက်ပိုင်းက မြစ်ဆုံဒေသကို သွားရောက်လေ့လာပြီး မြစ်ဆုံ စီမံကိန်းကြောင့် နေရာပြောင်းရွှေ့သူတွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

မြစ်ဆုံစီမံကိန်းရပ်တန့်လိုတဲ့ ပြည်သူတွေရဲ့အသံတွေကို အစိုးရသိရှိနိုင်ဖို့အတွက် လက်မှတ်ကောက်ခံတာဖြစ်ပြီး မှန်မှန်ကန်ကန်ဆုံးဖြတ်နိုင်ဖို့ မျှော်လင့်တယ်လို့လည်း ဦးထွန်းလွင် က ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org