တမူးမြို့မှာ အကြမ်းဖက်ပစ်ခတ်မှု နှစ်ဦးသေဆုံး၊ ခုနစ်ဦးဒဏ်ရာရ

2021.03.26
တမူးမြို့မှာ အကြမ်းဖက်ပစ်ခတ်မှု နှစ်ဦးသေဆုံး၊ ခုနစ်ဦးဒဏ်ရာရ တမူးမြို့မှာ မတ်လ ၂၅ ရက်နေ့ ညက ပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာရသူတစ်ဦးကို တွေ့ရစဉ်
Photo CJ

မတ်လ ၂၅ ရက် ညက စစ်ကိုင်းတိုင်း တမူးမြို့မှာ ရဲနဲ့ စစ်တပ်က အကြမ်းဖက် ပစ်ခတ်တာကြောင့် လူနှစ်ဦး သေဆုံးပြီးတော့ ဒဏ်ရာရသူ ခုနစ်ဦးရှိတယ်လို့ မျက်မြင်တွေ့သူတွေက ပြောပါတယ်။

ဒဏ်ရာရသူတွေကို တမူးကနေ ကလေးမြို့ဆေးရုံကိုပို့ဖို့ ကားနဲ့သယ်ဆောင်ရာမှာ လမ်းမှာ စစ်တပ်နဲ့ ရဲကား တွေ တွေ့ရှိတာကြောင့် သွားခွင့်မရခဲ့ဘူးလို့ လိုက်ပါသူတွေက ပြောပါတယ်။ ဒါကြောင့် ဒဏ်ရာရသူတွေကို ပြန်သယ်လာရပြီးတော့ တမူးမြို့ ပြင်ပဆေးရုံမှာ ပြန်လည်ကုသရာမှာ ကိုမျိုးမြင့်အောင် (သို့မဟုတ်) ဖိုးကုလား ကျဆုံးသွားတာပါ။ ကိုနန်းဦးကတော့ မနက်ဆယ်နာရီ ဝန်းကျင်ခန့်မှာ ဆေးကုသမှုခံယူရင်း ကျဆုံးသွားတယ်ဆိုပါတယ်။

လက်ရှိမှာတော့ ရင်ဘတ်ထိ ဦးခေါင်းထိ ဆီးခုံထိ ပေါင်ထိခိုက် စိုးရိမ်ရသူ လေးဦးနဲ့ ဒဏ်ရာရရှိသူ အများအပြားကို လုံခြုံတဲ့နေရာမှာ ကုသမှုခံမှုပေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။