တာဝန်နဲ့ လုပ်ပိုင်ခွင့်ဘောင် မကျော်ကြဖို့ ကိုယ်စားလှယ်တွေကို ဦးတီခွန်မြတ် ပြော

လွှတ်တော် ရပ်နားချိန်ကာလအတွင်း ပြည်သူတွေအသံ နားထောင်ဖို့နဲ့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း တွေ ဆောင်ရွက်တဲ့အခါ လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ တာဝန်နဲ့ လုပ်ပိုင်ခွင့်ဘောင် မကျော်စေဘဲ ဆောင်ရွက်ကြဖို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ် က ပြောကြားခဲ့ပါတယ်။

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ်ကို တွေ့ရစဉ် Photo: Pyithu Hluttaw - ပြည်သူ့လွှတ်တော်

လွှတ်တော် ရပ်နားချိန်ကာလအတွင်း ပြည်သူတွေအသံ နားထောင်ဖို့နဲ့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေ ဆောင်ရွက်တဲ့ အခါ လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ တာဝန်နဲ့ လုပ်ပိုင်ခွင့်ဘောင် မကျော်စေဘဲ ဆောင်ရွက်ကြဖို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ် က ပြောကြားခဲ့ပါတယ်။

ဒီကနေ့ကျင်းပတဲ့ ပြည်သူ့လွှတ်တော်၊ ဒုတိယအကြိမ် အဌမ ပုံမှန်အစည်းအဝေး နောက်ဆုံးရက်မှာ လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ် က ကိုယ်စားလှယ်တွေကို အမှာစကား ပြောကြားခဲ့တာဖြစ်ပါတယ်။

"လွှတ်တော်ရပ်နားထားစဉ်ကာလာမှာ မိမိတို့ရဲ့ မဲဆန္ဒရှင်ပြည်သူများထံ အရောက်သွားပြီး ပြည်သူ့အသံကို အလေးထားနားထောင်ကြပါ၊ ဒေသဖွံ့ဖြိုးရေးကိစ္စတွေမှာ စေတနာအပြည့်နဲ့ ပူးပေါင်းပါဝင်ဆောင်ရွက်ကြပါ၊ ဒီလိုဆောင်ရွက်တဲ့အခါမှာ လွှတ်တော်ကိုယ်စားလှယ်များ တာဝန်နဲ့ လုပ်ပိုင်ခွင့် ဘောင်မကျော်စေဘဲ ဥပေဒေနဲ့အညီ မှန်ကန်စွာဆောင်ရွက်ကြပါ၊ ပါတီစွဲ လူမျိုးစွဲ ဝါဒစွဲတွေ မထားဘဲ ပြည်သူ့အကျိုးအတွက် ဦးစားပေးဆောင်ရွက်ကြပါ"

ဒါ့အပြင် ပြည်သူလူထုက ယုံကြည်အားကိုး လေးစားရသူတွေအဖြစ် ပြုမူပြောဆိုဖို့နဲ့ ဒေသဆိုင်ရာ တာဝန်ရှိသူတွေနဲ့ ညှိနှိုင်းပူးပေါင်းဆောင်ရွက်ဖို့ တိုက်တွန်းခဲ့ပါတယ်။

ဒီလွှတ်တော်သက်တမ်းအတွင်း ကြယ်ပွင့်ပြမေးခွန်း ၁၀၉ ခု၊ ကြယ်ပွင့်မပြမေးခွန်း ၂၄၅ ခု ဆွေးနွေးခဲ့သလို အရေးကြီးအဆိုတစ်ခုနဲ့ ဝမ်းနည်းကြောင်းအဆိုတစ်ခု အပါအဝင် အဆို ၁၃ ခု တင်သွင်းခဲ့ပြီး အဆို လေးခုကို အတည်ပြုခဲ့သလို ဆွေးနွေးဖို့ ကျန်တဲ့ အဆို ၄ ခု ရှိပါတယ်။

ဒါ့အပြင် ဆွေးနွေးဆောင်ရွက်ခဲ့တဲ့ ဥပဒေကြမ်း ၃၁ ရှိပြီး ဥပဒေကြမ်း ၁၄ ခုကို အတည်ပြုခဲ့သလို ဆက်လက် ဆောင်ရွက်ဖို့ ဥပဒေကြမ်း ၂၃ ခု ကျန်ရှိပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org