ငြိမ်းချမ်းရေးရလဒ် ပိုမိုတိုးတက်ရရှိဖို့ နိုင်ငံရေးဆွေးနွေးပွဲပုံစံပြောင်းမည်

ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ ပိုမိုတိုးတက်စေဖို့အတွက် နိုင်ငံရေးဆွေးနွေးပွဲပုံစံကို ပြောင်းလဲဖို့နဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ ၂ လ တစ်ကြိမ် ပုံမှန်ကျင်းပဖို့ ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC အလုပ်အဖွဲ့အစည်းအဝေးမှာ ဆုံးဖြတ်ခဲ့ကြောင်း RCSS ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး စိုင်းငင်းက RFA ကို ဒီနေ့ ပြောပါတယ်။

နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်နှင့် လုပ်ငန်းလမ်းညွှန်များ ပြန်လည်သုံးသပ်ခြင်း အစည်းအဝေးကို ၂၀၁၈၊ နိုဝင်ဘာ ၁ ရက်နေ့က ရန်ကုန်မြို့ NRPC ခန်းမမှာ ကျင်းပစဉ် Photo: Thiha Tun/ RFA

ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ ပိုမိုတိုးတက်စေဖို့အတွက် နိုင်ငံရေးဆွေးနွေးပွဲပုံစံကို ပြောင်းလဲဖို့နဲ့ နိုင်ငံရေး ဆွေးနွေးပွဲတွေ ၂ လ တစ်ကြိမ် ပုံမှန်ကျင်းပဖို့ ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီ UPDJC အလုပ်အဖွဲ့အစည်းအဝေးမှာ ဆုံးဖြတ်ခဲ့ကြောင်း RCSS ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး စိုင်းငင်းက RFA ကို ဒီနေ့ ပြောပါတယ်။

အရင်က ကျင်းပခဲ့တဲ့ နိုင်ငံရေးဆွေးနွေးပွဲပုံစံဟာ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲက တင်သွင်းလာတဲ့ စာတမ်းတွေကို အခြေခံပြီး အလုပ်အဖွဲ့အစည်းအဝေး၊ UPDJC အစည်းအဝေးနဲ့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး JICM တွေမှာ ဆွေးနွေးကြတာ ဖြစ်ပါတယ်။

အခုပြောင်းလဲမယ့် ပုံစံဟာ ယခင်ကနဲ့ ပြောင်းပြန်ဖြစ်ပြီး JICM က ဆောင်ရွက်ဖို့ ညွှန်ကြားချက်တွေကို UPDJC အစည်းအဝေးနဲ့ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေမှာ ပြန်လည်ဆွေးနွေးရမယ့် ပုံစံကို ပြောင်းလဲမှာ ဖြစ်ကြောင်း ပြောပါတယ်။

UPDJC အစည်းအဝေးကို လာမယ့် နိုဝင်ဘာလကုန်မှာ ကျင်းပဖို့ လျာထားပြီး ယခုဆွေးနွေးပွဲမှာ တင်ပြဆွေးနွေးချက် တွေကို သက်ဆိုင်ရာအဖွဲ့အစည်းတွေမှာ ပြန်လည်တင်ပြပြီးမှ ရက်အတိအကျ သတ်မှတ်နိုင်မယ်လို့လည်း ဗိုလ်မှူးကြီး စိုင်းငင်းက ပြောပါတယ်။

နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာ မူဘောင်နဲ့ လုပ်ငန်းလမ်းညွှန်များ ပြန်လည်သုံးသပ်တဲ့ အစည်းအဝေးကို ရန်ကုန်မြို့ NRPC မှာ နိုဝင်ဘာလ ၁ ရက်နေ့ကနေ ၃ ရက်နေ့အထိ ကျင်းပခဲ့ပြီး  ဒီအစည်းအဝေးမှာ NCA လက်မှတ် မထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို ဆွေးနွေးပွဲ မကျင်းပခင် ရက်ပိုင်းအလိုမှာ ဖိတ်ကြား ခဲ့ပေမယ့် အချိန်ကပ်နေတဲ့အတွက် မတက်ရောက်နိုင်ကြောင်း အကြောင်းပြန်ခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org