အမေရိကန်-အာဆီယံထိပ်သီးညီလာခံ နိုင်ငံရေးကင်းတဲ့ မြန်မာကိုယ်စားလှယ်ကိုသာ ဖိတ်မည်

2022.03.03
အမေရိကန်-အာဆီယံထိပ်သီးညီလာခံ နိုင်ငံရေးကင်းတဲ့ မြန်မာကိုယ်စားလှယ်ကိုသာ ဖိတ်မည် ၂၀၂၁ ခုနှစ် အမေရိကန်- အာဆီယံ ညီလာခံ အွန်လိုင်းက ကျင်းပခဲ့စဉ်။
Photo - reuters

အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီ မြို့တော်မှာ လက်ခံကျင်းပမယ့် အမေရိကန်နဲ့ အာဆီယံ ဆယ်နိုင်ငံ ထိပ်သီးညီလာခံအတွက် နိုင်ငံရေးနဲ့ မပတ်သက်တဲ့ မြန်မာကိုယ်စားလှယ်ကိုပဲ ဖိတ်ကြားမယ်လို့ အမေရိကန် နိုင်ငံခြားရေး ပြောခွင့်ရသူက ပြောလိုက်ပါတယ်။

အာဆီယံရဲ့ ဦးဆောင်မှုအတိုင်းလိုက်နာပြီးတော့ နိုင်ငံရေးနဲ့ မပတ်သက်သူ မြန်မာကိုယ်စားလှယ်ကိုသာ ဖိတ်ကြားမှာဖြစ်ကြောင်း၊ မြန်မာစစ်ကောင်စီအနေနဲ့ အာဆီယံရဲ့ ဘုံသဘောတူညီချက် အချက် ငါးချက်ကို လိုက်နာဖို့ပျက်ကွက်ခဲ့တဲ့အတွက်၊ လိုအပ်သလို အရေးယူ ဆောင်ရွက်မယ်လို့လည်း အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရသူက ပြောပါတယ်။

ဘယ်သူ့ကို ဖိတ်ကြားမယ်ဆိုတာကိုတော့ နာမည်တိတိကျကျ ပြောမသွားပါဘူး။

အမေရိကန်ပြည်ထောင်စုနဲ့ အာဆီယံ ခေါင်းဆောင်တွေ လာမယ့် မတ်လ ၂၈ နဲ့ ၂၉ ရက်နေ့မှာ တွေ့ဆုံဆွေးနွေးကြဖို့ သမ္မတ ဂျိုးဘိုင်ဒင်က စီစဉ်ခဲ့တာပါ။

ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းကတည်းက အာဆီယံထိပ်သီးညီလာခံအပါအဝင် အရေးကြီးတဲ့ ဆွေးနွေးပွဲတွေမှာ မြန်မာတက်ရောက်ခွင့်ကို အာဆီယံက ပိတ်ပင်ခဲ့တာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။