ဒေါ်အောင်ဆန်းစုကြည်နဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဖုန်းဆက်စကားပြော

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Rex Tillerson ဟာ မြန်မာနိုင်ငံခြားရေးဝန်ကြီး- နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တယ်လီဖုန်းဆက်သွယ် စကားပြောခဲ့ပြီး၊ ရခိုင်ပြည်နယ်မှာ အကြမ်းဖက်မှုတွေ ရပ်တန့်အောင် မြန်မာအစိုးရက ကြိုးပမ်းနေတဲ့အပေါ် ကြိုဆိုကြောင်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Rex Tillerson ပုံ .

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Rex Tillerson ဟာ မြန်မာနိုင်ငံခြားရေးဝန်ကြီး- နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တယ်လီဖုန်းဆက်သွယ် စကားပြောခဲ့ပြီး၊ ရခိုင်ပြည်နယ်မှာ အကြမ်းဖက်မှုတွေ ရပ်တန့်အောင် မြန်မာအစိုးရက ကြိုးပမ်းနေတဲ့အပေါ် ကြိုဆိုကြောင်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက်မှုတွေကြောင့် ထွက်ပြေးသွားတဲ့ ဒုက္ခသည်တွေကို ပြန်လက်ခံဖို့၊ အကြမ်းဖက်မှု ကြုံခဲ့ရတဲ့ဒေသတွေမှာ လူသားချင်းစာနာမှု အကူအညီပေးရေး လုပ်ငန်းတွေကို အစိုးရနဲ့ တပ်မတော်က ကူညီပံ့ပိုးဖို့၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိတယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ဖြေရှင်းပေးဖို့ ပြောကြားခဲ့တယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ Heather Nauert က သတင်းထုတ်ပြန်ထားပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Rex Tillerson ဟာ ပြီးခဲ့တဲ့အပတ်ကလည်း ရခိုင်ပြည်နယ်မှာ အင်အားသုံး အကြမ်းဖက်တာတွေ ရပ်တန့်ဖို့ တောင်းဆိုခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org