MOGE ကို အမေရိကန်ပိတ်ဆို့အရေးယူမှု လုပ်သင့်တဲ့လုပ်ရပ်လို့ HRW ပြော

MOGE ဟာ မြန်မာစစ်တပ်အတွက် နိုင်ငံခြားငွေ အများဆုံး ရှာပေးနေတဲ့ အဖွဲ့အစည်းဖြစ်ပြီး တစ်နှစ်ကို ဒေါ်လာ တစ်ဘီလီယံလောက် ရှာပေးနေပါတယ်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်၏ ဂျပန်နိုင်ငံခရီးစဉ်မတိုင်ခင် ၂၀၂၂ ခုနှစ် မေလ ၂၂ ရက်နေ့က မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE)ကို ပိတ်ဆို့အရေးယူရန် တိုကျိုမြို့ရောက် မြန်မာနိုင်ငံသားများက အမေရိကန်အစိုးရအား ဆန္ဒပြတောင်းဆိုကြစဉ်။ Photo: AFP

မြန်မာစစ်ကောင်စီရဲ့ မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း MOGE ဘဏ္ဍာရေး လုပ်ငန်းတွေကို အမေရိကန်ပြည်ထောင်စုက ပိတ်ဆို့အရေးယူလိုက်တာဟာ စစ်ကောင်စီရဲ့ ပြည်သူအပေါ် သတ်ဖြတ်မှုတွေကို တားဆီးဖို့ လုပ်သင့်တာ ကြာလှပြီဖြစ်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေး အဖွဲ့ (HRW) က ထုတ်ပြန်ထားပါတယ်။

MOGE ဟာ မြန်မာစစ်တပ်အတွက် နိုင်ငံခြားငွေ အများဆုံး ရှာပေးနေတဲ့ အဖွဲ့အစည်းဖြစ်ပြီး တစ်နှစ်ကို ဒေါ်လာ တစ်ဘီလီယံလောက် ရှာပေးနေပါတယ်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီမှာ စစ်တပ်က အာဏာသိမ်းလိုက်ကတည်းက MOGE က ရတဲ့ ဝင်ငွေတွေဟာ မြန်မာနိုင်ငံအနှံ့မှာ စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ ကျူးလွန်နိုင်အောင် ကူညီနေခဲ့တာဖြစ်တယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အမေရိကန်နိုင်ငံဟာ အခြားစစ်တပ်က ထိန်းချုပ်ထားတဲ့ လုပ်ငန်းတွေကို SDN လို့ခေါ်တဲ့ ပစ်မှတ်ထား ပိတ်ဆို့အရေးယူတဲ့အထဲကို ထည့်ခဲ့ပေမဲ့ MOGE ကိုတော့ ထည့်သွင်းခဲ့တာ မဟုတ်ဘဲ အမေရိကန် နိုင်ငံသား နဲ့ ကုမ္ပဏီတွေ MOGE ကို ဘဏ္ဍာရေး ဝန်ဆောင်မှု ပေးတာကို တားမြစ်တဲ့အမိန့် ထုတ်ပြန်လိုက်တာ ဖြစ်တယ်လို့ ဆိုပါတယ်။

လက်ရှိအချိန်မှာ မြန်မာစစ်တပ်ကို ပိတ်ဆို့အရေးယူမှု အမျိုးမျိုး ချမှတ်ထားပေမဲ့ ထိရောက်တဲ့ ကြပ်မတ် အရေးယူမှု မရှိတဲ့အတွက် မြန်မာစစ်တပ်ဟာ နိုင်ငံခြားငွေရှာတာနဲ့ လက်နက်ဝယ်ယူတာတွေ ဆက်လုပ်နေနိုင်ပြီး အရပ်သားပြည်သူတွေကို သတ်ဖြတ်နေတာဖြစ်တယ်လို့ HRW ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အမေရိကန်ပြည်ထောင်စုဟာ MOGE ကို ပိတ်ဆို့အရေးယူလိုက်တဲ့အပြင် ဗြိတိန်၊ ကနေဒါတို့နဲ့ အတူ မြန်မာစစ်တပ်ကို အကူအညီပေးနေတဲ့သူတွေနဲ့ ကုမ္ပဏီတွေကိုလည်း ပိတ်ဆို့အရေးယူလိုက်တာ အပြုသဘောဆောင်တဲ့ ခြေလှမ်းတစ်ခု ဖြစ်ပါတယ်။

ဒီလိုအရေးယူလိုက်တာတွေကို မြန်မာ စစ်ခေါင်းဆောင်တွေဘက်က လျစ်လျူရှုလို့ မရတော့တဲ့ အခြေအနေ ရောက်လာဖို့အတွက်ကတော့ ချမှတ်ထားတဲ့ ပိတ်ဆို့အရေးယူမှုတွေကို လိုက်နာအောင် တိတိကျကျ စည်းကြပ်မှုနဲ့ မိတ်ဖက် နိုင်ငံတွေနဲ့ ညှိနှိုင်းဆောင်ရွက်မှုတွေ ဆက်ပြီး လုပ်ဖို့ လိုအပ်ပါလိမ့်မယ်လို့ HRW က တိုက်တွန်းထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org