အပြောင်းအလဲလုပ်တဲ့အခါ စိတ်ရှည်သည်းခံဖို့လိုကြောင်း သူရဦးရွှေမန်းပြော

မြန်မာနိုင်ငံဟာ နှစ်ပေါင်း ၅၀ ကျော်ကြာ စစ်အာဏာနဲ့ အုပ်ချုပ်လာခဲ့တာကြောင့် ရုတ်တရက် အပြောင်းအလဲလုပ်ရတဲ့အခါမှာ အခက်အခဲ ရှိကြောင်း စိတ်ရှည်သည်းခံကြဖို့ လိုအပ်ကြောင်း ပြည်သူ့ လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းက ဒီနေ့ပြောကြားလိုက် ပါတယ်။

ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းပုံ photo: RFA/ Win Naung Toe

မြန်မာနိုင်ငံဟာ နှစ်ပေါင်း ၅၀ ကျော်ကြာ စစ်အာဏာနဲ့ အုပ်ချုပ်လာခဲ့တာကြောင့် ရုတ်တရက် အပြောင်းအလဲ လုပ်ရတဲ့အခါမှာ အခက်အခဲရှိကြောင်း စိတ်ရှည်သည်းခံ ကြဖို့ လိုအပ်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်းက ဒီနေ့ပြောကြားလိုက်ပါတယ်။

ဒီနေ့ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေး အပြီးမှာ ပြည်သူ့လွှတ်တော်ဥက္ကဌ သူရ ဦးရွှေမန်းက သတင်းထောက်တွေနဲ့ သူ့ရဲ့ဧည့်ခန်းမဆောင်မှာ နာရီဝက်ကြာတွေ့ ဆုံခဲ့ပြီး သတင်းထောက်တွေ ရဲ့ မေးမြန်းချက်တွေကို ဖြေကြားခဲ့တာပါ။

"စိတ်ရှည်မယ်၊ သည်းခံမယ် ဒါပေမယ့် ပြောင်းလဲစရာရှိတာကိုတော့ ကိုယ့်ဘက်ကပြောင်းလဲရမယ်၊ စိတ်ပိုင်းဆိုင်ရာပြီးတော့ ရုပ်ပိုင်းဆိုင်ရာတွေ ဖြစ်ပေါ်လာဖို့အတွက် ကြိုးစားရမှာကတော့ သက်ဆိုင်ရာဝန်ကြီးဌာနတွေ၊ လွှတ်တော်ဘက်က၊ ပြည်သူဘက်ကပါဝင်ရင် ဖြစ်နိုင်တဲ့သဘောရှိတယ်"

ဒါ့အပြင် အပြောင်းအလဲကာလမှာ ဒီမိုကရေစီစနစ်ရဲ့ စတုတ္ထမဏ္ဍိုင်ဖြစ်တဲ့ သတင်းမီဒီယာတွေအနေနဲ့လည်း မှန်မှန်ကန်ကန် ဝေဖန်ထောက်ပြဖို့ လိုအပ်တယ်လို့လည်း သူရဦးရွှေမန်းက ပြောသွားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org