နေပြည်တော်မှာ မြို့နယ် စစ်မှုထမ်းဟောင်းဥက္ကဋ္ဌ ပစ်သတ်ခံရ

2022.01.19
နေပြည်တော်မှာ မြို့နယ် စစ်မှုထမ်းဟောင်းဥက္ကဋ္ဌ ပစ်သတ်ခံရ တပ်ကုန်းမြို့နယ်က စစ်မှုထမ်းဟောင်းအဖွဲ့ရုံးကို တွေ့ရစဥ်
Photo: Citizen Journalist

နေပြည်တော် တပ်ကုန်းမြို့နယ်ရဲ့ စစ်မှုထမ်းဟောင်းဥက္ကဋ္ဌ အငြိမ်းစားဗိုလ်ကြီး ဦးသိန်းမြင့် ဟာ ဇန်နဝါရီလ ၁၆ ရက်နေ့က သေနတ်နဲ့ ပစ်ခတ်ခံရပြီး သေဆုံးခဲ့တယ်လို့ ဒေသခံတွေ က ပြောပါတယ်။

Fight For Justice – Tatkon အဖွဲ့ကတော့ ဒါဟာ သူတို့လက်ချက်ဖြစ်ပြီး ဦးသိန်းမြင့်ဟာ ပျူစောထီးအဖွဲ့မှာ တာဝန်ကြီးကြီးယူထားပြီး အဖွဲ့ဝင်တွေကိုလည်း လျှို့ဝှက်ထောက်ပံ့ ပေးနေတာဖြစ်လို့ ရှင်းလင်းရတာဖြစ်ကြောင်း ဇန်နဝါရီလ ၁၇ ရက်နေ့မှာ ထုတ်ပြန်ထား ပါတယ်။

ဦးသိန်းမြင့်ဟာ တပ်ကုန်းမြို့ ဗိုလ်မင်းရောင်ရပ်ကွက်က “သိန်းနီစံ” မုန့်ဖိုပိုင်ရှင်ဖြစ်ပြီး သေနတ်နဲ့ ပစ်ခတ်ခံရပြီးနောက် တပ်ကုန်းမြို့နယ် ဆေးရုံအရောက်မှာ သေဆုံးသွားတယ် လို့ ဒေသခံတွေက ပြောပါတယ်။

ဇန်နဝါရီလ ၁၆ ရက်နေ့ညနေ ပိုင်းမှာပဲ ဦးသိန်းမြင့်ရဲ့ နေအိမ်ကို စစ်တပ်အရာရှိကြီးတစ်ဦး နာရေးသတင်း လာမေးချိန်မှာလည်း နေအိမ်အနီး ဗုံးပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပြီး ထိခိုက် ဒဏ်ရာရတာမျိုးတော့မရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။

၂၀၂၁ ခုနှစ် စက်တင်ဘာလတုန်းကလည်း နေပြည်တော် ဥတ္တရသီရိမြို့နယ် မောင်ရမ်း ကျေးရွာက စစ်ကောင်စီသတင်းပေးလို့ စွပ်စွဲခံရသူ ဒေါ်ခင်မာဌေး ကိုလည်း ဗိဿနိုး ပြည်သူ့ကာကွယ်ရေးတပ်မတော်က သေနတ်နဲ့ ပစ်သတ်ခဲ့တဲ့ဖြစ်စဉ်တွေရှိခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။