ရေဦးမှာ စစ်ကြောင်းထိုးလို့ ဒေသခံငါးထောင်နီးပါး ထွက်ပြေးရ

RFA Burmese
2024.01.27
ရေဦးမှာ စစ်ကြောင်းထိုးလို့ ဒေသခံငါးထောင်နီးပါး ထွက်ပြေးရ စစ်ကိုင်းတိုင်း ရေဦးမြို့နယ်အနောက်ခြမ်းတွင် စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေသဖြင့် ထွက်ပြေးနေကြရသည့် ဒေသခံများအား ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက်နေ့က တွေ့ရစဉ်။
People's Defense Comrade

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ် မြောက်ဘက်ခြမ်းကရွာတွေကို စစ်ကောင်စီတပ်က ဇန်နဝါရီလ ၂၆ ရက်ကစလို့ စစ်ကြောင်းထိုးနေတာကြောင့် ရွာပေါင်းရှစ်ရွက အရပ်သားငါးထောင်နီးပါး အိုးအိမ်စွန့်ခွာထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖိန်းကား၊ ဖန်ခါးစဉ်၊ အုန်းနပေါင်း၊ ပန်းကုံး၊ ဆပ်သေ၊ အင်တော၊ ပုန်းတကား၊ ချောင်းရိုး ရွာတွေက ဒေသခံတွေ ထွက်ပြေးနေရတာပါ။

အင်အား တစ်ရာကျော်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ပန်းကုန်းရွာနဲ့ ဆပ်သေရွာမှာ တပ်စွဲထားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

"ပန်းကုံးရွာနဲ့ ဆပ်သေရွာက ပြောမယ်ဆို ရေဦး-တန့်ဆည်ကားလမ်းဘေးမှာပဲ ရှိတာဗျ။ အဲဒီရွာနှစ်ရွာမှာ နှစ်ဖွဲ့ခွဲပြီး တပ်စွဲထားကြတာပေါ့"

အခုစစ်ကြောင်းဟာ စစ်ကောင်စီ ခြေမြန်တပ်ရင်း ခမရ - ၇၀၈ ကဖြစ်ပြီး ရေဦးမြို့နယ်အတွင်းကို ဇန်နဝါရီလ ၁၅ ရက်ကတည်းက ဝင်ရောက်လာတာပါ။

ကျေးရွာတွေကို ဝင်ရောက်စီးနင်းတာနဲ့ပတ်သက်လို့ စစ်ကိုင်းတိုင်း၊ စစ်ကောင်စီပြောခွင့်ရသူ ဦးစိုင်းနိုင်နိုင်ကျော်ကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေကြားတာမရှိပါဘူး။

ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး(UNOCHA) ရဲ့ စာရင်းတွေအရ အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝန်းမှာ စစ်ဘေးဒုက္ခသည် ၂.၆ သန်းကျော်အထိ ရှိလာပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။