စစ်ကောင်စီကို လေယာဉ်ဆီ ပိတ်ဆို့ဒဏ်ခတ်ဖို့ လူ့အခွင့်အရေးအဖွဲ့တွေ တိုက်တွန်း
RFA Burmese
2023.03.09
2023.03.09

စစ်အာဏာသိမ်းပြီး နှစ်နှစ်အကြာမှာ ပြည်သူ့ကာကွယ်ရေးတပ်တွေရဲ့ လက်နက်ကိုင်ခုခံမှု မြင့်တက်လာတာနဲ့ အမျှ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကလည်း နှစ်ဆကျော် မြင့်တက်လာပါတယ်။
ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မရှင်နာရုံးရဲ့ မတ်လ ၃ ရက် အစီရင်ခံစာအရ အာဏာစသိမ်းတဲ့ ၂၀၂၁ ခုနှစ်မှာ လေကြောင်းတိုက်ခိုက်မှု ၁၂၅ ကြိမ်ပဲ ရှိခဲ့ရာကနေ ၂၀၂၂ ခုနှစ်မှာ ၃၀၁ ကြိမ်ထိ နှစ်ဆကျော် မြင့်တက်လာပါတယ်။

စစ်ကောင်စီကို လေယာဉ်ဆီရောင်းချနေတဲ့ ကုမ္ပဏီကြီးတွေကအစ လေယာဉ်ဆီ သယ်ယူပေးနေတဲ့ ကုမ္ပဏီတွေနဲ့ အာမခံကုမ္ပဏီတွေအဆုံး ပိတ်ဆို့ဒဏ်ခတ်အရေးယူဖို့ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ ( AI)၊ Global Witness နဲ့ Burma Campaign (UK) တို့က မတ်လ ၁ ရက်နေ့က အစီရင်ခံစာထုတ်ပြီး တိုက်တွန်းထားပါတယ်။
အဲဒီ အစီရင်ခံစာမှာ မြန်မာစစ်တပ်ကို လေယာဉ်ဆီတင်ပို့နေတဲ့ ကုမ္ပဏီတွေထဲမှာ အာရှနဲ့ ဥရောပကုမ္ပဏီတွေ အများဆုံး ပါဝင်တယ်လို့ ဆိုပါတယ်။ အိန္ဒိယနိုင်ငံ Sikka ဆိပ်ကမ်းတစ်ဆင့် ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၂၂ ရက်နေ့က ထွက်ခွာလာတဲ့ ရေနံတင်သင်္ဘော Prime V ဟာ Jet A-1 သုံး လောင်စာဆီတွေကို မြန်မာနိုင်ငံ သီလဝါဆိပ်ကမ်းရှိ Puma Energy Aviation Sun (PEAS) ဂိတ်ဟောင်းကို သုံးပတ်ခန့်အကြာမှာ ရောက်လာခဲ့တယ်လို့ ဖော်ပြထားပါတယ်။
၂၀၂၂ ခုနှစ် အောက်တိုဘာလ အစောပိုင်းတုန်းကလည်း ထိုင်းနိုင်ငံ ဘန်ကောက်ဆိပ်ကမ်းက ထွက်ခွာလာတဲ့ Bangchak ရေနံချက်စက်ရုံပိုင် ရေနံတင်သင်္ဘော Big Sea 104 ဟာ တစ်ပတ်ခန့်အကြာမှာ ရန်ကုန် သီလဝါဆိပ်ကမ်းကို ဆိုက်ကပ်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီသင်္ဘောဟာ Jet A-1 သုံးလောင်စာဆီ ၁၂,၅၉၂ တန်ကို တင်ပို့ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
စစ်ကောင်စီလေတပ်ဟာ အဲဒီလို တင်ပို့မှုကနေရရှိတဲ့ လေယာဉ်ဆီတွေကို အသုံးပြုပြီး ချင်းပြည်နယ်က ခုခံမှုအားကောင်းတဲ့ ဒေသတွေကို လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်နေတယ်လို့ ထန်တလန် CDF တပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။
“Mi-35 က ကျတော့ ကလေးမြို့ကနေ တက်လာပြီးတော့ လာကြဲလေ့ ရှိတယ်။ နီးနီးလေးဆိုတော့ အချိန်တိုင်းပေါ့နော်၊ ခဲယမ်းတွေ လာချချင်တာပဲ ဖြစ်ဖြစ်၊ လူချချင်တာပဲ ဖြစ်ဖြစ် အဲဒီလိုမျိုးဆိုရင်တော့ Mi-17 လာပြီး သူက (Mi-35) က လုံခြုံရေး ယူပေးတယ်။ Jet Fighter ကတော့ ထန်တလန်မြို့ပေါ်ရဲ့ တိုက်ပွဲအခြေအနေကို ကြည့်ပြီးမှ လာကြဲလေ့ရှိတယ်။ ကျန်တဲ့အချိန်တိုင်းမှာ နေ့နေ့ညည လာကြဲလေ့ရှိတယ်”

၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁ ရက်ကနေ ဖေဖော်ဝါရီလကုန်အထိ စစ်ကောင်စီတပ်နဲ့ ချင်းပြည်သူ့ကာကွယ်ရေးတပ် CDF အကြား နှစ်လကြာဖြစ်ပွားတဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုပေါင်း ၉၅ ကြိမ် လုပ်ခဲ့တယ်လို့ သူက ဆိုပါတယ်။
စစ်ကောင်စီလေတပ်ဟာ လက်နက်ကိုင်ခုခံမှု အားကောင်းတဲ့ ကယားပြည်နယ်မှာလည်း အရပ်သားပစ်မှတ်၊ လက်နက်ကိုင်ပစ်မှတ် မခွဲခြားဘဲ လေကြောင်းကနေ သာလွန်အင်အားနဲ့ ချေမှုန်းနေတယ်လို့ ကရင်နီအစိုးရ ပြည်ထဲရေးဝန်ကြီး ခူညေးရယ်က ပြောပါတယ်။
“သူတို့ကတော့ အဲဒီလို မခွဲခြားတော့ဘူး။ ဒါက တော်လှန်ရေးအင်အားစုတွေ နေတဲ့နေရာ၊ ဒါက လူထုနေရာ ဆိုတဲ့ဟာမျိုး သူတို့ မခွဲခြားတော့ဘူး။ အကုန်လုံးကို ရန်သူလို့ပဲ အဲဒီလို သတ်မှတ်လိုက်တဲ့ သဘောမျိုး။ ဥပမာ လူထုရှိတဲ့နေရာမှာ တော်လှန်ရေးအင်အားစု ရှိတယ်လို့ပဲ တွက်လားမသိဘူး။ သတင်းရပြီဆိုရင် ရွာကိုလာပြီး ပစ်တာတွေလည်း အများကြီးရှိပေါ့။ အဲဒါကတော့ နေ့စဉ် နေ့တိုင်းလိုပါပဲ”
အာဏာသိမ်း နှစ်နှစ်အတွင်း စစ်ကောင်စီတပ်က ကယားပြည်နယ်မှာ လေကြောင်း တိုက်ခိုက်မှုပေါင်း ၁၉၇ ကြိမ် လုပ်ခဲ့ပြီး စာသင်ကျောင်း၊ ဆေးရုံနဲ့ ခရစ်ယာန် ဘုရားကျောင်းတွေပါ မကျန် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ တိုးတက်သောကရင်နီ ပြည်သူ့အင်အားစု (PKPF) ရဲ့ မတ်လ ၁ ရက် ထုတ်ပြန်ချက်က ဖော်ပြပါတယ်။
ကရင်နီနဲ့ ချင်းပြည်နယ် ပြည်သူ့ကာကွယ်ရေးတပ်တွေ ပြောဆိုတဲ့ လေကြောင်းတိုက်ခိုက်မှု အကြိမ်အရေအတွက်နဲ့ ပတ်သက်ပြီး RFA က သီးခြား အတည်ပြုနိုင်ခြင်း မရှိပါဘူး။
စစ်ကောင်စီရဲ့ ပြောခွင့်ရသူတွေထဲက တစ်ဦးဖြစ်တဲ့ ကရင်ပြည်နယ် စီးပွားရေးဝန်ကြီး ဦးစောခင်မောင်မြင့်ကတော့ စစ်ကောင်စီတပ်က အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်တာမျိုး မရှိပေမယ့် ပြည်သူနဲ့ PDF ရောထွေးနေရင်တော့ မလွှဲသာမရှောင်သာ ထိခိုက်တာမျိုးတွေ ရှိတယ်လို့ ဖေဖော်ဝါရီလ ၁၅ ရက်နေ့က RFA ကို ဖြေဆိုခဲ့ဖူးပါတယ်။။

“ပြည်သူတွေကိုတော့ လုံးဝ Target (ပစ်မှတ်) မထားပါဘူး။ PDF ပေါ့။ အဲဒီအကြမ်းဖက် အဖွဲ့အစည်းကို အဓိကထားပြီး တိုက်ခိုက်တာပါ။ အကယ်၍များ ခုနက အုတ်ရောရော၊ ကျောက်ရောရော မသိလိုက်လို့ ပြည်သူတွေကြားမှာ ရောနှောပြီးတော့ ရှိနေရင်တော့လည်း မလွဲသာမရှောင်သာ ထိခိုက်တာမျိုး ရှိနိုင်ပါတယ်။ ဒါပေမဲ့ အတက်နိုင်ဆုံးတော့ ပြောရရင် လေယာဉ်မှာလည်း ကောာင်းကောင်းလေးမြင်ရတဲ့ Night Vision (ညကြည့်မြင်ကွင်း) တွေ ဘာတွေလည်း ရှိတယ်ဆိုတော့ အရပ်သား၊ စစ်သား၊ PDF တို့ ဘာညာဆိုတာ ကောင်းကောင်းခွဲခြားလို့ ရပါတယ်”
နိုင်ငံတစ်ဝန်း လက်နက်ကိုင် ခုခံမှုတွေ မြင့်တက်လာတာနဲ့အမျှ စစ်ကောင်စီ လေတပ်က သာလွန်အင်အားနဲ့ တိုက်ခိုက်ချေမှုန်းဖို့အတွက် အမြဲ အသင့်ပြင်ထားလိမ့်မယ်လို့ လေတပ်ကနေ (CDM) လုပ်လာတဲ့ ဗိုလ်ကြီး ဇေသူအောင်က ပြောပါတယ်။
“မြန်မာတစ်နိုင်ငံလုံးကနေပြီးတော့မှ အကြမ်းဖက် စစ်ကောင်စီကို တွန်းလှန်တိုက်ခိုက်နေတာ ဖြစ်တဲ့အတွက် သူ့ရဲ့လေယာဉ်အားလုံးကလည်း Stand-by (အသင့်) ဖြစ်နေတယ်။ လေယာဉ်ပျံတက်သွားပြီးမှ ပြန်ရောက်ပြီဆိုရင်လည်း သူတို့ တစ်ခါတည်း တန်းပြီး ဆီဖြည့်မယ်။ လိုအပ်တဲ့ လက်နက်ခဲယမ်းတွေ တပ်ဆင် အသင့်ပြင်ထားလိမ့်မယ်၊ သူတို့ အဲဒီနေရာမှာပဲ ရှိနေမှာပေါ့နော်။ အနောက်မှာရှိတဲ့ သူရဲ့ Back-up နိုင်ငံတွေဖြစ်တဲ့ တရုတ်နဲ့ ရုရှား ရှိတဲ့အတွက် လေယာဉ်တွေနဲ့ ပတ်သက်တဲ့ ပစ္စည်းတွေ၊ ဒါတွေကတော့ ရောက်နေမှာပဲပေါ့နော်၊ ဆီက အစပေါ့”
နိုင်ငံတကာရဲ့ အရေးယူပိတ်ဆို့မှုတွေဟာ စစ်ကောင်စီလေတပ်ကို အတိုင်းအတာတစ်ခုအထိ ထိရောက်နိုင်ပေမယ့် စစ်တပ်ကိုထောက်ခံနေတဲ့ အင်အားကြီး နိုင်ငံတွေလည်း ရှိနေတာကြောင့် အပြည့်အဝ ထိရောက်ဖို့တော့ ခက်ခဲလိမ့်မယ်လို့ သူက ဆိုပါတယ်။
နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ အပါအဝင် လူ့အခွင့်အရေးအဖွဲ့တွေရဲ့ မတ်လ ၁ ရက် အစီရင်ခံစာမှာတော့ ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၂၂ ရက်က အိန္ဒိယနိုင်ငံ Sikka ဆိပ်ကမ်းကနေ ရန်ကုန် သီလဝါဆိပ်ကမ်းကို လေယာဉ် ဆီတင်ပို့ခဲ့တဲ့ကိစ္စမှာ ဥရောပတိုက်က ဂရိကုမ္ပဏီ Sea Trade Marine နဲ့ ဂျပန်ကုမ္ပဏီ P&I Club တို့ ပါဝင်နေတယ်လို့ ဖော်ပြထားပါတယ်။
ဆွဇ်ဇာလန်အခြေစိုက် Puma Energy မြန်မာနိုင်ငံကနေ ပြန်ထွက်ခွာတဲ့ခါ သူ့ရဲ့လုပ်ငန်းတွေကို မြန်မာစစ် ဗိုလ်ချုပ်တွေနဲ့ နီးစပ်တဲ့ Shoon Energy ကုမ္ပဏီက ဝယ်ယူထားပြီး စစ်ကောင်စီလေတပ်ထံ လေယာဉ်ဆီတွေ ဖြန့်ဖြူးပေးနေတယ်လို့လည်း ဖော်ပြထားပါတယ်။

"Jet Fighter ကတော့ ထန်တလန်မြို့ပေါ်ရဲ့ တိုက်ပွဲအခြေအနေကို ကြည့်ပြီးမှ လာကြဲလေ့ရှိတယ်။"
Shoon Energy ဟာ မူလက Asia Sun အမည်နဲ့ လုပ်ကိုင်နေတာဖြစ်ပြီး ၂၀၂၃ ခုနှစ် အစောပိုင်းမှာ ဗြိတိန်နဲ့ ဥရောပသမဂ္ဂတို့က Asia Sun အုပ်စုနဲ့ ဆက်နွယ်တဲ့ ကုမ္ပဏီမှန်သမျှကို အရေးယူပိတ်ဆို့ချိန်မှာ Shoon Energy အဖြစ် နာမည်ပြောင်းထားတာလို့ ဆိုပါတယ်။
မြန်မာစစ်တပ်ကို လေယာဉ်ဆီ ဖြန့်ဖြူးပေးနေတယ်ဆိုတဲ့ ကိစ္စနဲ့ပတ်သက်ပြီး Shoon Energy ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်တဲ့အခါ ကုမ္ပဏီမှားနေတယ်လို့သာ ဝန်ထမ်းတစ်ဦးက ပြန်လည်ဖြေဆိုပါတယ်။
စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ လျော့နည်းသွားဖို့အတွက် လေယာဉ်ဆီ တင်ပို့နေတဲ့ ပြည်တွင်း၊ ပြည်ပ ကုမ္ပဏီအားလုံးကို ထိထိရောက်ရောက် အရေးယူသင့်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သမ္မတရုံးပြောခွင့်ရ ဦးကျော်ဇော်က ပြောပါတယ်။
“Sanctions (အရေးယူ ဒဏ်ခတ်မှုတွေ) ကို ထိထိရောက်ရောက်နဲ့ နိုင်ငံတကာက အရေးယူဖို့ လိုအပ်နေတယ်။ လေယာဉ်ဆီတွေကို သွင်းနေတဲ့ ကုမ္ပဏီတွေ နည်းလမ်းမျိုးစုံနဲ့ နာမည်ပြောင်းတာတို့၊ Sanction မရှိတဲ့နေရာက လှည့်ပြီးလုပ်တာတို့ လုပ်နေတာ တွေ့ရပါတယ်။ ဒါကြောင့် လေယာဉ်ပျံဆီ တင်သွင်းတာ ရပ်တန်းက ရပ်ဖို့အတွက်ကို နိုင်ငံတကာကနေ Coordinated Sanctions (နိုင်ငံတကာက ညှိနှိုင်းအရေးယူမှုတွေ) တိတိကျကျနဲ့ အရေးယူပြီးတော့ လုပ်ဆောင်သင့်တယ်ဆိုတာ ပြောကြားချင်ပါတယ်”
မတ်လ ၃ ရက် ကုလသမဂ္ဂလူ့အခွင့်အရေးကော်မရှင်မင်းကြီးရုံး အစီရင်ခံစာမှာ နိုင်ငံတစ်ဝန်းက မြို့နယ်ပေါင်း ၃၃၀ အနက် ၂၅၅ မြို့နယ်မှာ လက်နက်ကိုင်ပဋိပက္ခတွေဖြစ်နေပြီး စစ်တပ် အာဏာသိမ်းထားတဲ့ နှစ်နှစ်အတွင်း လူ သုံးထောင်နီးပါး သေဆုံးခဲ့ကြောင်း ဖော်ပြထားပါတယ်။
မြန်မာစစ်တပ်က စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတာကို သိရဲ့နဲ့တောင် ကုမ္ပဏီတွေက မြန်မာစစ်တပ်ထံ လေယာဉ်ဆီ ဆက်လက်တင်ပို့နေတာကြောင့် နိုင်ငံတကာအသိုက်အဝန်းက ဒါကို မဖြစ်မနေ အရေးယူ ဆောင်ရွက်ရမယ်လို့ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI)၊ Global Witness နဲ့ Burma Campaign (UK) တို့က မတ်လ ၁ ရက်နေ့ အစီရင်ခံစာမှာ တိုက်တွန်းထားပါတယ်။