မွန်နိုင်ငံရေးခေါင်းဆောင် နိုင်ငွေသိမ်း ကွယ်လွန်ခြင်း
2018.10.03
ကိုလိုနီခေတ်ဦးက စပြီး တော်လှန်ရေးသမား၊ နိုင်ငံရေးသမားအဖြစ် ဘဝတွေ ဖြတ်သန်းခဲ့တဲ့ မွန်အမျိုးသား နိုင်ငံရေးခေါင်းဆောင် ဦးနိုင်ငွေသိမ်းဟာ ရန်ကုန် ရန်ကင်းမြို့နယ်ကနေအိမ်မှာ ၂ဝ၁၈ အောက်တိုဘာလ ၂ ရက်နေ့က ကွယ်လွန်ခဲ့ပါတယ်။
ဦးနိုင်ငွေသိမ်း ကွယ်လွန်ခဲ့တာဟာ မွန်အမျိုးသားတွေ အတွက်သာမက တိုင်းရင်းသားအားလုံးအတွက် ဆုံးရှုံးမှုဖြစ်တယ်လို့ သူနဲ့ လက်တွဲလုပ်ကိုင်ခဲ့တဲ့ နိုင်ငံရေးသမားတွေက ပြောကြပါတယ်။
RFA သတင်းထောက် ကိုကျော်လွင်ဦး ပေးပို့ထားတာကို ကိုကျော်ထွန်းနိုင် တင်ပြထားပါတယ်။