ရိုဟင်ဂျာတွေအပေါ် ခွဲခြားဆက်ဆံမှု ကုလအကြီးအကဲ ဝေဖန်ပြောကြား


2018.10.03
မြန်မာနိုင်ငံမှာ ရိုဟင်ဂျာတွေအပေါ် ခွဲခြားဆက်ဆံမှုတွေဟာ အကြမ်းဖက်ဝါဒကို အားပေးရာရောက်နိုင်ကြောင်း အင်္ဂါနေ့က အိန္ဒိယနိုင်ငံ ခရီးစဉ်အတွင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres က ပြောကြားလိုက်ပါတယ်။ ဒီအတွက်လည်း မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းဖြစ်တဲ့ အိန္ဒိယနိုင်ငံအနေနဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေအတွက် လူသားချင်းစာနာမှု အကူအညီတွေ ထောက်ပံ့ရင်း ပြန်လည်သင့်မြတ်ရေးအတွက် မြန်မာအစိုးရကို တိုက်တွန်းဖို့ အရေးကြီးကြောင်းလည်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က အကြံပြုခဲ့တာပါ။ အပြည့်အစုံကို မနန္ဒာချမ်း က ဆက်ပြောပြပါမယ်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။