သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-08-15
အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်နဲ့ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်း တို့ စကား စစ်ခင်းနေကြတဲ့ကိစ္စ အရှိန်မြင့်သထက် မြင့်လာလို့ နှစ်နိုင်ငံ စစ်ဖြစ်လာမလားလို့ စိုးရိမ်ပူပင်တွေ အများအပြား ပေါ်ထွက်ခဲ့ပါတယ်။
2017-08-15
ပြီးခဲ့တဲ့ တပတ်က မြန်မာ့လျှပ်စစ်စွမ်းအင် ပြဿနာအကြောင်း ပထမပိုင်းကို တင်ပြခဲ့ပါတယ်။
2017-08-15
ရခိုင်ပြည်နယ်တွင်း ဒေသတည်ငြိမ်ရေးနဲ့ လုံခြုံရေးအမြန်ရဖို့ အဓိက လိုအပ်နေတယ်လို့ ထောက်ပြနေကြပါတယ်။
2017-08-11
ထိုင်းနိုင်ငံမှာ မြန်မာ၊ လာအိုနဲ့ ကမ္ဘောဒီးယားနိုင်ငံ တို့က အမျိုးသား၊ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေ ဘယ်လို ဘယ်ပုံ လူကုန်ကူးခံရတယ် ဘယ်လို အဖြစ်မျိုးတွေ ကြုံတွေ့နေကြရတယ် ဆိုတာတွေနဲ့ ပတ်သက်ပြီး လူကုန်ကူးမှုဆိုင်ရာ အစီရင်ခံစာကို UNODC ကုလသမဂ္ဂ မူးယစ်ဆေးနဲ့ ဒုစရိုက် ကာကွယ်ရေးအဖွဲ့နဲ့ ထိုင်းနိုင်ငံအခြေစိုက် T.I.J. တရားဥပဒေသိပ္ပံတို့က ပူးပေါင်းထုတ်ဝေလိုက် ပါတယ်။
2017-08-07
ရာသီဥတုပြောင်းလဲလို့ ဖြစ်လာတဲ့ ပင်လယ်ရေ မျက်နှာပြင် မြင့်တက်လာတာကို ကမ္ဘာ့ ချမ်းသာ တဲ့နိုင်ငံတွေဟာ တာရိုးတွေ၊ တမံတွေ၊ နံရံတွေနဲ့ ကာကွယ်နိုင်ပေမယ့် ဝင်ငွေနည်းတဲ့ နိုင်ငံတွေမှာ ဒါမျိုးလုပ်ဖို့ စိတ်ကူးတောင်ရှိမှာ မဟုတ်ဘူးလို့ အမေရိကန် ဒုတိယ သမ္မတဟောင်း Al Gore က ပြောတဲ့အကြောင်းနဲ့ မြန်မာနိုင်ငံမှာ လူ ၆ သန်းလောက် မြစ်ရိုးချောင်းရိုးတွေမှာ နေထိုင်နေတဲ့ အတွက် ပတ်ဝန်းကျင်ပျက်စီးတဲ့ ဒဏ်ခံရတာကို အလေးအနက်မထားလို့ မရတဲ့အကြောင်း ဒေါ် စမ်းစမ်းတင်က တင်ပြထားပါတယ်။
2017-08-04
ဇူလိုင်လဆန်းပိုင်းကတည်းက စတင်ခဲ့တဲ့ တိုင်းနဲ့ပြည်နယ်အတော်များများမှာ ရေလွှမ်းမိုး မှုကြောင့် အခု သြဂုတ်လဆန်းပိုင်းမှာတော့ တစ်နိုင်ငံလုံးက လယ်ယာမြေဧက ၅ သိန်းကျော်ရေမြုပ်ခဲ့ပါပြီ။
2017-08-03
အမျိုးသားလွှတ်တော်မှာ မနေ့က အတည်ပြုလိုက်တဲ့ ၆၆ ( ဃ ) ဆက်သွယ်ရေးဥပဒေ ပြင်ဆင်ချက်နဲ့ ပတ်သက်လို့ မဲခွဲရာမှာ ရှုပ်ထွးမှုတွေရှိတယ် လို့ ဝေဖန်တာတွေရှိသလို၊ ဝန်ကြီးဌာနက ချပေးလိုက်တဲ့အတိုင်း အတည်ပြုလိုက်တာကို လည်း ပြည်သူ့အသံမပါဘဲ ဆောင်ရွက်လိုက် တာဖြစ်တယ်လို့ သုံးသပ်တာတွေလည်းရှိနေတဲ့ အတွက် ပြည်သူ့လွှတ်တော်မှာ ဆက်လက်ဆွေးနွေး ရဦးမယ်လို့ သိရပါတယ်။
2017-08-03
လက်ရှိမြန်မာနိုင်ငံရဲ့ ဒီမိုကရေစီတည်ဆောက်ရေး လုပ်ငန်းစဉ်တွေမှာ အဓိက ကဏ္ဍကပါဝင်နေတဲ့ စာနယ်ဇင်း လွတ်လပ်ခွင့်ဟာ အကြောင်းပြချက်မျိုးစုံနဲ့ ထိပါးခံနေရပြီး လက်ရှိအာဏာရအစိုးရနဲ့ အာဏာရပါတီရဲ့ ရပ်တည်ချက် သဘောထားတွေကြောင့်လည်း အခြေအနေတွေဟာ ပိုပြီးဆုတ်ယုတ်သွားမယ့် အနေအထားကို ရောက်ရှိနေပါတယ်။
2017-08-01
သတင်းထောက်တွေကို သူရေးလိုက်တဲ့သတင်းအတွက်မဟုတ်ဘဲ လုပ်ရပ်နဲ့မဆိုင်တဲ့စွပ်စွဲချက်တွေနဲ့ ဖမ်းဆီးပြီး ပုဒ်မအမျိုးမျိုးနဲ့တရားစွဲနေတဲ့အခြေအနေဟာ ဒီမိုကရေစီနိုင်ငံသစ်ကို တည်ဆောက်နေတယ်ဆိုတာ သက်သေပြဖို့ခက်နေသလို၊ တရားစီရင်ရေးကိုလည်း ဂုဏ်သိက္ခာထိခိုက်စေတယ်လို့ သုံးသပ်ပြောဆို ကြပါတယ်။
2017-08-01
စစ်ဘက်ရာထူး အဆင့်အခေါ်အဝေါ် သုံးစွဲမှုတွေကို တပ်မတော်ဘက်က သဘောထားထုတ်ပြန်ပြီး ကန့်သတ်လိုက်တာဟာ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့တွေနဲ့ တပ်မတော်ကြား ယုံကြည်မှုကို ထိခိုက်စေနိုင်တယ်ဆိုတဲ့ အမြင်နဲ့ သုံးသပ်ချက်တွေ ရှိနေပါတယ်။
2017-07-30
ရေဘေးကယ်ဆယ်ရေးလုပ်ငန်း နှစ်တိုင်း ကြုံနေရ တာတွေ၊ ရေစီမံခန့်ခွဲရေး စနစ်ကောင်းမွန်ဖို့ လိုအပ်တာတွေ၊ မြစ်ချောင်းတွေ တိမ်ကော ပြီး ရေကြီးရေလျှံရတာတွေနဲ့ သစ်တောပြုန်းတီးမှု ဆက်စပ်ပုံတွေကို ဒေါ်စမ်းစမ်းတင်က တင်ပြထား ပါတယ်။
2017-07-29
မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့မှာ နေအိမ်တစ်လုံး ဆောက်လုပ်နေတာကို မနေ့က လူစုလူဝေးနဲ့ ဗလီဆောက်နေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖြိုချဖျက်ဆီးဖို့တောင်းဆိုကြတဲ့အတွက် မြို့နယ် တာဝန်ရှိသူတွေက ဖြိုချလိုက်ကြပါတယ်။
2017-07-28
မြန်မာနိုင်ငံက ပြည်နယ်နဲ့ တိုင်း ၉ ခုမှာ ရေဘေး ဒဏ်ခံနေရပြီး လူပေါင်း ၃ သိန်းကျော် ဘေးလွတ် ရာ ပြောင်းရွှေ့နေရသလို လယ်ဧကပေါင်း သိန်းနဲ့ချီပြီး ရေနစ်မြုပ်ပျက်စီးနေပြီဖြစ်ပါတယ်။
2017-07-26
မြန်မာမှာရော ကမ္ဘာမှာပါ ကြုံနေရတဲ့ ပလတ်စတစ်ပြဿနာနဲ့ ပလတ်စတစ် လျှော့သုံးနည်း ၊ ပြန်လည်သုံးဖို့ စတဲ့ နည်းတွေနဲ့ ပလတ်စတစ် အမှိုက်နည်းပါးအောင် လုပ်နိုင်တဲ့နည်းတွေ ကို ဒေါ်စမ်းစမ်းတင်က စုစည်းတင်ပြထားပါတယ်။
2017-07-25
မြန်မာနိုင်ငံမှာ လတ်တလောဖြစ်ပွားနေတဲ့ H1N1 ရာသီတုတ်ကွေး ရောဂါနဲ့ ပတ်သက်ပြီး ပြည်သူတွေ ကြား စိုးရိမ်နေကြတဲ့ အခြေအနေနဲ့ ဒီရောဂါနဲ့ ပတ်သက်ပြီး သတိထားဆင်ခြင်သင့်တာတွေ အကြောင်း RFA အဖွဲ့သူ မခင်ခင်အိ တင်ပြထားတာ နားဆင်နိုင်ပါတယ်။