သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-08-05
ဧရာဝတီနဲ့ ချင်းတွင်းမြစ်ရေ စိုးရိမ်ရေမှတ်ထက် ကျော်လွန်မြင့်တက်မှုကြောင့် တိုင်းဒေသကြီးနဲ့ ပြည်နယ် ၆ ခုမှာ ဒီကနေ့အထိ ရွှေ့ပြောင်းရတဲ့ ရေဘေးဒုက္ခသည် ဦးရေ ၁ သိန်း ၇ သောင်းကျော် ရှိနေပါတယ်။
2016-08-05
ပြည်ပမှာ အိမ်အကူအဖြစ် တရားမဝင်သွားရောက် လုပ်ကိုင်နေသူတွေကို ဥပဒေအရ စောင့်ရှောက် ပေးနိုင်ဖို့အတွက် လုပ်ဆောင်ပေးနေတယ်လို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဦးစီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောပါတယ်။
2016-08-04
ဒေါ်အောင်ဆန်းစုကြည်အပေါ် IS အကြမ်းဖက်အဖွဲ့ရဲ့ ခြိမ်းခြောက်မှုနဲ့ ပတ်သက်လို့ NLD နာယက ဦးတင်ဦး၊ မြန်မာ့အရေး၊ ကမ္ဘာ့အရေးလေ့လာသူ ဒေါက်တာလှကျော်ဇောနဲ့ မန္တလေးမြို့အခြေစိုက် ရှီးယာဗလီရှေ့ဆောင်ဆရာကြီး မောင်လာနာ မလ်ရစ်ဇာ ဟာဆီနိုင်းတို့ရဲ့ သုံးသပ်ပြောဆိုချက်တွေကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် တင်ပြထားတာနားဆင်နိုင်ပါပြီ။
2016-08-04
အစိုးရက ရခိုင်ပြည်နယ်ရှိ အစ္စလာမ်ဘာသာ ကိုးကွယ်သူများလို့ သုံးနှုန်းဖို့ ညွှန်ကြားထားပေမယ့် ရခိုင်ပြည်နယ်လွှတ်တော်မှာ အဲဒီအခေါ်အဝေါ်ကို လက်မခံဘဲ အရင်အတိုင်းပဲခေါ်ဆိုဖို့ ပြည်ထောင်စု အစိုးရကို တိုက်တွန်းကြောင်းအဆိုကို ဆွေးနွေးဖို့ ဒီကနေ့ ဆုံးဖြတ်လိုက်ပါတယ်။
2016-08-04
မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုတွေကို ဖမ်းဆီးအရေးယူဖို့၊ အသိပညာပေးမှုတွေဆောင်ရွက်ဖို့နဲ့ မူးယစ် ဆေးသုံးစွဲသူတွေအတွက် ပြန်လည်ထူထောင်ရေးဌာနတွေ ဖွင့်လှစ်ပေးဖို့ အဆိုကို အမျိုးသားလွှတ်တော်က သြဂုတ်လ ၂ ရက်နေ့မှာ အတည်ပြုလိုက်ပါတယ်။
2016-08-04
အခုအခါ ISIS ခေါ် အစ္စလာမ်မစ်နိုင်ငံထူထောင်ရေး အစွန်းရောက် အကြမ်းဖက်အဖွဲ့ဟာ အရှေ့အလယ်ပိုင်းမှာ အမာခံ အခြေစိုက်စခန်းတွေ ဆုံးရှုံးကုန်တာကြောင့်၊ အရှေ့တောင်အာရှဘက်ကို ဦးလှည့်လာဖွယ်ရှိတယ်လို့ လေ့လာသူတွေက ဆိုပါတယ်။
2016-08-03
နှစ်နိုင်ငံသဘောတူစာချုပ် MOU ထိုင်းနိုင်ငံမှာ အလုပ်လုပ်နေကြတဲ့ မြန်မာနိုင်ငံသား အလုပ် သမားတွေက သူတို့ကြုံတွေ့ရတဲ့ အခက်အခဲတွေကို သတင်းစာရှင်းလင်းပွဲကျင်းပပြီး ရှင်းပြနေစဉ် မှာ ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီတွေနဲ့ ထိုင်းနိုင်ငံက လုပ်ငန်းရှင်ဆိုသူတွေ ရောက်လာပြီး အချေအတင် စကားများခဲ့ကြပါတယ်။
2016-08-03
ဧရာဝတီမြစ်နဲ့ ချင်းတွင်းမြစ်ရေ မြင့်တက်နေမှုကြောင့် မကွေး၊ စစ်ကိုင်း၊ မန္တလေး၊ ဧရာဝတီ၊ ပဲခူး နဲ့ ကချင် စတဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ် ၆ ခုက လူဦးရေ ၁ သိန်းနီးပါးလောက် ရေဘေးဒဏ်ခံနေရပြီး ရေဘေးကယ်ဆယ်ရေးစခန်းတွေမှာ ပြောင်းရွှေ့နေထိုင်နေကြရပါတယ်။
2016-08-02
နေပြည်တော် လွှတ်တော်တက်ရောက်နေတဲ့ ကိုယ်စားလှယ်တွေ၊ လွှတ်တော်ရေးရာ ကော်မရှင်အဖွဲ့ဝင်တွေအနေနဲ့ စည်ပင်ဧည့်ရိပ်သာမှာ တည်းခိုတဲ့အခါ အခန်းငှားရမ်းခအပေါ် ကုန်သွယ်လုပ်ငန်းခွန် ၅ရာခိုင်နှုန်း ပေးဆောင် ရမှာဖြစ်ပါတယ်။
2016-07-29
တတိယအကြိမ်ပြင်ဆင်တဲ့ ဥပဒေကြမ်းမှာ ဧည့်စာရင်းတိုင်ရမယ့်ဥပဒေကို ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီက ထည့်သွင်းလိုက်ပါတယ်။
2016-07-29
မြန်မာနိုင်ငံက အကျဉ်းထောင်၊ ရဲဘက်စခန်းအကြောင်းနဲ့ အကျဉ်းထောင်စနစ် ပြုပြင်ပြောင်းလဲရေး အခြေအနေကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် တင်ပြထားပါတယ်။
2016-07-29
မကွေးတိုင်းဒေသကြီးထဲက သစ်တောတွေထဲမှာ ဥပဒေမဲ့ သစ်ခုတ်နေတာတွေ ရှိနေတဲ့အတွက် သစ်တောတွေကို ထိန်းသိမ်းဖို့နဲ့ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုတွေကို ထိန်းသိမ်းစောင့်ရှောက်ပေးဖို့ ပြည်ထောင်စုအစိုးရကို တိုက်တွန်းကြောင်းအဆိုကို ဒီနေ့ ပြည်သူ့လွှတ်တော်မှာ ဆွေးနွေးခဲ့ကြပါတယ်။
2016-07-29
ပြီးခဲ့တဲ့ ဘဏ္ဍာနှစ်ရဲ့ ဒုတိယ ၆ လအတွင်း အခွန်ငွေ ကောက်ခံရရှိမှုနဲ့ ပတ်သက် တဲ့ ပြည်သူ့ငွေစာရင်းကော်မတီရဲ့ အစီရင်ခံစာ ကို ပြည်ထောင်စုလွှတ်တော်မှာ ဒီကနေ့ ဆွေးနွေး ကြပါတယ်။
2016-07-29
မြန်မာ့အရေးမှာ တရုတ်နိုင်ငံပါဝင်နေတဲ့အခန်းကဏ္ဍနဲ့ပတ်သက်ပြီး RFA ဝိုင်းတော်သား ကိုနေရိန်ကျော် တင်ပြထားတာနားဆင်နိုင်ပါပြီ။
2016-07-28
မြန်မာ့အရေးမှာ တရုတ်နိုင်ငံပါဝင်နေတဲ့ အခန်းကဏ္ဍနဲ့ ပတ်သက်ပြီး RFA ဝိုင်းတော်သား ကိုနေရိန်ကျော် တင်ပြထားတာ နားဆင်နိုင်ပါပြီ။