သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-10-12
မြန်မာစီးပွားရေးလုပ်ငန်းရှင်တွေက နိုင်ငံတကာဈေးကွက်ကိုပိုပြီးထိုးဖောက်ဖြန့်ဖြူးရောင်းချဖို့ ဆန္ဒရှိနေကြတယ်လို့သိရပါတယ်။ မြန်မာအစိုးရကလည်း စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်နေတယ်လို့ဆိုပါတယ်။
2018-10-11
တနင်္သာရီတိုင်း ဘုတ်ပြင်းမြို့နယ် လငန်းကျွန်းတဝိုက်မှာ ပုလဲမွေးမြူရေးလုပ်ငန်း လုပ်ကိုင်တဲ့ကုမ္ပဏီတွေနဲ့ ဒေသခံ ဆလုံတိုင်းရင်းသားတွေအကြား ဖြစ်ပေါ်နေတဲ့ အငြင်းပွားစရာကိစ္စတွေ ဖြေရှင်းနိုင်ဖို့အတွက် တိုင်းအစိုးရအဖွဲ့၊ ကုမ္ပဏီနဲ့ ဒေသခံတွေ မနေ့က တွေ့ဆုံခဲ့ကြပါတယ်။
2018-10-11
ရခိုင်ပြည်နယ် စစ်တွေမြို့မှာ အခုနှစ်အတွင်း ဖောက်ခွဲမှုတွေ၊ အကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့တဲ့အပေါ် ရဲတပ်ဖွဲ့က အချိန်မီ မတားဆီးနိုင်ခဲ့သလို၊ တရားခံတွေကို တိတိကျကျဖော်ထုတ် ဖမ်းဆီးရမိတာလည်း မရှိသေးတဲ့အတွက် ဒေသခံတွေ လုံခြုံရေးအတွက် စိုးရိမ်နေကြပါတယ်။
2018-10-11
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် António Guterres ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Christine Schraner Burgener ဟာ မြန်မာနိုင်ငံကို တပတ်ကြာခရီးစဉ်အဖြစ် ရောက်ရှိနေပါတယ်။
2018-10-11
ဗြိတိန်အခြေစိုက် Oxfam International အဖွဲ့က ထုတ်ပြန်လိုက်တဲ့ ၂ဝ၁၈ ခုနှစ်အတွက် “ဆူကြုံနိမ့်မြင့်မညီမျှမှု လျှော့ချရေး နှစ်မြှုပ်ဆောင်ရွက်မှုအခြေပြ နိုင်ငံတကာညွှန်းကိန်း” မှာ ကမ္ဘာ့နိုင်ငံပေါင်း ၁၅၇ နိုင်ငံထဲမှာ မြန်မာက အဆင့် ၁၃၈ မှာ ရှိနေပါတယ်။
2018-10-10
■ မြန်မာနိုင်ငံမှာ နိုင်ငံခြားစီးပွားရေးကုမ္ပဏီတွေ ပိုမို ရင်းနှီးမြှုပ်နှံလာအောင် ရည်ရွယ်ချက်နဲ့ “မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးစီမံကိန်း” ကို အစိုးရက ကြေညာလိုက်ပါတယ်။
2018-10-10
■ အင်းလေးကန်ဒေသက မြေဧက ၉ဝ ကျော်ကို မြေလွတ်မြေရိုင်းအဖြစ် သတ်မှတ်ပေးပြီး ဟိုတယ် ဆောက်လုပ်ဖို့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့သားဖြစ်သူပိုင် “မြန်မာနိုင်အုပ်စုကုမ္ပဏီ” ကို လုပ်ပိုင်ခွင့် ပေးထားတဲ့အပေါ် ဒေသခံနှစ်ထောင်ကျော်က ကန့်ကွက်ထားပါတယ်။
2018-10-10
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များ အကောင်အထည်ဖော်ရေးကော်မတီရဲ့ အကြံပေးအဖွဲဝင်တွေဟာ မောင်တောဒေသကို မနေ့ကသွားရောက်ပြီး ရခိုင်တိုင်းရင်းသားတွေနဲ့ မွတ်စလင်တွေကို သီးခြားစီ တွေ့ဆုံခဲ့ပါတယ်။
2018-10-10
အလဲဗင်းမီဒီယာက သတင်းသမားသုံးဦးကို ရန်ကုန်တိုင်းအစိုးရအဖွဲ့က နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅ဝ၅ (ခ) နဲ့ တရားစွဲဆိုတာဟာ အာဏာရှင်ဆန်တဲ့လုပ်ရပ် ဖြစ်ပြီး ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို အကျည်းတန်စေတယ်လို့ ဝေဖန်ကြပါတယ်။
2018-10-10
Eleven မီဒီယာ အယ်ဒီတာ သုံးဦးကို တာမွေမြို့နယ်ရဲတပ်ဖွဲ့က နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅ဝ၅ (ခ) နဲ့ ဖမ်းဆီးဖို့ အင်္ဂါနေ့ မနေ့က ညဦးပိုင်းမှာ သွားရောက်ရှာဖွေခဲ့တာနဲ့ ပတ်သက်ပြီး Eleven မီဒီယာက အယ်ဒီတာ ဦးကိုဦး (သင်္ချာ)၊ မြန်မာဂျာနယ်လစ်ကွန်ရက် အတွင်းရေးမှူး ကိုမြင့်ကျော်နဲ့ တာမွေရဲစခန်း အရာရှိတဦးတို့ကို RFA အဖွဲ့သူ မနန္ဒာချမ်းက ဆက်သွယ်မေးမြန်းပြီး တင်ပြထားပါတယ်။
2018-10-09
ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့မှာ အကြောင်းအမျိုးမျိုးကြောင့် စွန့်ပစ်ခံခဲ့ရတဲ့ မိဘမဲ့ မြန်မာ ကလေးငယ် အယောက် ၅ဝ ကို သုံးလအတွင်း နိုင်ငံသားအဖြစ် အသိအမှတ်ပြုဖို့ ထိုင်းအာဏာပိုင်တွေက စီစဉ်နေပါတယ်။
2018-10-09
ရန်ကုန်တိုင်းဒေသကြီးရဲ့ သတ္တမအကြိမ်လွှတ်တော်အစည်းအဝေး နောက်ဆုံးနေ့ ဒီနေ့မှာ လွှတ်တော် ကိုယ်စားလှယ်တွေ ဝေဖန်ထောက်ပြထားတဲ့ ကျောင်းကားဖယ်ရီကိစ္စကို ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ကိုယ်တိုင် ဖြေရှင်းတာ မရှိခဲ့တဲ့အတွက် ကိုယ်စားလှယ်တွေဘက်က ကျေနပ်မှုမရှိကြပါဘူး။
2018-10-09
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်ရေးထိုးခြင်း သုံးနှစ်ပြည့် အထိမ်းအမှတ်အဖြစ် ပုပ္ပါးမှာကျင်းပမယ့် အခမ်းအနားကို အပစ်ရပ်အဖွဲ့တွေထံ အစိုးရက ဖိတ်စာပေးပို့ထားပြီး NCA စာချုပ် လက်မှတ်မထိုးရသေးတဲ့ အဖွဲ့တွေကိုတော့ ဖိတ်ကြားမှာမဟုတ်ဘူးလို့ သိရပါတယ်။
2018-10-09
ရခိုင်ပြည်နယ် မြောက်ဦးမြို့မှာ ပြီးခဲ့တဲ့ဇန်နဝါရီလက ဖြစ်ပွားခဲ့တဲ့ ဆန္ဒပြမှုနဲ့ပတ်သက်ပြီး တရား ရင်ဆိုင်နေရတဲ့ ဒေသခံ ၈ ဦးရဲ့အမှုမှာ တရားနည်းလမ်းမကျတာတွေ ရှိနေတယ်လို့ ဥပဒေပြုသူတွေက ထောက်ပြနေကြပါတယ်။RFA ဝိုင်းတော်သူ မခင်ခင်အိက တင်ပြထားပါတယ်။
2018-10-09
ရန်ကုန်တိုင်းအစိုးရရဲ့ ဘဏ္ဍာငွေသုံးစွဲမှုတွေနဲ့ ပတ်သက်တဲ့ တိုင်းစာရင်းစစ်ချုပ် အစီရင်ခံစာကို တိုင်းလွှတ်တော်အစည်းအဝေးမှာ ကိုယ်စားလှယ်တွေ ပြင်းပြင်းထန်ထန် ဝေဖန်ဆွေးနွေးခဲ့ကြပါတယ်။