ပုလဲမွေးမြူသူတွေနဲ့ ဆလုံလူမျိုးတွေကြားက စားကျက်ပြဿနာ
2018.10.11
တနင်္သာရီတိုင်း ဘုတ်ပြင်းမြို့နယ် လငန်းကျွန်းတဝိုက်မှာ ပုလဲမွေးမြူရေးလုပ်ငန်း လုပ်ကိုင်တဲ့ကုမ္ပဏီတွေနဲ့ ဒေသခံ ဆလုံတိုင်းရင်းသားတွေအကြား ဖြစ်ပေါ်နေတဲ့ အငြင်းပွားစရာကိစ္စတွေ ဖြေရှင်းနိုင်ဖို့အတွက် တိုင်းအစိုးရအဖွဲ့၊ ကုမ္ပဏီနဲ့ ဒေသခံတွေ မနေ့က တွေ့ဆုံခဲ့ကြပါတယ်။ ဒီတွေ့ဆုံပွဲမှာ ဒေသခံတွေနေထိုင်တဲ့ ကျွန်းတချို့ကို ပြန်စွန့်လွှတ်ပေးမယ်လို့ ကုမ္ပဏီဘက်က ပြောပေမယ့် ဒေသခံတွေကတော့ သူတို့လုပ်ကိုင် စားသောက်ဖို့ စားကျက်တွေမရှိမှာ စိုးတာကြောင့် အားလုံးကိုစွန့်လွှတ်ပေးဖို့ လိုလားနေကြပါတယ်။ RFA သတင်းထောက် ကိုကျော်လွင်ဦး စုစည်းတင်ပြထားပါတယ်။