သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-10-09
■ မဲခေါင်-ဂျပန် ထိပ်သီးဆွေးနွေးပွဲ တက်ရောက်နေတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က… မြန်မာနိုင်ငံမှာ ဂျပန်စီးပွားရေးလုပ်ငန်းတွေ လာရောက် ရင်းနှီးမြှုပ်နှံဖို့ ဖိတ်ခေါ်လိုက်ပါတယ်။
2018-10-09
ထိုင်းမြန်မာနယ်စပ်အခြေစိုက် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF တပ်ရင်း (၃) က လက်နက်တွေကို ABSDF အဖွဲ့က ထုတ်ပယ်ခံထားရသူ ခေါင်းဆောင်ဟောင်းတဦးဖြစ်တဲ့ ကိုခင်ကျော်နဲ့အဖွဲ့က ပြီးခဲ့တဲ့ စက်တင်ဘာလမှာ ဝင်ရောက်သိမ်းယူသွားပါတယ်။
2018-10-08
ကချင်ပြည်နယ် ဖားကန့်မြို့နယ်က မှော်ဝမ်းလေးအရပ်မှာ ကျောက်စိမ်းတူးဖော်ရေးကုမ္ပဏီနဲ့ ရေမဆေးကျောက် ရှာသူတွေအကြား အခုရက်ပိုင်းအတွင်း ပဋိပက္ခ ဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2018-10-08
အိန္ဒိယနိုင်ငံကနေ မြန်မာနိုင်ငံ ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်ကို ပြန်ပို့လိုက်တဲ့ ရိုဟင်ဂျာမွတ်စလင် ၇ ဦး ကိစ္စနဲ့ပတ်သက်ပြီး ဒေသခံတွေနဲ့ လူ့အခွင့်အရေးလှုပ်ရှားသူတချို့က စိုးရိမ်ပူပန်နေပါတယ်။
2018-10-08
မြန်မာနိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှုန်းဟာ ဒီနှစ်မှာ သုည ဒဿမ ၅ ရာခိုင်နှုန်း လျော့ကျခဲ့တဲ့အပြင် လာမယ့် ၃ နှစ်အတွက် စီပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်း လျော့ကျနေဦးမယ်လို့ ကမ္ဘာ့ဘဏ်က ကြေညာချက်တစ်စောင် ထုတ်ပြန်လိုက်ပါတယ်။
2018-10-08
ရန်ကုန်တိုင်းအစိုးရက ငွေကျပ်ငါးဘီလီယံဖိုး ကျောင်းကားအစီးရေ ၂ဝဝ ဝယ်ယူထားတဲ့ကိစ္စနဲ့ ပတ်သက်ပြီး တိုင်းလွှတ်တော်မှာ အငြင်းပွားပြီးနောက် ရွှေသံလွင်ကုမ္ပဏီ ဦးကျော်ဝင်း ဦးဆောင်တဲ့ အများပိုင်ကုမ္ပဏီက အဲဒီကျောင်းကားတွေကို ပြန်ပြီး ဝယ်ယူသွားမယ်လို့ မနေ့က ပြောလိုက်ပါတယ်။
2018-10-08
နိုင်ငံတော် သမ္မတရုံးက ဖွဲ့စည်းထားတဲ့ "ရခိုင်ပြည်နယ်ဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင်" ဟာ ရခိုင်ပြည်နယ်က အကြမ်းဖက်တိုက်ခိုက်မှုတွေနောက်ပိုင်း လူ့အခွင့်အရေးချိုးဖောက်မှု စွပ်စွဲချက်တွေကို စုံစမ်းစစ်ဆေးဖို့ ဆပ်ကော်မတီတခု ထူထောင်ပြီး လုပ်ငန်းတွေ စတင်နေပြီလို့ သတင်းထုတ်ပြန်လိုက်ပါတယ်။
2018-10-08
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နဲ့ အပစ်ရပ်လက်မှတ် ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့ ထိပ်သီးခေါင်းဆောင်တွေရဲ့ လာမယ့် အောက်တိုဘာလ ၁၅ ရက်နေ့ ပုပ္ပားမှာ ကျင်းပမယ့် အစည်းအဝေးကို ရက်ပြန်လည်ညှိနှိုင်းလိုတဲ့ အကြောင်း KNU ကရင်အမျိုးသားအစည်းအရုံးက ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။
2018-10-08
ရခိုင်ပြည်နယ် စစ်တွေအကျဉ်းထောင်မှာ ထောင်အာဏာပိုင်တွေနဲ့ အကျဉ်းသားတွေအကြား မနေ့က ပဋိပက္ခဖြစ်ပွားခဲ့တာနဲ့ပတ်သက်လို့ ပြည်ထဲရေးဝန်ကြီးဌာန အကျဉ်းဦးစီးဌာန တာဝန်ရှိသူတွေက ဒီနေ့ စစ်ဆေးနေပါတယ်။
2018-10-08
မြန်မာနိုင်ငံ ပါဝင်လက်မှတ်ရေးထိုးထားတဲ့ CITIES မျိုးမပျောက်အောင် ထိန်းသိမ်းစောင့်ရှောက်ထားတဲ့ သားရိုင်းတိရစ္ဆာန်နဲ့ သစ်ပင် ပန်းမန်ကုန်သွယ်မှု ဆိုင်ရာ နိုင်ငံတကာ ပဋိညာဉ်အရ မှောင်ခိုသားရိုင်းတိရစ္ဆာန် အစိတ်အပိုင်းတွေကို ပြန်ရောင်းချလို့မရပါဘူး၊ ဒီအကြောင်းနဲ့ ဆင်စွယ်သက်သက်အတွက်မဟုတ်ဘဲ မြန်မာ့ဆင်တွေ ခိုးအသတ်ခံနေရတဲ့ အကြောင်းတွေကို ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။
2018-10-07
ကရင်ပြည်နယ် ဘားအံမြို့၊ တောင်ကလေး အကျဉ်းထောင်မှာ ထောင်ဖောက်ထွက်ပြေးမှုဟာ အကျဉ်းထောင် တာဝန်ရှိသူတွေရဲ့ ပေါ့ဆမှုများလို့ ဖြစ်တာလို့ ကရင်ပြည်နယ်ဝန်ကြီးချုပ်က ဒီနေ့ ပြောလိုက်ပါတယ်။
2018-10-06
လာမယ့် အောက်တိုဘာလ ၁၅ ရက်နေ့ကျရင် မြန်မာနိုင်ငံအနာဂတ်အတွက် တပ်မတော်၊ အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက ခေါင်းဆောင်တွေ တွေ့ဆုံကြမယ့်အပေါ် အမေရိကန်ရောက် မြန်မာတိုင်းရင်းသားတချို့က သတိနဲ့ ကြိုဆိုခဲ့ကြပါတယ်။
2018-10-05
UWSA "ဝ" ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် က ဖမ်းဆီးထားတဲ့ ခရစ်ယာန်ဘာသာဝင် တစ်ရာကျော် ပြန်လည်လွတ်မြောက်လာပြီး နောက်ထပ်တစ်ရာကျော်ကို ဆက်လက် ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။
2018-10-05
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ NCA အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်တွေ ပုပ္ပါးဒေသမှာ လာမယ့်အောက်တိုဘာလ ၁၅ ရက်နေ့မှာ တွေ့ဆုံဆွေးနွေးကြမှာ ဖြစ်ပါတယ်။
2018-10-05
ဟာသသရုပ်ဆောင် အောင်ရဲထွေး အသတ်ခံရမှုမှာ အဂတိလိုက်စားမှုနဲ့ ဖမ်းဆီးခံထားရတဲ့ ရန်ကုန်တိုင်း ဥပဒေချုပ်ဦးဟန်ထူး အပါအဝင် ပတ်သက်သူတွေကို ရန်ကုန်တိုင်းတရားရုံးမှာ ဒီနေ့ရုံးထုတ်ပြီး တရားလိုဖြစ်တဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က ဦးမိုးနိုင်ကို စစ်ဆေးခဲ့ပါတယ်။