သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2022-09-29
သူတို့ထဲမှာ ကလေးတွေနဲ့ အသက်ကြီးတဲ့သူတွေလည်း ပါတဲ့အတွက် စားစရာ၊ သောက်စရာနဲ့ ဆေးတွေ လိုအပ်နေတယ်လို့ ပြောပါတယ်။
2022-09-29
အလှမယ်ဟန်လေး ထိုင်းနိုင်ငံမှာ ထိန်းသိမ်းခံရပြီးနောက်မှာ စစ်ကောင်စီကနေ အလိုရှိတဲ့ ပြည်တွင်းမှာ ပြစ်မှုကျူးလွန်ခဲ့သူ စာရင်းကို အင်တာပိုလ်ရဲတပ်ဖွဲ့ဆီကို ပေးပို့ထားပြီး မြန်မာနိုင်ငံကို ဖမ်းဆီးပို့ဆောင်နိုင်ဖို့ ဆောင်ရွက်နေတယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက သတင်းမီဒီယာတွေကို ပြောဆိုခဲ့ပါတယ်။
2022-09-29
အာရပ်စော်ဘွားများနိုင်ငံ UAE ကို စားဝတ်နေရေးအတွက် အိမ်အကူလုပ်ဖို့ ရောက်ရှိနေကြတဲ့ ရာနဲ့ချီတဲ့ မြန်မာမိန်းခလေးတွေဟာ ဘာသာစကား မတူညီတဲ့ အိမ်ရှင်နဲ့ ပွဲစားတွေကြားမှာ အခက်အခဲပေါင်းစုံ၊ ဒုက္ခပေါင်းစုံနဲ့ ရင်ဆိုင်ကြုံတွေ့ နေကြရပါတယ်။
2022-09-28
ပြင်သစ် Total စွမ်းအင်ကုမ္ပဏီနဲ့ နော်ဝေ Telenor ဆက်သွယ်ရေးကုမ္ပဏီတွေ မြန်မာနိုင်ငံကနေ ထွက်ခွာသွားခဲ့တဲ့အတွက် စစ်ကောင်စီအနေနဲ့ ဘဏ္ဍာရေးနဲ့ထိန်းချုပ်မှုတွေ ပိုမိုရရှိသွားစေမှာဖြစ်ကြောင်း Foreign Policy မဂ္ဂဇင်းက ဖော်ပြပါတယ်။
2022-09-28
“လွန်ခဲ့တဲ့တစ်ပတ်လောက်က တပ်ရင်းတစ်ခုလုံးက အထက်အမိန့်ကို မနာခံတဲ့အဖြစ်မျိုး ဖြစ်လာတာတွေ့ရပါတယ်။ စစ်ခေါင်းဆောင်တွေအနေနဲ့လည်း မြေပြင်တပ်သားတွေကို သိပ်မသုံးတော့ဘဲ လေကြောင်းက ဗုံးကြဲတိုက်ခိုက်တာနဲ့ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တဲ့ နည်းလမ်းကို ပိုသုံးလာပါတယ်"
2022-09-28
တစ်နှစ်အတွင်း စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းမှာ စစ်ကောင်စီတပ်က လေကြောင်း၊ ကြည်းကြောင်း ထိုးစစ်ဆင် တိုက်ခိုက်တဲ့အတွက် လူ ၈၀၀ နီးပါး သေဆုံးပြီး နေအိမ်အလုံးပေါင်း ၂၆,၀၀၀ နီးပါး မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။
2022-09-28
မော်ဒယ်လ် နန်းမွေစံကို လိင်အသားပေးဓာတ်ပုံနဲ့ ဗီဒီယိုတွေ ဖြန့်ချိတာ မြန်မာ့ယဉ်ကျေးမှု ထိခိုက်စေတယ်လို့ စစ်ကောင်စီက စွပ်စွဲပြီး အီလက်ထရွန်နစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေပုဒ်မ ၃၃ (က) နဲ့ ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ် စစ်တရားရုံးက ထောင်ခြောက်နှစ် ချမှတ်လိုက်ပါတယ်။
2022-09-27
သူ့ကို အင်းစိန်ထောင်အထူးတရားရုံးမှာ ဖွင့်လှစ်ထားတဲ့ မင်္ဂလာတောင်ညွန့်မြို့နယ်တရားရုံးကနေ အမိန့်ချမှတ်လိုက်တာဖြစ်ပြီး စက်တင်ဘာလ ၁၅ ရက်နေ့ကလည်း ဗဟန်းမြို့နယ်တရားရုံးကနေ ပုဒ်မ ၅၀၅-က နဲ့ ထောင်ဒဏ်သုံးနှစ် ချခဲ့ပြီးဖြစ်တာမို့ စုစုပေါင်း ထောင်ဒဏ် ခြောက်နှစ် ချမှတ်ခံရတာ ဖြစ်ပါတယ်။
2022-09-27
အာဏာသိမ်းစစ်ကောင်စီရဲ့ ဘေးက လွတ်ကင်းအောင် သူမကို အားပေးကူညီခဲ့ကြတဲ့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး၊ ထိုင်းနဲ့ ကနေဒါနိုင်ငံတွေရဲ့ ကျေးဇူးကို ဒီတစ်သက်မှာသူ မမေ့တော့ပါဘူးလို့လည်း ဟန်လေးက RFA ကို ပြောပါတယ်။
2022-09-27
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်မှာ ဆယ်ကျော်သက်ကနေ အသက် ၂၀ ကျော်အရွယ် အမျိုးသမီးငယ်တွေ ဦးဆောင်ပြီး နှင်းဆီရောင် အမျိုးသမီးသပိတ် လှုပ်ရှားမှုကို စစ်အာဏာသိမ်းပြီး ခြောက်လကျော်အကြာ ၂၀၂၁ ခုနှစ် ဩဂုတ်လ ၂၈ ရက်နေ့က စတင်လုပ်ဆောင်ခဲ့တာမို့ အခုဆိုရင် တစ်နှစ်ကျော်လာပါပြီ။
2022-09-27
ရှစ်လေးလုံးအရေးတော်ပုံကြီး ဖြိုခွင်းခံရပြီး စစ်တပ်ကအာဏာသိမ်းထားချိန် ၁၉၈၈ ခုနှစ် စက်တင်ဘာ ၂၇ ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ခေါင်းဆောင်မှုနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီကို စတင်ဖွဲ့စည်းခဲ့တာကြောင့် ဒီနေ့ ၂၀၂၂ ခုနှစ် စက်တင်ဘာ ၂၇ ရက်နေ့မှာ ၃၄ နှစ် ပြည့်သွားပါပြီ။
2022-09-27
စစ်ကောင်စီရဲ့ ဗဟိုဘဏ်က ပြီးခဲ့တဲ့ ဩဂုတ်လနဲ့ အခုစက်တင်ဘာလတွေမှာ မိုဘိုင်း ငွေကြေးဝန်ဆောင်မှု လုပ်ငန်းတွေကို တင်းကျပ်တဲ့ စည်းမျဉ်းတွေနဲ့ ကန့်သတ်လာပြီးနောက် မိုဘိုင်းငွေကြေး စနစ်အပေါ် ယုံကြည်မှု လျော့နည်းလာပြီလို့ အသုံးပြုသူတွေနဲ့ ဘဏ်လုပ်ငန်းကျွမ်းကျင်သူတွေက ပြောပါတယ်။
2022-09-26
မြန်မာနိုင်ငံက လူ့အခွင့်အရေးချိုးဖောက်မှု သံသရာလည်နေတာကို ရပ်တန့်သင့်နေပြီ ဖြစ်ပေမယ့် သံတမန်ရေးအရ ကြိုးပမ်းမှုတွေဟာ အကန့်အသတ်နဲ့သာ အကျိုးဖြစ်ထွန်းနေပါတယ်လို့ လူ့အခွင့်အရေးဆိုင်ရာ ယာယီမဟာမင်းကြီး နာဒါ အယ်လ် နာရှစ်က ပြောသွားပါတယ်။
2022-09-26
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရောက် မြန်မာအလုပ်သမားဇနီးမောင်နှံက မွေးဖွားခဲ့တဲ့ ကလေးငယ်တစ်ဦးမှာ မွေးရာပါ အဆုတ်အားနည်းမှုကြောင့် မကြာခဏဆေးရုံတက်ကုသနေရပြီး ဆေးကုသခွင့်လက်မှတ်လည်း မရှိတဲ့အတွက် ဆေးရုံတက်ခနဲ့ ဆေးဖိုးကုန်ကျငွေကို ဘဝတူ မြန်မာတွေက ဝိုင်းဝန်းထောက်ပံ့နေရပါတယ်။
2022-09-26
ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တစ်ကျော့ပြန် တိုက်ပွဲပြင်းထန်နေတာ နှစ်လကျော်ရှိပြီဖြစ်ပြီး စစ်ကောင်စီတပ်က ပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် အခုရက်ပိုင်းအတွင်း ကလေးနှစ်ဦး သေဆုံးပြီး ဒေသခံခုနှစ်ဦး ဒဏ်ရာရခဲ့ပါတယ်။