သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2022-09-16
၂၀၂၁ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ စာသင်ကျောင်းပေါင်း ၁၉၀ ကျော် တိုက်ခိုက်ခံခဲ့ရတယ်လို့ “ပညာရေးကဏ္ဍ တိုက်ခိုက်ခံရမှုမှ ကာကွယ်ရေး ညွန့်ပေါင်းအဖွဲ့” (GCPEA) က စက်တင်ဘာ ၉ ရက်နေ့မှာ အစီရင်ခံစာတစ်စောင် ထုတ်ပြန်လိုက်ပါတယ်။
2022-09-16
စစ်တပ်က အာဏာသိမ်းလိုက်တဲ့ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၂ ဩဂုတ်လကုန်အထိ ၁၉ လအတွင်း တနင်္သာရီတိုင်းမှာ အရပ်သား ၂၂၄ ဦး သေဆုံးခဲ့တယ်လို့ သုတေသနအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Southern Monitor အဖွဲ့က စက်တင်ဘာ ၁၁ ရက်နေ့က ထုတ်ပြန်ပါတယ်။
2022-09-16
ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့ နယ်စပ်ကနေ တရုတ်ကိုကုန်တင်ပို့နေတဲ့ ကုန်သည်တွေအနေနဲ့ မေလ ၁ ရက်နေ့ နောက်ပိုင်းကစပြီး ပို့ကုန်ရငွေကို ဒေါ်လာနဲ့သာ ပြန်သွင်းရမယ်ဆိုတဲ့ စစ်ကောင်စီရဲ့ ညွှန်ကြားချက်ကြောင့် အခက်အခဲ ဖြစ်နေကြတယ်လို့ နယ်စပ်ကုန်သည်တွေက ပြောပါတယ်။ တရုတ်ကို ကုန်တင်ပို့ရာမှာ အရင်အတိုင်း ယွမ် - ကျပ်စနစ်နဲ့ပဲ တရုတ်ကုန်သည်တွေဆီ ရောင်းခဲ့တာဖြစ်ပြီး ဘဏ်စနစ်နဲ့ ဆောင်ရွက်ခဲ့တာလည်း မဟုတ်လို့ ဒေါ်လာနဲ့ပြန်သွင်းရမယ်ဆိုရင် အဆင်မပြေနိုင်ဘူးလို့ ကုန်သည်တွေက ပြောပါတယ်။
2022-09-15
နိုင်ငံတကာဒီမိုကရေစီနေ့မှာပဲ မြန်မာပြည်မှာ ဖမ်းဆီးခံထားရတဲ့ သတင်းထောက်တွေထဲက အမျိုးသမီးသတင်းထောက်တစ်ဦးဖြစ်တဲ့ မထက်ထက်ခိုင်ကို စစ်ကောင်စီက ထောင်ဒဏ်သုံးနှစ် ချမှတ်လိုက်ပါတယ်။
2022-09-15
ကာတာနိုင်ငံအခြေစိုက် အူရီဒူးဆက်သွယ်ရေးကုမ္ပဏီရဲ့ မြန်မာနိုင်ငံက လုပ်ငန်းတွေကို အမေရိကန်ဒေါ်လာ ၅၇၆ သန်းနဲ့ ရောင်းချဖို့ သဘောတူလိုက်ပြီလို့ အူရီဒူးဆက်သွယ်ရေးကုမ္ပဏီက စက်တင်ဘာ ၈ ရက်နေ့က ထုတ်ပြန်ပါတယ်။
2022-09-15
မြန်မာနိုင်ငံမှာ ကိုဗစ် -၁၉ ကပ်ရောဂါကူးစက်မှု တစ်ကျော့ပြန် မြင့်တက်လာပြီး စက်တင်ဘာလ ၁ ရက်နေ့ကနေ စက်တင်ဘာ ၁၄ ရက် မနေ့ည (၈) နာရီအထိ သီတင်း နှစ်ပတ်အတွင်း ကူးစက်ခံရသူ ၂၄၅၇ ဦးနဲ့ သေဆုံးသူ ခြောက်ဦးထိ ရှိလာနေတယ်လို့ စစ်ကောင်စီရဲ့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
2022-09-15
CDM မလုပ်ဘဲ စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ အစိုးရထိပ်တန်းအရာရှိတွေကို ပြည်သူတွေနဲ့ ပူးပေါင်းဖို့ နောက်ဆုံးအနေနဲ့ သတိပေးထားပြီး မလိုက်နာရင် ဖမ်းဝရမ်းထုတ်သွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဦးလွင်ကိုလတ်က စက်တင်ဘာ ၁၁ ရက်နေ့က RFA ကို ပြောပါတယ်။
2022-09-14
ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၁၇ ခုနှစ်က ရိုဟင်ဂျာတွေအပေါ် စစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေး လုပ်ဆောင်မှုတွေကို တားဆီးခြင်း၊ အားလျော့ဖို့ တောင်းဆိုခြင်းတွေ မလုပ်ခဲ့တာဟာ စစ်တပ်ကို နိုင်ငံရေးနယ်ပယ်ထဲက အပြီးထုတ်ပယ်နိုင်ဖို့ ဆန္ဒရှိသူအားလုံးအတွက် အခွင့်အလမ်းတစ်ခု ဆုံးရှုံးသွားတာဖြစ်တယ်လို့လည်း သုံးသပ်ပါတယ်။
2022-09-14
အခုနှစ် အဆုံးအဖြတ်ပေးမယ့် ကော်မတီမှာ မြန်မာနိုင်ငံကို လက်နက်ပံ့ပိုးနေတဲ့ တရုတ်နဲ့ ရုရှားတို့ကတော့ စစ်ကောင်စီဘက်က ရပ်တည်မှာ သေချာပေမယ့် ကော်မတီမှာ အမြဲတမ်းအဖွဲ့ဝင်အဖြစ် အမေရိကန်နိုင်ငံ ရှိပါတယ်။
2022-09-14
အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်ပြီး သူတို့အဖွဲ့ကို တယ်လီဂရမ်ကနေ ဆက်သွယ်ပူးပေါင်းလာတဲ့သူတွေကို လက်နက်ပါလာရင် ကျပ်ငွေ ၁ဝ သိန်းကနေ သိန်း ၂ဝ အထိနဲ့ လက်နက်မပါဘဲ လာရောက်ရင် သုံးသိန်းကနေ ငါးသိန်းအထိ ချီးမြှင့်နေတယ်လို့ ဆိုပါတယ်။
2022-09-14
ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲတွေ ပြင်းထန်တာကြောင့် ရိုဟင်ဂျာတချို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးနေကြရပါတယ်။ တိုက်ပွဲတွေ ပြင်းထန်လာတာနဲ့အမျှ ရေရှည်ရပ်တည်ရေး ခက်ခဲလာတာကြောင့် အခုလို ထွက်ပြေးနေကြတာလို့လည်း အကူညီပေးနေသူတွေက ပြောပါတယ်။
2022-09-14
စစ်တပ်က အာဏာသိမ်းထားတဲ့ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၂ သြဂုတ်လ ၃၁ ရက်နေ့အထိ ၁၉ လတာ ကာလအတွင်း ကယားပြည်နယ်မှာ အပြစ်မဲ့ အရပ်သား ၃၂၂ ဦး သေဆုံးခဲ့တယ်လို့ တိုးတက်သော ကရင်နီပြည်သူ့ အင်အားစု PKPF တာဝန်ရှိသူတွေက ပြောပါတယ်။
2022-09-13
ရခိုင်ပြည်နယ် မောင်တောမြို့နယ် မြောက်ပိုင်းမှာ စစ်ကောင်စီတပ်စခန်းနှစ်ခုကို ရက္ခိုင့်တပ်တော် (AA)က သိမ်းပိုက်ခဲ့ပြီးနောက် စစ်ကောင်စီက ကြည်း၊ လေ အင်အားတွေသုံးပြီး ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2022-09-13
စစ်တပ်က အာဏာသိမ်းပြီး တစ်လအကြာ ၂၀၂၁ ခုနှစ် မတ်လ ၁ ရက်နေ့မှာ စစ်ကောင်စီရဲ့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနကနေ အလုပ်သမားသမဂ္ဂနဲ့ အလုပ်သမားအရေး လှုပ်ရှားတဲ့ အဖွဲ့အစည်း ၁၆ ဖွဲ့ကို တရားမဝင်အဖွဲ့အစည်းတွေအဖြစ် ကြေညာခဲ့ပါတယ်။
2022-09-13
စစ်အာဏာသိမ်းပြီးနောက် ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာ တရားမဝင်ကျောက်စိမ်းတူးဖော်မှုတွေ များလာသလို တရုတ်နိုင်ငံသားတွေ တရားမဝင်လာရောက်ပြီး ကျောက်စိမ်းရောင်းဝယ်ဖောက်ကားမှုတွေလည်း ပိုမိုတွေ့လာရတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။