သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-05-05
ပြည်ထောင်စု ကြံခိုင်ဖွံ့ဖြိုးရေးပါတီ အရေးပေါ် အစည်းအဝေးခေါ်ယူရေးအတွက် ပါတီ ဗဟိုကော် မတီဝင်တွေ လက်မှတ်ရေးထိုး တောင်းဆိုတာနဲ့ ပတ်သက်ပြီး ဒီနေ့ ပါတီကနေ ထုတ်ပယ်ခံထား ရသူတွေက သတင်းစာရှင်းလင်းပွဲကျင်းပခဲ့ပါတယ်။
2016-05-05
ရခိုင်ပြည်နယ်က တိုက်ပွဲတွေ ရပ်တန့်ပြီး AA အဖွဲ့ကို နိုင်ငံရေးအရ ဆွေးနွေးပွဲကို ဖိတ်ခေါ်ဖို့ ပြည်ထောင်စုအစိုးရအဖွဲ့ထံ တိုက်တွန်းကြောင်း အရေးကြီးအဆိုအပေါ် ကာကွယ်ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်းနဲ့ တပ်မတော်သားကိုယ်စားလှယ်တချို့က ဒီကနေ့ ဆွေးနွေးကြပါတယ်။
2016-05-05
ရခိုင်ပြည်နယ် စစ်တွေမြို့အနီးက ဘောဒူဖ အမှတ် ၂ မွတ်စလင်ဒုက္ခသည်စခန်းမှာ မနေ့က လောင်ကျွမ်းခဲ့တဲ့ မီးလောင်ပြင်နေရာကို ရဲတပ်ဖွဲ့အင်အား ၁၀၀ လောက်နဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေက ဒီနေ့မနက်က ရှင်းလင်းခဲ့ပါတယ်။
2016-05-04
ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်တွေ ရဲ့ ရွေးကောက်ပွဲ ဥပဒေတွေကို ပြင်ဆင်တဲ့ ဥပဒေကြမ်းတွေကို ပြည်ထောင်စု ရွေးကောက် ပွဲကော်မရှင် အဖွဲ့ဝင် ဦးလှတင့်က ဒီနေ့ ပြည်သူ့လွှတ်တော်မှာ တင်ပြခဲ့ပါတယ်။
2016-05-04
ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေ ရပ်တန့်ပေးရေးနဲ့ AA လက်နက်ကိုင်အဖွဲ့ကို နိုင်ငံရေးအရဆွေးနွေးပွဲကို ဖိတ်ခေါ်ဖို့ ပြည်ထောင်စုအစိုးရအဖွဲ့ထံ တိုက်တွန်းကြောင်း အရေးကြီးအဆိုကို အမျိုးသားလွှတ်တော်မှာ ကိုယ်စားလှယ် ၆ ဦးက ဒီနေ့ ဆွေးနွေးခဲ့ကြပါတယ်။
2016-05-04
ရခိုင်ပြည်နယ် စစ်တွေမြို့ အနောက်ဘက် ဘောဒူဖ မွတ်စလင်ဒုက္ခသည်စခန်းမှာ ဒီနေ့မနက်ပိုင်းက မီးလောင်ကျွမ်းခဲ့ အိမ်ထောင်စုပေါင်း ၄၃၀ ကျော် နဲ့ လူပေါင်း ၁၇၀၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ကြပါတယ်။
2016-05-03
မြန်မာနဲ့ ထိုင်း နှစ်နိုင်ငံ အလုပ်သမားဝန် ကြီးတွေ နေပြည်တော်မှာ တွေ့ဆုံပြီး နှစ်နိုင်ငံကြား အလုပ်သမားစေ လွှတ်မှုဆိုင်ရာ သဘောတူညီမှု စာချုပ်ကို မေလအတွင်း လက်မှတ်ရေးထိုးဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။
2016-05-03
ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ ရပ်စဲပြီး ရက္ခိုင့်တပ်မတော် AA ကို နိုင်ငံရေး ဆွေးနွေးပွဲတွေထံ ဖိတ်ကြား ဖို့ ပြည်ထောင်စုအစိုးရထံ တိုက်တွန်းကြောင်း အရေးကြီးအဆိုကို ရခိုင် အမျိုးသားပါတီက အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဝေစိန်အောင်က ဒီနေ့ တင်သွင်းခဲ့ပါတယ်။
2016-05-03
မြန်မာနိုင်ငံမှာ လူတစ်သိန်းသုံးသောင်းကျော်ကို သေဆုံးစေခဲ့တဲ့ နာဂစ်မုန်တိုင်းတိုက်ခဲ့တာ ဒီနေ့ ၈ နှစ်ပြည့် သွားပြီဖြစ်ပေမယ့် မုန်တိုင်းဒဏ်ခံခဲ့ရတဲ့ မြစ်ဝကျွန်းပေါ်ဒေသဟာ ပြန်လည်ထူထောင်နိုင်တဲ့ အခြေအနေမရှိသေး ပါဘူး။
2016-05-03
နိုင်ငံတော်ကို နှောင့်ယှက်ဖျက်ဆီးလိုသူများရဲ့ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်တဲ့ဥပဒေကို ရုပ်သိမ်းတဲ့ ဥပဒေကြမ်းကို ဥပဒေကြမ်းကော်မတီက ဒီနေ့ ပြည်သူ့လွှတ်တော်ထံ တင်သွင်းခဲ့ပါတယ်။
2016-05-02
ဒီနေ့ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အလုပ် သမားနေ့ အခမ်းအနားတွေကို ရန်ကုန်တိုင်းဒေ သကြီး လှိုင်သာယာမြို့နယ်နဲ့ နေပြည်တော်က ပျဉ်းမနားသကြားစက်ရုံတို့မှာ ကျင်းပခဲ့ပါတယ်။ အဲဒီအခမ်းအနားတွေကို နိုင်ငံတော်သမ္မတ ဦးထင်ကျော်က သဝဏ်လွှာပေးပို့ခဲ့ပါတယ်။
2016-05-02
ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ ရပ်စဲရေးအတွက် စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ မြောက်ဦး၊ မင်းပြားစတဲ့ မြို့နယ် ၉ ခု နဲ့ ရန်ကုန်မြို့မှာ ဒီနေ့ တပြိုင်တည်းဆန္ဒပြတောင်းဆိုကြပါတယ်။
2016-04-29
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်အဖြစ် တာဝန်ယူလိုက်တဲ့ သံအမတ်ကြီး Scot Marciel က ဒီကနေ့ မနက်ပိုင်းက ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာ လမ်းက အမေရိကန်သံရုံးမှာ သတင်းမီဒီယာတွေနဲ့ ပထမဆုံးအကြိမ် တွေ့ဆုံပါတယ်။
2016-04-29
အမေရိကန်သံရုံးရဲ့ ထုတ်ပြန်ချက်မှာ ရိုဟင်ဂျာလို့ သုံးနှုန်းခဲ့တဲ့အတွက်ကြောင့် မျိုးချစ်ရဟန်းတော်များ သမဂ္ဂနဲ့ လူပုဂ္ဂိုလ် ၃ဝဝ နီးပါးလောက်ဟာ ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းက အမေရိကန် သံရုံးရှေ့မှာ ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။
2016-04-29
၂၁ ရာစုပင်လုံညီလာခံကို လပိုင်းအတွင်းကျင်းပဖို့နဲ့ အဲ့ဒီအတွက်အားလုံးက ဝိုင်းဝန်းကြိုးပမ်းကြဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်ပါတယ်။ ၂၁ ရာစု ပင်လုံညီလာခံ ကျင်းပမယ်ဆိုတဲ့အပေါ် တိုင်းရင်းသားခေါင်းဆောင်တွေက ကြိုဆိုကြပါတယ်။