သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-09-06
အင်တာနက် လူမှုကွန်ရက်ခေတ်မှာ လူငယ်တွေ စာပိုဖတ်ကြဖို့ တွန်းအားပေးတဲ့၊ ကိုယ့်အားကိုယ်ကိုး ပြဿနာတွေကို ကိုယ်တိုင်ကြည့်မြင်ရှာဖွေ ဆွေးနွေးဖြေရှင်းတဲ့ စာကြည့်တိုက်အခြေပြု ပညာရေးစနစ်ဆီ လမ်းခင်းပေးနိုင်ဖို့အတွက် စာအုပ်ထုတ်ဝေသူတွေနဲ့ စာအုပ်ဆိုင်တွေ၊ စာကြည့်တိုက်တွေ အရေးကြီးတဲ့အကြောင်း RFA ဝိုင်းတော်သား ဦးသစ်ဆင်းက စုစည်းတင်ပြထားပါတယ်။
2018-09-05
မြန်မာနိုင်ငံတိုင်းနဲ့ပြည်နယ်တွေက ရေဘေးဒဏ် ဆိုးဆိုးဝါးဝါးခံခဲ့ရတဲ့ဒေသတွေမှာ ပြန်လည် ထူထောင်ရေးတွေ စတင်နေပြီဖြစ်ပေမဲ့ တချို့နေရာတွေမှာတော့ ရေဘေးဒဏ်ခံနေရဆဲဖြစ်ပြီး အကူအညီတွေ လိုအပ်နေပါတယ်။
2018-09-05
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် မဒေးကျွန်းအနီး သံဇစ်မြစ်ကနေ စတင်ခဲ့တဲ့ ရေထုညစ်ညမ်းမှုတွေဟာ မြေပုံ၊ အမ်း စတဲ့ မြို့နယ်တွေအထိ ပျံ့နှံ့လာတဲ့အတွက် အာဏာပိုင်တွေအနေနဲ့ အကြောင်းရင်းကို တိတိကျကျ လေ့လာဆန်းစစ်ဖို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တွေက တိုက်တွန်းနေကြပါတယ်။
2018-09-04
အစိုးရလျှို့ဝှက်ချက်အက်ဥပဒေနဲ့ နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံလိုက်ရတဲ့ ရိုက်တာသတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ဟာ တရားမျှတမှု မရသလို၊ သူတို့ဟာ မွတ်စလင်တွေ အသတ်ခံရတဲ့သတင်းတင် မကဘဲ ဟိန္ဒူတွေ အသတ်ခံရတဲ့သတင်းနဲ့ အာဆာရိုဟင်ဂျာအကြမ်းဖက်အဖွဲ့ရဲ့ လုပ်ရပ်သတင်းတွေလည်း ရေးခဲ့သူတွေဖြစ်တယ်လို့ ထောက်ပြကြပါတယ်။
2018-09-04
ပြီးခဲ့တဲ့ သြဂုတ်လလယ်ပိုင်းက ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့က အမျိုးသမီးတစ်ယောက်ကို တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA က ဖမ်းဆီးပြီး TNLA ဥပဒေနဲ့ အမှုဖွင့် အရေးယူထားပါတယ်။ အဲဒီအပေါ်မှာ လူငယ်အရပ်ဖက်အဖွဲ့တွေနဲ့ နမ့်ခမ်းဒေသခံတွေရဲ့ ဝေဖန်မှုတွေလည်း ရှိနေပါတယ်။
2018-09-04
ရိုက်တာ သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦး တို့ မြန်မာနိုင်ငံ အစိုးရ လျှို့ဝှက်ချက်အက်ဥပဒေနဲ့ ထောင်ဒဏ် ၇ နှစ် ချမှတ်ခံရတဲ့အပေါ် သတင်းသမားတွေရဲ့ လွတ်လပ်စွာ ထုတ်ဖော်ရေးသားခွင့်နဲ့ အစိုးရရဲ့ လျှို့ဝှက်ချက် ဖော်ထုတ်မှုဆိုတဲ့ စွပ်စွဲချက်ကြား ကွာဟမှုကို ဝါရင့် သတင်းစာဆရာတွေရဲ့ သဘောထားအမြင်တွေ RFA သတင်းထောက် ကိုကျော်သူ က စုစည်းတင်ပြထားပါတယ်။
2018-09-04
မန္တလေးမြို့မှာ အခုရက်ပိုင်းအတွင်း လုယက်အကြမ်းဖက်မှုတွေ နေ့စဉ်ရက်ဆက်ဆိုသလို ဖြစ်ပွားနေပါတယ်။ အဲဒီမှုခင်းတွေဟာ လူသူကင်းရှင်းမဲ့ ညအချိန်တွေမှာတင် မဟုတ်ဘဲ နေ့ခင်းအချိန်တွေမှာပါ ဖြစ်ပွားနေတဲ့အတွက် မန္တလေးမြို့သူ မြို့သားတွေဟာ တနေ့တခြား စိုးရိမ်ထိတ်လန့်နေကြရပါတယ်။
2018-09-04
နိုဝင်ဘာလ ၃ ရက်နေ့မှာ ကျင်းမယ့် ကြားဖြတ်ရွေးကောက်ပွဲအတွက် ရွေးကောက်ပွဲဝင်မယ့် လွှတ်တော် ကိုယ်စားလှယ်လောင်းတွေ ဒီနေ့ကစပြီး တရားဝင် မဲဆွယ်စည်းရုံးနိုင်ပြီဖြစ်ပါတယ်။
2018-09-04
မန္တလေးမြို့မှာ ဒီရက်ပိုင်းအတွင်း လူသေတဲ့အထိ လုယက်မှုတွေ ဖြစ်လာပြီးနောက်မှာ ရန်ကုန်မြို့မှာလည်း အလားတူ မှုခင်းတွေဖြစ်လာပြီး ပြည်သူတွေရဲ့ အသက်အန္တရာယ် ထိခိုက်မှာကို စိုးရိမ်မှုတွေ ရှိနေကြပါတယ်။
2018-09-04
ရိုက်တာ သတင်းထောက် နှစ်ယောက်အပေါ် တရားရုံးစီရင်ချက်နဲ့ ပတ်သက်လို့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်နဲ့၊ လူ့အခွင့်အရေး အဖွဲ့တချို့ရဲ့ မှတ်ချက်တွေကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် စုစည်းတင်ပြထားပါတယ်။
2018-09-04
ရိုက်တာ သတင်းထောက် ၂ ဦးကို ထောင်ဒဏ် ၇ နှစ် ပြစ်ဒဏ်ချမှတ်လိုက်တာနဲ့ ပတ်သက်လို့ နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ လူ့အခွင့်အရေးအဖွဲ့တွေက ပြစ်တင်ရှုတ်ချလိုက်ကြပြီး သူတို့ကိုအမြန်ဆုံးလွှတ်ပေးဖို့ တောင်းဆိုလိုက်ကြပါတယ်။
2018-09-03
ရိုက်တာသတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ မြန်မာနိုင်ငံ အစိုးရလျှို့ဝှက်ချက်အက်ဥပဒေနဲ့ ထောင်ဒဏ် ၇နှစ် ချမှတ်ခံရတဲ့အပေါ် သတင်းသမားတွေရဲ့ လွတ်လပ်စွာ ထုတ်ဖော်ရေးသားခွင့် နဲ့ အစိုးရရဲ့ လျှို့ဝှက်ချက် ဖော်ထုတ်မှုဆိုတဲ့ စွပ်စွဲချက်ကြား ကွာဟမှုကို ဝါရင့်သတင်းစာဆရာတွေရဲ့ သဘောထားအမြင်တွေ RFA သတင်းထောက် ကိုကျော်သူ က စုစည်းတင်ပြထားပါတယ်။
2018-09-03
ရိုက်တာသတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ရဲ့ တယ်လီဖုန်းထဲမှာ ပုပ်ရဟန်းမင်းကြီးလမ်းကြောင်း၊ ဒု -သမ္မတ ဦးမြင့်ဆွေ ရခိုင်ခရီးစဉ် လမ်းကြောင်း၊ ရခိုင့်တပ်မတော် AA က ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်မှူးကြီး ညိုထွန်းအောင်ရဲ့ ဖုန်းနံပါတ် စတာတွေ တွေ့ရှိတဲ့အတွက် မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက် အက်ဥပဒေ ပုဒ်မ ၃(၁)(ဂ) အရ တရားရုံးက ထောင်ဒဏ် ၇ နှစ်ချမှတ်လိုက်ပါတယ်။ ဒီအကြောင်းကို RFA သတင်းထောက် ကိုထက်အာ က တင်ပြထားပါတယ်။
2018-09-03
ရိုက်တာသတင်းထောက် နှစ်ယောက်ကို ထောင်ဒဏ် ၇ နှစ် ချမှတ်လိုက်တဲ့အပေါ် ပြည်ထောင်စုလွှတ်တော်ကို ဒီနေ့ တက်ရောက်တဲ့ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်း နဲ့ လွှတ်တော်ကိုယ်စားလှယ်တချို့ရဲ့ အမြင်တွေကို RFA သတင်းထောက် ကိုဝင်းကိုကိုလတ် စုစည်းပေးပို့တာကို ကိုကျော်ထွန်းနိုင် က တင်ပြထားပါတယ်။
2018-09-01
ရခိုင်ပြည်နယ်အတွင်းဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေနဲ့ပတ်သက်ပြီး အသစ်ဖွဲ့စည်းလိုက်တဲ့ လွတ်လပ်သောစုံစမ်းရေးကော်မရှင်ဟာ ဒီကနေ့ မောင်တောမြို့နယ်ကို သွားရောက်ပြီး ဟိန္ဒူဘာသာဝင်တွေ သတ်ဖြတ်ခံခဲ့ရတဲ့ အခြေအနေတွေကို မေးမြန်းစုံစမ်းခဲ့ပါတယ်။