သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2022-09-12
မြေရှားသတ္တုတွေကို အများဆုံးတူးဖော်ထုတ်လုပ်တင်ပို့နေတဲ့ တရုတ်နိုင်ငံမှာ ထုတ်လုပ်မှု ကျဆင်းလာတာနဲ့အမျှ အိမ်နီးချင်းမြန်မာနိုင်ငံက စစ်ရေးပဋိပက္ခတွေဖြစ်ပွားနေတဲ့ ဒေသတွေမှာ တရားမဝင် တူးဖော်ထုတ်လုပ်တဲ့ မြေရှားသတ္တုတွေအပေါ် မှီခိုလာရပါတယ်။
2022-09-12
ဗြိတိန်နိုင်ငံက အသက် ၉၆ နှစ်အရွယ် ဒုတိယမြောက် အဲလိဇဘက် ဘုရင်မကြီးဟာ စက်တင်ဘာ ၈ ရက်နေ့က ကွယ်လွန်သွားခဲ့ပြီး လာမယ့် စက်တင်ဘာ ၁၉ ရက်နေ့မှာ ဈာပနအခမ်းအနားကျင်းပဖို့ ဗြိတိန်အစိုးရက စီစဉ်ထားပါတယ်။ ကွယ်လွန်ချိန်မှာ နိုင်ငံအများစုက ဝမ်းနည်းကြောင်း သဝဏ်လွှာတွေ တလေးတစား ထုတ်ပြန်ပေးပို့ကြပါတယ်။ ဒါပေမဲ့ မြန်မာစစ်ကောင်စီကတော့ ခုချိန်ထိ သဘာထားထုတ်ပြန်တာ၊ ဝမ်းနည်းကြောင်း သဝဏ်လွှာ ပေးပို့တာမျိုး မတွေ့ရသေးပါဘူး။
2022-09-12
ရှမ်းပြည်နယ်နဲ့ ကယားပြည်နယ် အစပ်မှာရှိတဲ့ ရှမ်းပြည်နယ် မိုးဗြဲမြို့မှာ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်တွေ ပြီးခဲ့တဲ့ စက်တင်ဘာလ ၈ ရက်နေ့ကနေ ဒီနေ့အထိ တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။ အဲဒီတိုက်ပွဲတွေမှာ လက်နက်ကြီးကျည်တွေကျလို့ နေအိမ် အလုံး ၁၀၀ လောက် ထိခိုက်ပျက်စီးခဲ့ရသလို အရပ်သားသုံးဦး သေဆုံးသွားတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
2022-09-12
စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးအဖွဲ့တွေအကြား တိုက်ခိုက်မှုတွေပြင်းထန်နေတဲ့ မကွေးတိုင်းမှာ ပြီးခဲ့တဲ့ အချိန် ၁၀ လအတွင်း စစ်ကောင်စီတပ်က လေကြောင်းကနေ တိုက်ခိုက်မှု ၁၂ ကြိမ်လောက်အထိ ရှိခဲ့တယ်လို့ ဒေသခံတွေနဲ့ PDF အဖွဲ့တွေက ပြောပါတယ်။
2022-09-11
ကယားပြည်နယ်နဲ့ ရှမ်းပြည်နယ်အစပ်က မိုးဗြဲမြို့ပေါ်ကို စစ်ကောင်စီတပ်တွေ ဝင်ရောက်လာပြီးနောက် လက်နက်ကိုင် ခုခံသူတွေနဲ့ စစ်ကောင်စီတပ်တွေအကြား ၄ ရက် ကြာတဲ့အထိ တိုက်ပွဲ ဆက်တိုက် ပြင်းထန်နေပါတယ်။
2022-09-10
လူဦးရေ ၅၄ သန်းရှိတဲ့ မြန်မာနိုင်ငံမှာ လူ ၁၄ ဒသမ ၄ သန်းက လူသားချင်းစာနာမှု အကူအညီ လိုအပ်ပြီး ၁၃ ဒသမ ၂ သန်းက စားနပ်ရိက္ခာ မဖူလုံဘူးလို့ WFP ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်က ပြောထားပါတယ်။
2022-09-10
စစ်ကိုင်းတိုင်း၊ ဝက်လက်နဲ့ ရွှေဘိုအစပ်က ဖွတ်လှိုင်းရွာ၊ ရင်းမကန်ရွာနဲ့ ချောင်းဆုံရွာတွေကို စစ်ကောင်စီတပ်က စတင်ဘာ ၉ ရက် မနေ့ညနေပိုင်းမှာ လေကြောင်းတိုက်ခိုက်ခဲ့လို့ ဒေသခံတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး၊ သုံးထောင်နီးပါး ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2022-09-09
မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့အဖွဲ့ဟာ စက်တင်ဘာလ ၆ ရက်နေ့က ရုရှားနိုင်ငံ အဏုမြူကော်ပိုရေးရှင်း တာဝန်ရှိသူတွေနဲ့ တွေ့ဆုံပြီး မြန်မာနိုင်ငံမှာ အသေးစား နျူကလီးယား ဓာတ်ပေါင်းဖိုတည်ဆောက်ရေးနဲ့ နျူကလီးယားစွမ်းအင် ပူးပေါင်းဆောင်ရွက်ရေး ကိစ္စတွေကို သဘောတူ လက်မှတ်ရေးထိုးခဲ့ပါတယ်။
2022-09-09
စစ်အာဏာသိမ်းမှုကို အစောဆုံး လက်နက်ကိုင်ဆန့်ကျင်ခဲ့တဲ့ စစ်ကိုင်းတိုင်း ကလေးမြို့နယ်မှာ နှစ်ဘက်တိုက်ပွဲတွေနဲ့ စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးသတ်ဖြတ်မှုတွေကြောင့် ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း လူ ၁၀ ဦး သေဆုံးပြီး သုံးထောင်ခန့် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ကလေးမြို့နယ်ထဲကပဲ သာယာကုန်း၊ ထောက်ကြန့်၊ ချောင်းခွ၊ သံဖို၊ နတ်ချောင်း၊ ဟားခါးလေး စတဲ့ကျေးရွာတွေကနေ လူနေအိမ် ၁၀၀ နီးပါးလည်း မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ ဆိုပါတယ်။
2022-09-09
လူမှုကွန်ရက် Facebook အစား Okay Par အမည်ရ စစ်တပ်နဲ့ နီးစပ်တဲ့ မြန်မာပညာရှင်တွေ ထုတ်လုပ်ထားတဲ့ လူမှုကွန်ရက်ကို အသုံးပြုဖို့နဲ့ YouTube အစား Mtube ကို အသုံးပြုဖို့ စစ်ကောင်စီဘက်က နည်းပညာပိုင်းအရ ပြင်ဆင်နေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
2022-09-08
စစ်ကောင်စီအာဏာသိမ်းချိန်ကစလို့ သြဂုတ်လကုန်အထိ စစ်ကြောရေးမှာသေဆုံးသူ ဦးရေ ၂၀၀ ကျော် ရှိနေပြီလို့ လန်ဒန်အခြေအစိုက် Burma Human Rights Network (BHRN)အဖွဲ့က ပြောပါတယ်။ လက်တွေ့မှာ သေဆုံးသူအရေအတွက် အခုထက်ပိုများနိုင်ပြီး သေဆုံးသူတွေထဲ လူငယ်တွေ အများဆုံးဖြစ်တယ်လို့လည်း ဆိုပါတယ်။
2022-09-08
အဲဒီကိစ္စ အောင်မြင်တယ်ဆိုရင်၊ အရှေ့တောင်အာရှဒေသတွင်းက၊ တရားရုံးတစ်ရုံးအနေနဲ့၊ မြန်မာ အာဏာသိမ်းစစ်ကောင်စီရဲ့ များပြားလှတဲ့ လူ့အခွင့်အရေးချိုးဖေါက်မှုတွေအပေါ်၊ ပထမဆုံးအကြိမ် တရားစွဲဆိုနိုင်မှာဖြစ်ပါတယ်။
2022-09-08
လက်နက်ကိုင်ခုခံမှု အားကောင်းတဲ့ စစ်ကိုင်းနဲ့ မကွေးတိုင်း မှတ်ပုံတင်ကိုင်ဆောင်ထားတဲ့ အလုပ်သမားတွေအပေါ် ခွဲခြားဆက်ဆံတဲ့ အလုပ်ရှင်တွေကို ပုံစံနှစ်မျိုးနဲ့ အရေးယူဖို့ စီစဥ◌်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG အလုပ်သမားဝန်ကြီးဌာနက ပြောပါတယ်။ ရန်ကုန်တိုင်း စက်ရုံတွေကနေ ခွဲခြားဆက်ဆံပြီး အလုပ်ဖြုတ်ခံရတဲ့ အလုပ်သမားတွေနဲ့ သမဂ္ဂအဖွဲ့ဝင်တွေကတော့ NUG ရဲ့ အရေးယူမှုဟာ အပြောမဟုတ်ဘဲ လက်တွေ့ထိရောက်ဖို့ လိုအပ်တယ်လို့ ပြောပါတယ်။
2022-09-08
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) မှာ လက်မှတ်ရေးထိုးပြီးရင် လက်နက်ဆက်ကိုင်ချင်တဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ စစ်ကောင်စီတပ်နဲ့အတူ နယ်ခြားစောင့်တပ်ဖွဲ့တွေမှာ တာဝန်ထမ်းဆောင်ခွင့် ပေးမယ်လို့ ဩဂုတ် ၂၂ ရက် နေပြည်တော်မှာလုပ်တဲ့ အစိုးရအဖွဲ့ အစည်းအဝေးမှာ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောခဲ့ပါတယ်။
2022-09-07
သမ္မတပူတင်ဘက်က မြန်မာစစ်ခေါင်းဆောင်ကို နိုင်ငံတော်အဆင့် ဧည့်သည်တော်တစ်ဦးအနေနဲ့ တွေ့ဆုံတာ မဟုတ်ပါဘူး။ အဲဒီမြို့မှာ ကျင်းပနေတဲ့ အရှေ့ဖျားစီးပွားရေးဖိုရမ်ကို တက်ရောက်လာတဲ့သူတွေကို တစ်ဦးချင်းတွေ့ဆုံချိန်မှာ ခဏတွေ့တာ ဖြစ်ပါတယ်။