သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-04-04
ပြီးခဲ့တဲ့ကြားဖြတ်ရွေးကောက်ပွဲမှာ မဲပေးသူနည်းသွားတာဟာ ဒီမိုကရေစီစနစ်ထွန်းကားရေးအတွက် မကောင်းတဲ့ လက္ခဏာဖြစ်တယ်လို့ ရှုမြင်နေကြပါတယ်။
2017-04-04
၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲမှာ အာဏာရပါတီ NLD က မျှော်မှန်းခဲ့သလို မဲဆန္ဒနယ်အားလုံးမှာ အနိုင်မရခဲ့တာဟာ ပါတီရဲ့မူဝါဒဆိုင်ရာ အားနည်းချက်ကြောင့်ဖြစ်သလို လူထုရဲ့ ထောက်ခံအားကျဆင်းတာကြောင့်ဆိုတဲ့ သုံးသပ်ဝေ ဖန်မှုတွေ ထွက်ပေါ်လာပါတယ်။
2017-04-04
အစိုးရအဆက်အဆက် ထိထိရောက်ရောက်မနှိမ်နင်းနိုင်ခဲ့တဲ့ မူးယစ်ဆေးဝါးပြဿနာဟာ NLD အစိုးရလက်ထက်မှာလည်း အရှိန်မလျော့သွားပါဘူး။
2017-04-03
နိုင်ငံသားတွေရဲ့ လွတ်လပ်စွာပြောရေးဆိုခွင့်ကို ဖိနှိပ်ချုပ်ခြယ်ထားတဲ့ ၆၆ (ဃ) ဆက်သွယ်ရေး ဥပဒေကို NLD အစိုးရက အုပ်ချုပ်မှုသက်တမ်း ၁နှစ်တာအတွင်း ပြင်ဆင်ပယ်ဖျက်ဖို့ ပျက်ကွက်ခဲ့တဲ့ အပေါ် လေ့လာသုံးသပ်သူတွေရဲ့ အမြင်တွေကို RFA အဖွဲ့သား ကိုကျော်ကျော်အောင်က တင်ပြထားပါတယ်။
2017-04-03
NLD ပါတီဦးဆောင်တဲ့အစိုးရ တာဝန်ယူမှု နှစ်ပတ်လည်အဖြစ် ပြည်သူလူထုကို ပြောကြားခဲ့တဲ့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ရဲ့ အစီရင်ခံစာမိန့်ခွန်းထဲက အချက်တချို့ဟာ လက်တွေ့အခြေအနေတွေနဲ့ ကွာဟတာတွေ ရှိနေတယ် လု့ိထောက်ပြကြပါတယ်။
2017-04-03
ကချင်ပြည်နယ် ဖားကန့်ကျောက်စိမ်းတွင်းဒေသ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး နဲ့ ဖွံ့ဖြိုးရေးအတွက် ကျောက်မျက် လုပ်ငန်းရှင်တွေ ထည့်ဝင်ထားတဲ့ လူမှုတာဝန်ခံမှု CSR ရန်ပုံငွေ ကျပ်သိန်းပေါင်း ၃ သောင်းကျော်ကို ဖားကန့်ဒေသ အပါအဝင် ရတနာနယ်မြေတွေမှာ ပွင့်လင်းမြင်သာစွာ နဲ့ အကျိုးရှိအောင် အသုံးချစေလိုကြောင်း ဒေသခံတွေနဲ့ လွှတ်တော် ကိုယ်စားလှယ်တွေက ပြောပါတယ်။
2017-04-02
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ရဲ့ မဲဆန္ဒနယ်ဖြစ်တဲ့ ရန်ကုန်တိုင်းဒေသ ကြီး ကော့မှူးမြို့နယ်က ကြားဖြတ်ရွေးကောက်ပွဲ အခြေအနေနဲ့ မဲပေးပိုင်ခွင့်ရှိသူ အများဆုံးရှိတဲ့ လှိုင်သာယာမြို့နယ်က မဲပေးမှုအခြေအနေတွေကို RFA သတင်းထောက် ကိုကျော်ဇောဝင်း က တင်ပြထားပါတယ်။
2017-04-02
ကြားဖြတ်ရွေးကောက်ပွဲကျင်းပတဲ့ လစ်လပ်မဲဆန္ဒနယ် ၁၉ နေရာထဲက အကြိတ်အနယ်ယှဉ်ပြိုင်မှုတွေ ရှိမယ့် နယ်မြေတွေထဲက မွန်ပြည်နယ် ချောင်းဆုံမြို့နယ်၊ ရခိုင်ပြည်နယ် အမ်းမြို့နယ်နဲ့ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ်တို့က မဲပေးမှု အခြေအနေတွေကို ကိုယ်တိုင်သတင်းသွားယူနေတဲ့ RFA သတင်းထောက် ကိုကျော်လွင်ဦး၊ ကိုဆက်ပိုင်တိုး၊ ကိုမင်းသိန်းအောင်တို့က ပေးပို့ထားပြီး မဝေယံမိုးမြင့် က တင်ပြထားပါတယ်။
2017-04-02
နယ်မြေမတည်ငြိမ်မှုကြောင့် ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်မှာ ရွေးကောက်ပွဲမကျင်းပနိုင်ခဲ့တဲ့ ရှမ်းပြည်နယ်တောင်ပိုင်းက ကျေးသီးမြို့နယ်နဲ့ မိုင်းရှူးမြို့နယ်တို့မှာ ဒီနေ့ ကျင်းပတဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ မဲပေးခွင့် ရကြပါပြီ။
2017-03-31
တစ်နှစ်တာပြည့်မြောက်ခဲ့ပြီဖြစ်တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရရဲ့ နိုင်ငံ့ အတွက် ဆောင်ရွက်ချက်တွေအပေါ် သုံးသပ်ဝေ ဖန်မှုတွေနဲ့ပတ်သက်ပြီး RFA အဖွဲ့သူ မခင်ခင်အိ စုစည်းတင်ပြထားတာ နားဆင်နိုင်ပါတယ်။
2017-03-31
ဘယ်ဘာသာဝင်မဆို ကိုယ်ယုံကြည်ကိုးကွယ်တဲ့ဘာသာ သာသနာတည်တန့်ရေးကိုလိုလားကြသလို ကိုယ့်ဘာသာ ညှိုးနွမ်းသွားမှာ နိမ့်ပါးပျောက်ကွယ်သွားမှာ စိုးရိမ်ကြပါတယ်။ ဘယ်လိုလူတွေက သာသနာကို ညှိုးနွမ်းစေတာလဲဆိုတာနဲ့ပတ်သက်ပြီး မခက်မာ ဆွေးနွေးတင်ပြပါလိမ့်မယ်။
2017-03-31
ကာလရှည်ကြာနေပြီဖြစ်တဲ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း မှာတွေ့ကြုံနေရတဲ့ ပြဿနာတွေကို တိုင်းဒေသကြီး အစိုးရက ဖြေရှင်းနိုင်ဖို့ ကြိုးစားပေမယ့် မပြေ လည်သေးပါဘူး။
2017-03-30
ကုမ္ပဏီပိုင်မရှိသူတွေနဲ့ ရေမဆေးကျောက်ရှာသူတွေ ဟာ ကျောက်စိမ်းတွေကို တနေရာကတနေရာ သယ် ဆောင်ခွင့်မရှိတဲ့အတွက် သူတို့ရထားတာတွေကို ကျောက်မျက်ရတနာကုမ္ပဏီတွေက အခယူပြီး သယ် ပေးနေပါတယ်။
2017-03-30
NLD အစိုးရသက်တမ်းတစ်နှစ်ပြည့် စီးပွားရေး စွမ်းဆောင်နိုင်ခဲ့မှုအပေါ် သုံးသပ်ချက်နဲ့ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် မြန်မာနိုင်ငံ စီးပွားရေး အလားအလာအကြောင်း RFA အဖွဲ့သား ကိုကျော်ကျော်အောင် တင်ပြထားတာ နားဆင်နိုင်ပါတယ်။
2017-03-28
မနေ့က ကျရောက်တဲ့ တော်လှန်ရေးနေ့အခမ်းအနားကို တပ်မတော်နဲ့ အာဏာရ NLD ပါတီတို့က နေပြည်တော်နဲ့ ရန်ကုန်မှာ နာမည်နှစ်မျိုးနဲ့ ကျင်းပခဲ့ပါတယ်။