သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-09-01
သြဂုတ်လ ၃၁ ရက်နေ့က ထုတ်ဝေတဲ့ The New York Times သတင်းစာနဲ့ The Diplomat မဂ္ဂဇင်းတွေမှာ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို Facebook က ဖယ်ရှားပိတ်ပင်လိုက်တာနဲ့ စပ်လျဉ်းပြီး အကျိုးဆက်တွေကို ဖော်ပြထားပါတယ်။ ဦးခင်မောင်စိုးက ကောက်နှုတ်တင်ပြပါလိမ့်မယ်။
2018-08-31
တပ်မတော်က သတင်းထုတ်ပြန်နေတဲ့ လူမှုကွန်ရက်စာမျက်နှာ တော်တော်များများကို ဖေ့ဘွတ်စ်က တရားဝင်ပိတ်လိုက်ပြီး ရက်ပိုင်းအတွင်းမှာပဲ တပ်မတောကို အားပေးထောက်ခံသူတွေနဲ့ အမျိုးသားရေးတက်ကြွလှုပ်ရှားသူ အများစုဟာ ရုရှားနိုင်ငံ စိန့်ပီတာစဘတ်မြို့မှာ အခြေစိုက်တဲ့ လူမှုကွန်ရက်တစ်ခုဖြစ်တဲ့ VK ကို ပြောင်းလဲ အသုံးပြုလာကြပါတယ်။ RFA သတင်းထောက် မသက်စုအောင်က တင်ပြထားပါတယ်။
2018-08-31
ရခိုင်ပြည်နယ်အတွင်းဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေနဲ့ပတ်သက်ပြီး အသစ်ဖွဲ့စည်းလိုက်တဲ့ လွတ်လပ်သောစုံစမ်းရေးကော်မရှင်ဟာ ဒီကနေ့ မောင်တောမြို့နယ်ကို သွားရောက်ပြီး ဟိန္ဒူဘာသာဝင်တွေ သတ်ဖြတ်ခံခဲ့ရတဲ့ အခြေအနေတွေကို မေးမြန်းစုံစမ်းခဲ့ပါတယ်။
2018-08-30
ကချင်ပြည်နယ်က စစ်ပြေးဒုက္ခသည်တွေအတွက် ပေးပို့တဲ့ အထောက်အပံ့တွေကို ကန့်သတ်ပိတ်ပင်နေတာတွေ အဆုံးသတ်ပေးဖို့ Fortify Rights လူ့အခွင့်အရေးအဖွဲ့က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။ မြန်မာတပ်မတော်ဟာ ကချင်ပြည်နယ်မှာ စစ်ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တယ်ဆိုတဲ့ ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေးအဖွဲ့ အစီရင်ခံစာ ထွက်ခဲ့ပြီးနောက် Fortify Rights ရဲ့ အစီရင်ခံစာ ဆက်တိုက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
2018-08-30
လူဦးရေသောင်းနဲ့ချီပြီး ရေဘေးဒဏ်သင့်ခဲ့တဲ့ ဆွာချောင်းရေလှောင်တမံ ကျိုးပေါက်တာနဲ့ပတ်သက်ပြီး သက်ဆိုင်ရာ တာဝန်ရှိသူတွေဘက်က ကြိုတင်သတိပေးတာတွေ အားနည်းခဲ့တယ်လို့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ လူမှုအဖွဲ့အစည်းတွေက ဝေဖန်နေကြပါတယ်။
2018-08-30
ကရင်ပြည်နယ် ဖာပွန်မြို့နယ် ကန်ညီနောင်ကျေးရွာနဲ့ ဝဲကြီးကျေးရွားတဝိုက်မှာ KNU တပ်မဟာ ၅ က ဒီကေဘီအေ ခွဲထွက်အဖွဲ့နဲ့ တိုက်ပွဲဖြစ်ပွားရင်း အစိုးရတပ်မတော် ဝင်ရောက်လာတာကြောင့် ပစ်ခတ်မှုတွေ ဆက်လက်ဖြစ်ပွားခဲ့ပါတယ်။
2018-08-29
ARSA ခေါ် ရိုဟင်ဂျာ အကြမ်းဖက်အဖွဲ့ဟာ ရိုဟင်ဂျာတွေရဲ့အကျိုးကို လုပ်ဆောင်နိုင်ခြင်းမရှိဘဲ သူတို့ကြောင့် ရိုဟင်ဂျာတွေ ဒုက္ခဆင်းရဲ ရောက်ခဲ့ရတာကို စဉ်းစားမိပုံ မရဘူးလို့ အမေရိကန်စစ်ကောလိပ်မှာ တာဝန်ထမ်းဆောင်နေတဲ့ ပါမောက္ခ ဇာကရီ အဘူဇာက ဝေဖန်လိုက်ပါတယ်။
2018-08-29
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပါအဝင် တခြားတပ်မတော်နဲ့ဆက်စပ်တဲ့ ဖေ့စ်ဘွတ်စာမျက်နှာတွေကို ဖေ့စ်ဘွတ်က ဖယ်ရှားလိုက်တဲ့အပေါ် လွှတ်တော်ကိုယ်စားလှယ်တချို့ရဲ့ အမြင်တွေကို RFA သတင်းထောက် ကိုဝင်းကိုကိုလတ် က စုစည်းတင်ပြထားပါတယ်။
2018-08-29
မြန်မာနိုင်ငံဟာ ICC အဖွဲ့ဝင်မဟုတ်တဲ့အတွက် လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့ အရေးယူနိုင်မှာ မဟုတ်ဘူးဆိုပြီး ဗိုလ်ချုပ်ကြီးတွေအနေနဲ့ စိတ်အေးလက်အေး မနေသင့်ဘူးလို့ HRW လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့က ပြောလိုက်ပါတယ်။
2018-08-28
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တပ်ပိုင်းဆိုင်ရာ Facebook အကောင့်တွေ ပိတ်သိမ်းခံရပြီးတဲ့နောက်မှာ နောက်ဆက်တွဲအနေနဲ့ ပြည်တွင်း Facebook သုံးစွဲမှု ကန့်သတ်ခံရမလားဆိုတဲ့ စိုးရိမ်မှုတွေနဲ့ တခြားသောတန်ပြန်ဆိုးကျိုးတွေ ရှိလာနိုင်တယ်လို့ ပြောကြသူတွေ ရှိပါတယ်။
2018-08-28
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တက္ကသိုလ်ကျောင်းသားတွေနဲ့ ရန်ကုန် တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမမှာ ရသစာပေစကားဝိုင်းဆိုတဲ့ခေါင်းစဉ်နဲ့ ဆွေးနွေးပွဲတခုကို သြဂုတ်လ ၂၈ ရက်နေ့က ကျင်းပခဲ့ပါတယ်။ အဲဒီဆွေးနွေးပွဲမှာ ရသစာပေအကြောင်းတွေတင်မကဘဲ လက်ရှိ ပညာရေးစနစ်ရဲ့ အားနည်းချက်တွေ၊ ပြုပြင်သင့်တာတွေကိုလဲ ကျောင်းသူကျောင်းသားတွေက ထောက်ပြကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း ပြန်လည်ဆွေးနွေးပြီး အဲဒီ အားနည်းချက်တွေကို ပြုပြင်ပေးဖို့ ပညာရေးဝန်ကြီးကို တိုက်တွန်းလိုက်ပါတယ်။
2018-08-27
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အပါအဝင် တပ်မတော်ထိပ်ပိုင်းခေါင်းဆောင် ၆ ဦးကို ရိုဟင်ဂျာ မွတ်စလင်တွေကို လူမျိုးတုံးသတ်ဖြတ်မှုနဲ့ ပတ်သက်ပြီး နိုင်ငံတကာ ရာဇဝတ်မှုခုံရုံး ICC မှာ စစ်ဆေးသင့်ကြောင်း ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေးအဖွဲ့က သြဂုတ်လ ၂၇ ရက်နေ့က ထုတ်ပြန် ပြောဆိုခဲ့ပါတယ်။
2018-08-27
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ Facebook စာမျက်နှာ အပါအဝင် တပ်မတော် သတင်းပြန်ကြားရေး Facebook စာမျက်နှာ အားလုံးနီးပါးကို ပိတ်သိမ်းလိုက်ကြောင်း Facebook က သတင်းထုတ်ပြန်လိုက်ပါတယ်။ RFA သတင်းထောက် မသက်စုအောင် က စုစည်းတင်ပြထားပါတယ်။
2018-08-27
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အပါအဝင် တပ်မတော်ထိပ်ပိုင်းခေါင်းဆောင် ၆ ဦးကို ရိုဟင်ဂျာ မွတ်စလင်တွေကို လူမျိုးတုံးသတ်ဖြတ်မှုနဲ့ ပတ်သက်ပြီး နိုင်ငံတကာ ရာဇဝတ်မှုခုံရုံး ICC မှာ စစ်ဆေးသင့်ကြောင်း ကုလသမဂ္ဂအချက်အလက်ရှာဖွေရေးအဖွဲ့က သြဂုတ်လ ၂၇ ရက်နေ့က ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။
2018-08-26
ရခိုင်ပြည်နယ် မောင်တောဒေသ အကြမ်းဖက် တိုက်ခိုက်ခံရမှု ဒီနေ့ တစ်နှစ်ပြည့်မြောက်ပြီ ဖြစ်ပါတယ်။