သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-04-14
ရန်ကုန်မြို့ အခြေစိုက် တက္ကသိုလ်ကျောင်းသားများ သမဂ္ဂအဖွဲ့ဝင်တွေရဲ့ "ဒေါင်းတို့မျိုးဆက်" သံချပ်အဖွဲ့ဟာ ဒဂုံမြို့သစ် (မြောက်ပိုင်း)က နာရေးကူညီမှုအသင်း (ရန်ကုန်) ရုံးရှေ့မှာ ဒီနေ့မနက်က သံချပ်ထိုး ဖျော်ဖြေခဲ့ပါတယ်။
2016-04-14
မွန်ပြည်နယ် ရေးမြိုနယ်က ငါးဖမ်းလှေတွေ ကျားဖေါင်တွေမှာ ရေလုပ်သားလိုအပ်ချက် များနေတာကြောင့် လူမှောင်ခိုကူးတဲ့လုပ်ငန်းတွေ ဖြစ်ထွန်းနေတယ်လို့ ငါးဖမ်းလှေတွေကနေ လွတ်မြောက်လာသူတချို့ က ပြောပါတယ်။
2016-04-13
မြန်မာနိုင်ငံမှာ ပူပြင်းတဲ့ အယ်လ်နီညို ရာသီဥတုနဲ့ ကြုံတွေ့နေရတာကြောင့် အခုသြင်္ကန်ကာလအတွင်း အပူချိန်လွန်ကဲတဲ့ နေ့လည်ပိုင်းတွေမှာ ရေမကစား ကြဖို့ ရန်ကုန်တိုင်းမှာ ဒေသန္တရအမိန့် ထုတ်ပြန်ထားပါတယ်။
2016-04-13
သြင်္ကန်အကြိုနေ့မှာ နိုင်ငံတော်သမ္မတ ဦးထင်ကျော် က သမ္မတအိမ်တော်မှာ ကျင်းပတဲ့ မဟာသြင်္ကန်ပွဲတော်မှာ ပါဝင်ဆင်နွှဲခဲ့ပြီး ရန်ကုန်မြို့ နဲ့ မန္တလေးမြို့တို့မှာလည်း ဝန်ကြီးချုပ်တွေက ဗဟိုမဏ္ဍပ်တွေကို ဖွင့်လှစ်ပေးခဲ့ပါတယ်။
2016-04-13
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်က ရခိုင်အမျိုးသားပါတီဝင် ၃ ဦး ထုတ်ပယ်ခံရပြီးနောက် မြို့နယ်ပါတီ အလုပ်အမှုဆောင် ၆ ဦး ထပ်မံနှုတ်ထွက်လိုက်ပါတယ်။
2016-04-10
မြန်မာ-အိန္ဒိယနှစ်နိုင်ငံ ဆက်ဆံရေးမှာ အဓိကကျ တဲ့ ရခိုင်ပြည်နယ်က ကုလားတန်မြစ်ကြောင်း ဘက်စုံဖွံ့ဖြိုးရေးစီမံကိန်းဟာ လာမယ့် ဇူလိုင်လ ထဲမှာ စီမံကိန်းပြီးစီးတော့မှာ ဖြစ်ပါတယ်။
2016-04-10
တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တွေ အပါအဝင် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ် စားလှယ်တွေက ရန်ကုန်တိုင်း မှော်ဘီမြို့နယ်က ဆင်းရဲသား ဂေဟာမှာ အလှူဒါနပြုခဲ့ကြပါတယ်။
2016-04-10
ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်ဟာ ရန်ကုန်တိုင်းဒေသကြီးအစိုးရ၊ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးမှာ ဒီနေ့တွေ့ဆုံဆွေးနွေးခဲ့ပြီး မဲဆန္ဒရှင်ပြည်သူတွေနဲ့ မနေ့က တာမွေမြို့နယ် နတ်ချောင်း ရပ်ကွက် နတ်ချောင်း အားကစားကွင်းမှာ တွေ့ဆုံခဲ့ပါတယ်။
2016-04-09
ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ကျင်းပနေတဲ့ တိုင်းရင်းသားတွေရဲ့ NCA အပစ်ရပ်စာချုပ်ပြန်လည် သုံးသပ်ရေး အစည်းအဝေးအကြောင်း ဦးအောင်မိုးမြင့်က တင်ပြထားပါတယ်။
2016-04-08
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ဖို့အတွက် ဆောင်ရွက်ခဲ့ရာမှာ မနေ့က နိုင်ငံရေးအကျဉ်းသား ၉ဝ ကျော် လွတ်မြောက်ခဲ့ပါတယ်။
2016-04-08
Panama Papers လို့ အမည်တွင်ပြီး ကမ္ဘာ့ခေါင်းဆောင်တွေ ပါဝင်သက်နေတဲ့ ကမ္ဘာကျော် အခွန်ရှောင်စာရင်းထဲ မှာ နိုင်ငံခေါင်းဆောင်တွေအပြင်၊ မြန်မာနိုင်ငံက လူပုဂ္ဂိုလ်တွေလည်း ပါဝင်နေပါတယ်။
2016-04-08
မြန်မာပြည်တွင်းမှာ တရုတ်ရဲ့ပုံရိပ် ဆိုးဆိုးရွားရွားကျဆင်းလာနေတဲ့အပေါ် တရုတ်အစိုးရက ပြန်လည်အဖတ်ဆည်ဖို့ နည်းပေါင်းစုံနဲ့ ကြိုးစားနေပါတယ်။
2016-04-08
ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာနိုင်ငံတော်ရဲ့ အတိုင်ပင်ခံအဖြစ် ပြည်ထောင်စုလွှတ်တော်က ခန့်အပ်တာဝန်ပေးမယ့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေကို သမ္မတ ဦးထင်ကျော်က လက်မှတ်ရေးထိုး အတည်ပြုလိုက်ပြီဖြစ်ပါတယ်။
2016-04-08
အစိုးရသစ်ပြောင်းပေမဲ့ အောက်ခြေအဆင့် ရပ်-ကျေး အုပ်ချုပ်ရေးမှူးသစ်တွေ ရွေးချယ်တဲ့နေရာမှာ အရင်လူဟောင်းတွေ အများစု ပြန်ပါလာတာတွေ့ရပြီး အရင်အတိုင်း ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်မှာ ရှိပါတယ်။
2016-04-08
ကနေဒါနိုင်ငံခြားရေးဝန်ကြီး Stephane Dion နဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်တို့ဟာ နေပြည်တော် နိုင်ငံခြားရေးဝန်ကြီးဌာနရုံးမှာ ပူးတွဲသတင်းစာရှင်းလင်းပွဲကျင်းပခဲ့ပြီး ကနေဒါနိုင်ငံက မြန်မာနိုင်ငံ ဒီမိုကရေစီစနစ် ခိုင်မာဖို့အတွက် ကူညီသွားမယ်လို့ ကတိပေးလိုက်ပါတယ်။