သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2022-08-24
မတရားဖမ်းဆီးချုပ်နှောင်တာတွေ၊ အကြမ်းဖက်မှုတွေ၊ နေအိမ်တွေနဲ့ ရုံးခန်းတွေကို ဝင်ရောက်စီးနင်းတာ၊ စက်ပစ္စည်းတွေကို မတရားသိမ်းယူတာ၊ တယ်လီဖုန်းကနေ ခြိမ်းခြောက်တာ၊ စစ်ဆေးမေးမြန်းတာနဲ့ စောင့်ကြည့်တာ အပါအဝင် အာဏာသိမ်းစစ်ကောင်စီရဲ့ မတရားနှိပ်စက်ညှဉ်းပန်းမှုတွေဟာ အလုပ်သမားတွေ၊ အလုပ်သမားသမဂ္ဂတွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ လုပ်ဆောင်နိုင်စွမ်းကို သိသိသာသာကန့်သတ်ရာရောက်တယ်လို့ ဆိုပါတယ်။
2022-08-24
အဲဒီလို လူပေါင်းထောင်နဲ့ချီသေဆုံးပြီး သိန်းနဲ့ချီ နေရပ်စွန့်ခွာခဲ့ရပေမယ့် ကျူးလွန်သူ စစ်တပ်အဆင့်မြင့်တာဝန်ရှိသူ တစ်ဦးတစ်ယောက်မှ တရားစွဲဆိုခံရတာမရှိဘူးလို့ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ AI က မနေ့က ပြောကြားလိုက်ပါတယ်။
2022-08-24
စစ်ကိုင်းတိုင်းအထက်ပိုင်း ကန့်ဘလူနဲ့ ကောလင်းမြို့နယ်အစပ်မှာ စစ်ကောင်စီတပ်နဲ့ PDF တပ်ဖွဲ့တွေအကြား ဩဂုတ်လ ၂၃ ရက် မနေ့က တိုက်ပွဲတွေပြင်းထန်ခဲ့ပြီးနောက် ည ၁၁ နာရီကျော်အချိန်လောက်မှာ စစ်ကောင်စီ တပ်က ဂျက်တိုက်လေယာဉ်သုံးစင်းနဲ့ ကောလင်းမြို့နယ် သစ်ဆိမ့်ကုန်းကျေးရွာဘက်ကို လာရောက်ပစ်ခတ်ခဲ့လို့ အရပ်သားလေးဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2022-08-24
စစ်ကောင်စီက ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးသန်းညိမ်းနဲ့ ဒုဥက္ကဋ္ဌ ဦးဝင်းသော် တို့ကို ရာထူးကဖယ်ရှားပြီး စစ်ကောင်စီအလိုကျ ပြုမူဆောင်ရွက်လေ့ရှိတယ်လို့ သတင်းကြီးတဲ့ ဒုဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ ကို ဗဟိုဘဏ်ရဲ့ ဥက္ကဋ္ဌအဖြစ် ဩဂုတ်လ ၁၉ ရက်နေ့မှာ ရာထူးတိုးပေးလိုက်ပါတယ်။
2022-08-24
မကွေးတိုင်း ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသမှာရှိတဲ့ လှေခုတ်နဲ့ ငတရော်ရွာကို ပြီးခဲ့တဲ့ ဩဂုတ်လ ၁၃ ရက်နေ့ကစလို့ စစ်ကောင်စီတပ်နဲ့ ပျူစောထီးပူးပေါင်းအဖွဲ့က မီးရှို့ခဲ့ကြတာကြောင့် နေအိမ် ၈၃၀ ခန့် မီးလောင်ဆုံးရှုံးခဲ့ပါတယ်။ လက်ရှိမှာ အိုးအိမ်တွေ ဆုံးရှုံးခဲ့ကြရတဲ့ ကျေးရွာနှစ်ရွာက ဒေသခံ ၄၀၀၀ ကျော်ဟာ စားဝတ်နေရေး အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရတယ်လို့ ကျေးရွာသားတွေက ပြောပါတယ်။
2022-08-23
PDF တွေဟာ ခေတ်မီချေမှုန်းရေးရိုင်ဖယ်တွေကို အများအပြားကိုင်ဆောင်နေကြပြီ ဖြစ်သလို မိုင်တဲလ်ဆက်သွယ်ရေးတာဝါတိုင်တွေက ရရှိတဲ့သတ္တုတွေကိုလည်း လက်နက်ထုတ်လုပ်ရာမှာ သုံးစွဲနေကြတယ်လို့ ဗိုလ်ဂဠုန်က ပြောပါတယ်။
2022-08-23
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စ နိုလင်းဟေဇာရဲ့ တောင်းဆိုချက်တွေကို စစ်ကောင်စီ ဘက်က လက်တွေ့မလိုက်လျောရင် လုံခြုံရေးကောင်စီကနေ ဖိအားပေးအရေးယူတာတွေ ဆက် လုပ်ဖို့ နိုင်ငံရေးအကဲခတ်တွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က တိုက်တွန်း ပါတယ်။
2022-08-23
မြန်မာ - တရုတ်နယ်စပ်မှာ တရုတ်ယွမ်ငွေဈေးနှုန်းဟာ တစ်လအတွင်း မြန်မာကျပ်ငွေ ၁၀၀ နီးပါးအထိ ဆက်တိုက်မြင့်တက်လာသလို ကုန်ပစ္စည်းဈေးနှုန်းတွေပါ မြင့်တက်လာတာကြောင့် လုပ်ငန်းအချို့ ရပ်နား ထားရတယ်လို့ တရုတ်နယ်စပ်ကုန်သည်တွေက ပြောပါတယ်။
2022-08-22
ရန်ကုန်မြို့ရှိ တက္ကသိုလ်ရိပ်သာလမ်းရှိ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နေထိုင်ခဲ့ရာ အမှတ် ၅၄ ခြံဝင်းနဲ့နေအိမ်ကို လေလံပစ်ပြီးခွဲဝေယူဖို့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သား ဦးအောင်ဆန်းဦးက အယူခံလျှောက်ထားခဲ့တာကို ပြည်ထောင်စု တရားလွှတ်တော်က မူလမှာ ပယ်ချခဲ့ပြီးဖြစ်ပေမယ့် သူက ထပ်မံပြီး အထူးလျှောက်လွှာတင်သွင်းခဲ့တာကို ပြည်ထောင်စုလွှတ်တော်တရားသူကြီးချုပ်က သြဂုတ်လ ၂၂ ရက်နေ့ မနေ့က ခွင့်ပြုလိုက်ပါတယ်။
2022-08-22
ကုလသမဂ္ဂအနေနဲ့ အထွေထွေအတွင်းရေးမှူးချုပ်ကိုယ်တိုင် မဖြေရှင်းဘဲ အထူးသံတမန်တွေ စေလွှတ်နေတာဟာ မှားယွင်းတဲ့နည်းလမ်းဖြစ်တယ်လို့ Progressive voice အဖွဲ့က မခင်ဥမ္မာက ပြောပါတယ်။
2022-08-22
မကွေးတိုင်း ဆိပ်ဖြူမြို့နယ်၊ ပိုင်းရွာက အသက် ၃၇ နှစ်အရွယ် မနှင်းဝေဟာ ခင်ပွန်းနဲ့အတူ ဇူလိုင် ၉ ရက်နေ့ ညနေပိုင်းက သူတို့နေထိုင်တဲ့ ယာတဲကနေ ရွာထဲက အိမ်မှာ မွေးမြူထားတဲ့ ဝက်တွေကို အစာကျွေးဖို့ အသွားမှာ ဖမ်းဆီးခံခဲ့ရပါတယ်။ ရွာမြောက်ဘက် အဝင်ဝနားမှာ ကင်းပုန်းဝပ်နေတဲ့ စစ်သားတွေက သူတို့ကို အဝေးကနေ သေနတ်နဲ့ လှမ်းပစ်ချိန်မှာ ခင်ပွန်းဖြစ်သူက ထွက်ပြေး လွတ်မြောက်ခဲ့ပေမယ့် မနှင်းဝေကတော့ ဖမ်းဆီးခံခဲ့ရတာလို့ ခင်ပွန်းဖြစ်သူ ကိုနိုင်ဝင်းက ပြောပါတယ်။
2022-08-22
စစ်ကောင်စီကို အားကောင်းကောင်းနဲ့ တွန်းလှန်နေတဲ့ စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် အနောက်မြောက်ပိုင်း ရွာသုံးရွာကို စစ်ကောင်စီတပ်သားတွေ ဝင်ရောက်ခဲ့တဲ့ နှစ်ရက်အတွင်း နေအိမ် ၂၅၀ ကျော် မီးရှို့ဖျက်ဆီး ခံခဲ့ရသလို သုံးရွာပေါင်း ဒေသခံခုနစ်ထောင်နီးပါး ထွက်ပြေး နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2022-08-22
ရခိုင်ပြည်နယ် သံတွဲမြို့နယ်က အိမ်ခြေ ၇၀ ကျော်ရှိတဲ့ ဂျိုင်သာကျေးရွာကို လာမယ့် စက်တင်ဘာလအတွင်း အပြီးသတ် ပြောင်းရွှေ့ပေးဖို့ စစ်ကောင်စီတပ်က ဖိအားပေး ပြောဆိုနေတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
2022-08-21
မကွေးတိုင်း ပေါက်မြို့နယ်ထဲကို အခုရက်ပိုင်း စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုး ဝင်ရောက်ခဲ့ပြီးနောက် ငါးရက်အတွင်း ရွာ ငါးရွာက အိမ်ခြေတစ်ရာကျော် မီးရှို့ခံခဲ့ရသလို ဒေသခံ ငါးထောင်လောက် ဘေးလွတ်ရာကို ထွက်ပြေးနေရပါတယ်။ အဲဒီရွာတွေအတွက် ရိက္ခာနဲ့ ဆေးဝါးသယ်ယူတာတွေကိုပါ စစ်ကောင်စီတပ်ဘက်က ကန့်သတ်ထိန်းချုပ်ထားတာကြောင့် ထွက်ပြေးနေရတဲ့ စစ်ဘေးဒုက္ခသည်တွေ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2022-08-20
ရန်ကုန်တစ်ဖက်ကမ်း ကြည့်မြင်တိုင်မြို့နယ်၊ စက်ဆန်းရပ်ကွက် ဖွံ့ဖြိုးရေးလမ်းမှာရှိတဲ့ နေအိမ်တစ်ခုမှာ ဩဂုတ်လ ၁၉ ရက် မနေ့ညနေ ငါးနာရီကျော်လောက် ပေါက်ကွဲမှုဖြစ်ခဲ့တာကြောင့် အထက်တန်းကျောင်းသား လူငယ်ခြောက်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။