သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-03-31
ရွေးကောက်ခံအရပ်သားသမ္မတသစ် ဦးထင်ကျော်ဟာ ဒီနေ့မနက်ပိုင်းမှာ သမ္မတဦးသိန်းစိန်ထံကနေ တရားဝင်အာဏာလွှဲပြောင်းရယူပြီး ပြည်ထောင်စုလွှတ်တော်မှာ ပထမဦးဆုံးနှုတ်ခွန်းဆက်မိန့်ခွန်းကို ပြောကြားခဲ့ပါတယ်။
2016-03-31
လူထုကရွေးချယ်တင်မြှောက်လိုက်တဲ့ NLD အစိုးရသစ်ဟာ ဒီကနေ့မှာ နိုင်ငံတာဝန်တွေကို လွှဲပြောင်းယူလိုက်တဲ့အပေါ် နိုင်ငံရေးပါတီခေါင်းဆောင်တချို့ရဲ့ အမြင်နဲ့ သုံးသပ်ချက်တွေကို RFA အဖွဲ့သူ မသင်းသီရိ စုစည်းတင်ဆက်ပေးထားတာ နားဆင်နိုင်ပါတယ်။
2016-03-30
ဒီနေ့ မတ်လ ၃ဝ ရက်နေ့ဟာ မြန်မာနိုင်ငံမှာ ၁၉၆၂ ခုနှစ် အာဏာသိမ်းပွဲအပြီး ပထမဆုံးအကြိမ် ဒီမိုကရေစီနည်းကျရွေးချယ်တဲ့ အစိုးရ ပေါ်ထွန်းလာတဲ့နေ့ဖြစ်ပါတယ်။ အစိုးရသစ်နဲ့ ပတ်သက်ပြီး မျှော်လင့်ချက်တွေနဲ့အတူ စိုးရိမ်မှုတချို့လည်း မြန်မာ့အရေးလှုပ်ရှားသူတွေ၊ စိတ်ဝင်စားသူတွေကြားမှာ ပေါ်ပေါက်နေပါတယ်။
2016-03-30
မြန်မာနိုင်ငံမှာ အမျိုးသမီးတွေကို အကာအကွယ်ပေးတဲ့ဥပဒေတွေ ရှိပေမယ့် လက်တွေ့မှာ အကောင်အထည်ဖေါ်ဖို့ ပျက်ကွက်နေကြောင်း အမျိုးသမီးအဖွဲ့အစည်း ၁၅ ဖွဲ့ကို ကိုယ်စားပြုတဲ့ အဖွဲ့အစည်းတွေက ဒီကနေ့ ရန်ကုန်မြို့ပုဇွန်တောင်မြို့နယ် Orchid Hotelမှာ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
2016-03-29
ဒီနေ့ကျင်းပတဲ့ ရခိုင်ပြည်နယ်လွှတ်တော်အစည်း အဝေးမှာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးညီပုကို ပြည်နယ်ဝန်ကြီးချုပ်အဖြစ်အမည်စာရင်း တင်သွင်းခဲ့တာကြောင့်ရခိုင်အမျိုးသားပါတီ(ANP) ရဲ့ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တွေက လွှတ်တော်အစည်းအဝေး မပြီးခင် အစည်းအဝေး ခန်းမထဲကနေ အားလုံးထွက်ခွာပြီး သပိတ်မှောက် ခဲ့ကြပါတယ်။
2016-03-29
ပြည်သူ့လွှတ်တော် ဥက္ကဌ နဲ့ အမျိုးသားလွှတ်တော် ဥက္ကဌတို့ အဆိုပြုထားတဲ့ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ ခုံရုံးအဖွဲ့ဝင် ၂ ဦးကို တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်အစုအဖွဲ့က ကန့်ကွက်ကြောင်း ဒီနေ့ ပြည်ထောင်စု လွှတ်တော်ထံ တင်ပြခဲ့ပေမယ့် အဆိုကို ပယ်ချလိုက်ပါတယ်။
2016-03-29
နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံထားရသူ ဦးထင်ကျော်ဟာ တိုင်းဒေသ ကြီးနဲ့ ပြည်နယ်ဝန်ကြီးချုပ် ၁၄ ဦးအမည်စာရင်းကို သက်ဆိုင်ရာလွှတ်တော် အသီးသီးထံ အဆိုပြုတင်သွင်းရာမှာ ဒီနေ့ ဝန်ကြီးချုပ် ၆ ဦးကို အတည်ပြု လိုက်ပါတယ်။
2016-03-25
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အသစ်ကို အဖွဲ့ဝင် ၅ ဦးနဲ့ ဖွဲ့စည်းဖို့ နိုင်ငံတော်သမ္မတ အဖြစ် ရွေးချယ်ခံထားရသူ ဦးထင်ကျော် က ပြည်ထောင်စုလွှတ်တော်ထံ တင်ပြထားပါတယ်။
2016-03-25
ရန်ကုန်၊ မန္တလေး ၊ ရှမ်း၊ ကယား၊ ရခိုင်ပြည်နယ် စတဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်တွေ ဒီကနေ့ စတင်ကျင်းပနေပါတယ်။ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှာ ရန်ကုန်မြို့တွင်း ဂုံးကျော်တံတား တည်ဆောက်တဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး ကိုယ်စားလှယ် အတော်များများက ဆွေးနွေးကြပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့က ရှင်းလင်းတင်ပြဖို့ တောင်းဆို ကြပါတယ်။
2016-03-25
မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေ အကြောင်း ထုတ်ပြန်ထားတဲ့ "ထုတ်ဖော်မှု အသစ်များနှင့် ဖိနှိပ်မှုအဟောင်းများ" ဆိုတဲ့ အစီရင်ခံစာကို Amnesty International အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ဒီကနေ့ ရန်ကုန်မြို့ Park Royal Hotel မှာ သတင်းစာရှင်းလင်းပွဲကျင်းပပြီး ထုတ်ပြန်လိုက် ပါတယ်။
2016-03-25
လာမယ့် မတ်လ ၂၈ရက်နေ့ အစည်းအဝေးတွေမှာ တိုင်းဒေသကြီးနဲ့ ပြည်နယ်ဝန်ကြီးချုပ် အမည်စာရင်းတွေကို သက်ဆိုင်ရာ လွှတ်တော်အစည်းအဝေးတွေမှာ တင်ပြလာနိုင်တယ်လို့ ပြည်နယ်နဲ့ တိုင်းလွှတ်တော်ဥက္ကဌတွေက ပြောပါတယ်။
2016-03-24
အစိုးရသစ်ထဲက ပြည်ထောင်စုဝန်ကြီး ၂ ဦးရဲ့ အငြင်းပွားစရာ အမေရိကန်ပါရဂူဘွဲ့လက်မှတ်တွေ နဲ့ ပတ်သက်လို့ ဝေဖန်မှုတွေရှိနေကြားက လွှတ်တော်က ဒီကနေ့ ကန့်ကွက်သူမရှိ တခဲနက်ထောက်ခံ အတည်ပြုလိုက်တဲ့ အပေါ် ဝေဖန်ထောက်ပြသူတွေရဲ့ အမြင်တွေကို မသင်းသီရိက ဆက်ပြောပြမှာပါ။
2016-03-24
ပြည်ထောင်စုဝန်ကြီး ၁၈ ဦးရဲ့ အမည်စာရင်းထဲမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက သူရဦးအောင်ကိုနဲ့ လက်ရှိ အမ်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဆွေလည်း ပါဝင်ပါတယ်။
2016-03-24
လွတ်လပ်ငြိမ်းချမ်းပန်းရဲ့လမ်းဆိုတဲ့ ဂီတအဖွဲ့ကို ဦးဆောင်နေသူ တေးရေး တေးဆို ကိုရဲလွင်ရဲ့ ဂီတနှစ် ၅ဝ ရွှေရတုခရီးအမှတ်တရ ဂီတပွဲကျင်းပမှာဖြစ်ပြီး ပွဲကရရှိတဲ့ ငွေကြေးအားလုံးကို ဒေါ်ဖြူဖြူသင်း ဦးဆောင်တဲ့ HIV ပိုးကူးစက်ခံကလေးနဲ့ လူနာစောင့်ရှောက်ရေးလုပ်ငန်းအတွက် လှူဒါန်းသွားမှာဖြစ်ပါတယ်။
2016-03-24
ပြည်ထောင်စုလွှတ်တော်က "ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များ လေ့လာဆန်းစစ်ရေး ကော်မရှင်"ရဲ့ ဥက္ကဌအဖြစ် တာဝန်ယူထားတဲ့ သူရဦးရွှေမန်းဟာ အစိုးရသစ်နဲ့ လွှတ်တော်တွေမှာ သွယ်ဝိုက်တဲ့နည်းနဲ့ သြဇာသက်ရောက်မှုရှိနေဆိုတဲ့ သုံးသပ်ချက်တွေရှိနေပါတယ်။