သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-07-30
မိုးဖြိုင်ဖြိုင်ရွာလိုက်တာနဲ့ ခုလို ရေကြီးတိုင်း မိုးများ လို့၊ တောင်ကျရေဆင်းလို့ ရေကြီးရတယ်လို့ သတင်းသမားတွေက ယေဘုယျဆန်ဆန် အဖြေ ထုတ်ပြတတ်ပါတယ်။ သက်ဆိုင်ရာဌာနတွေနဲ့ ကယ်ဆယ်ရေးအဖွဲ့တွေကလည်း ရေဘေး ဒုက္ခသည်တွေကို ထောက်ပံ့ကူညီကြပါတယ်။ သစ်တောပညာရှင်တွေကတော့ တောင်ပေါ်တောတွေ ဆုံးရှုံးသွားရတဲ့အတွက် သဘာဝဟန်ချက်ပျက် ပြီး ရေကြီးရတယ်လို့ ရှင်းပြပါတယ်။
2018-07-30
မွန်၊ ကရင်နဲ့ ပဲခူးက ရေဘေးဒုက္ခသည်တွေကို အစိုးရ၊ အရပ်ဖက်အဖွဲ့အစည်းတွေ၊ နိုင်ငံရေးပါတီတွေနဲ့ ပုဂ္ဂလိက အလှူရှင်တွေကလည်း ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေပေမယ့် ရေနစ်မြုပ်တဲ့နေရာတိုင်းကို အကူအညီတွေ မရောက်နိုင်ဘဲ အခက်အခဲတွေ ရှိနေပါတယ်။
2018-07-30
လူသတ်မှုတစ်ခုမှာ စွပ်စွဲခံထားရသူတွေကို ပြီးခဲ့တဲ့ရက်ပိုင်းက တရားရုံးက ကွင်းလုံးကျွတ် လွှတ်ပေးလိုက်တဲ့အပေါ် တရားစီရင်ရေးမဏ္ဍိုင်ကို ဝေဖန်မှုတွေ ပြင်းထန်နေပါတယ်။
2018-07-29
ဒီနှစ်ဇန်နဝါရီလကနေ ဇူလိုင်လအထိ ၇ လအတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားပြီး သေဆုံးသူ ၄၅ ယောက်ရှိနေပါတယ်။ ရောဂါဖြစ်ပွားသူဟာလည်း တစ်လအတွင်း ၃ ထောင်လောက် တိုးလာတဲ့ အခြေအနေ ဖြစ်နေတာကြောင့် စိုးရိမ်စရာဖြစ်နေ ပါတယ်။
2018-07-29
၂ဝ၁၈ - ၂ဝ၁၉ ဘဏ္ဍာရေးနှစ်အတွက် အစိုးရအသုံးစရိတ် ကျပ် ဘီလီယံ နှစ်သောင်းခွဲနီးပါးကို အစိုးရအဖွဲ့ကိုယ်စား စီမံကိန်းနဲ့ဘဏ္ဍာရေးဝန်ကြီးဌာနက ပြည်ထောင်စုလွှတ်တော်မှာ တင်ပြတောင်းခံထားပါတယ်။
2018-07-27
မုဒိမ်းမှုတွေ၊သက်ငယ်မုဒိမ်းမှုတွေကိုထိရောက် တဲ့ပြစ်ဒဏ်တွေ ချမှတ်နေပေမယ့်မုဒိမ်းမှုတွေဆက်ပြီး များလာနေဆဲပဲလို့ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်အရရော၊ အရပ်ဘက် အဖွဲ့အစည်းတွေရဲ့ စစ်တမ်းတွေအရပါ သိရပါတယ်။
2018-07-27
ကချင်ပြည်နယ် ဖားကန့်ကျောက်စိမ်းတွင်း ဒေသမှာ အခုနှစ်ပိုင်းတွေအတွင်း မြေပြိုတဲ့အတွက် ရေမဆေးကျောက်ရှာသူတွေ မကြာခဏဆိုသလို အစုလိုက်အပြုံလိုက် သေဆုံးကြရပါတယ်။
2018-07-26
မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ပြဿနာနဲ့ပတ်သက်ပြီး ၂ဝ၁၈ မြန်မာ့လူ့အခွင့်အရေးနဲ့ လွတ်လပ်မှု အက်ဥပဒေကို ထောက်ခံဖို့ ကင်တပ်ကီပြည်နယ် ဘာသာပေါင်းစုံအဖွဲ့က လက်မှတ်ရေးထိုးပြီး အမေရိကန် အထက်လွှတ်တော် အမတ် မစ်ချ် မက်ကောနဲ ကို တိုက်တွန်းခဲ့ကြပါတယ်။
2018-07-25
မလေးရှားနိုင်ငံနဲ့ အိန္ဒိယနိုင်ငံမှာ ဒုက္ခသည်တွေအဖြစ် နေထိုင်နေကြတဲ့ ချင်းတိုင်းရင်းသား ငါးသောင်းကျော် ၂ဝ၁၉ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက် နောက်ဆုံးထားပြီး နေရပ်ပြန်ကြဖို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက ဆုံးဖြတ်လိုက်တဲ့အပေါ် ချင်းနိုင်ငံရေးပါတီ ၆ ခုက ကန့်ကွက်လိုက်ပါတယ်။
2018-07-25
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်မှာ တပ်မတော်က သိမ်းယူထားတဲ့ လယ်ယာမြေဧကပေါင်း ၁၃ဝဝ ကျော်ထဲက အသုံးမပြုတဲ့မြေတွေကို ပြန်ပေးဖို့နဲ့၊ အသုံးပြုထားပြီးသား မြေတွေအတွက်လည်း နစ်နာကြေးရဖို့ ဒေသခံတွေက တောင်းဆိုနေကြပါတယ်။
2018-07-24
ကရင်ပြည်နယ်မှာ မိုးအဆက်မပြတ်ရွာနေတဲ့ အတွက် ဘားအံ၊ လှိုင်းဘွဲ့၊ မြဝတီ၊ ကော့ကရိတ်နဲ့ ကြာအင်းဆိပ်ကြီး မြို့နယ်တွေမှာ လူ ၈ ထောင်ကျော် ရေဘေးဒဏ်ခံနေရပါတယ်။
2018-07-23
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်ရဲ့ နဝမ ပုံမှန် အစည်းအဝေးတွေကို နေပြည်တော်မှာ ဇူလိုင်လ ၂၃ ရက်နေ့က စတင် ကျင်းပနေပါတယ်။ ဒီတကြိမ် အစည်းအဝေးက ပြည်သူတွေအတွက် အကျိုးရှိမယ့် ဘယ်လိုဆွေးနွေးမှုတွေ ရှိနိုင်မလဲ။
2018-07-23
ကယားပြည်နယ်အစိုးရက ဖွဲ့စည်းထားတဲ့ ဗိုလ်ချုပ်ကြေးရုပ်တု ဖြစ်မြောက်ရေးကော်မတီကို ဖျက်သိမ်းပြီး ကော်မတီအသစ် ဖွဲ့စည်းကာ ဆက်လက်ဆောင်ရွက်သွားမယ်လို့ ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက ဇူလိုင်လ ၂၃ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်ပါတယ်။
2018-07-21
တနင်္သာရီတိုင်းကို ဆီအိုးကြီးဖြစ်စေရမယ်ဆိုတဲ့ စစ်အစိုးရလက်ထက်က ကြွေးကြော်တဲ့ စီမံကိန်းအရ နဂိုရှိပြီးသားတောတွေကို ခုတ်ထွင်ရှင်းလင်းကြပါတယ်။ ဒီလို အကြောင်းပြချက်နဲ့ ကမ္ဘာ့မိုးသစ်တော တဟက်တာကို သစ်တောဘဝကနေ ဆီအုန်းတမျိုး တည်းစိုက်တဲ့ စိုက်ခင်းဘဝ ပြောင်းလိုက် တိုင်း လေထုထဲ ကာဗွန် ၁၇၄ တန်ရောက်သွား တယ်လို့ သုတေသီတွေက ပြောပါတယ်။
2018-07-20
ထိုင်းနိုင်ငံ သမာဆက် (Thammakaset) ကြက်သားစက်ရုံက အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရတဲ့ မြန်မာအလုပ်သမား ၁၄ ယောက်ဟာ နစ်နာမှုအတွက် လျော်ကြေးငွေ ရရှိမှာဖြစ်သလို၊ အသရေဖျက်မှုနဲ့ အလုပ်ရှင်က တရားစွဲထားတဲ့ အမှုမှာလည်း အနိုင်ရသွားခဲ့ပါတယ်။