သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-06-27
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာမှာ မြေစာပုံပြိုတာမျိုးလို မဟုတ်ဘဲ လွန်ခဲ့တဲ့သုံးလေးရက်က စလို့ အပေါ်ကနေ မြေသားတွေ ရွေ့လျားဆင်းလာတဲ့အတွက် အိမ်တွေပြောင်းရွှေ့ခဲ့ရပါတယ်။
2018-06-27
ပြီးခဲ့တဲ့နှစ်အတွင်း မြန်မာနိုင်ငံ ရခိုင်ပြည်မြောက်ပိုင်းက ရိုဟင်ဂျာတွေကို အစိုးရလုံခြုံရေးတပ်ဖွဲ့တွေက အကြမ်းဖက်ခဲ့မှု ပတ်သက်ပြီး ရိုက်တာသတင်းဌာနက အထူးအစီရင်ခံစာ တစောင်ကို ဇွန်လ ၂၆ ရက်နေ့ နေ့စွဲနဲ့ ထုတ်ပြန်ခဲ့ရာမှာ တပ်မ ၃၃ နဲ့ တပ်မ ၉၉ တို့က စစ်ဆင်ရေးကာလအတွင်း လူ့အခွင့်အရေး ချိုးဖေါက်ခဲ့ပုံတွေကို ဖေါ်ပြထား ပါတယ်။
2018-06-26
ရခိုင်ပြည်နယ်အတွင်း လုံခြုံရေးပတ်သက်ပြီး တာဝန်ယူလုပ်ကိုင်ရာမှာ အားနည်းချက်ရှိတဲ့အတွက်ဆိုပြီး ဗိုလ်ချုပ်မောင်မောင်စိုးကို တပ်မတော်ကနေ ထုတ်ပယ်လိုက်ပါတယ်။
2018-06-26
အစိုးရတပ်မတော်ကို မတင်ပြဘဲ ကေအိုင်အေ ထိန်းချုပ်နယ်မြေအတွင်းမှာရှိတဲ့ စစ်ဘေးဒုက္ခသည် စခန်းတွေကို အကူအညီတွေပေးဖို့ သွားမယ်ဆိုရင် မတရားအသင်း ဆက်သွယ်မှုဥပဒေပုဒ်မ ၁၇(၁) နဲ့ အရေးယူနိုင်တယ်ဆိုတဲ့ တားမြစ်ချက်ကြောင့် အကူအညီပေးမယ့်အဖွဲ့အစည်းတွေ အခက်အခဲ ကြုံတွေ့နေပါတယ်။
2018-06-26
ကချင်ပြည်နယ် မိုးညှင်းမြို့နယ်မှာ မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲနေကြသူတွေကို အစိုးရအာဏာပိုင်တွေက နှိမ်နှင်းအရေးယူမှု အားနည်းနေကြောင်း ဒေသခံတွေက ဝေဖန်နေကြပါတယ်။
2018-06-26
လိုင်စင်မဲ့ကားတွေကို ဖမ်းဆီးအရေးယူမယ်ဆိုတဲ့ တိုင်းအစိုးရအဖွဲ့တွေရဲ့ ညွှန်ကြားချက်တွေကြောင့် တိုင်းဒေသကြီးတော်တော်များများက လူမှုအဖွဲ့တချို့ ပရဟိတလုပ်ငန်းတွေ ရပ်နားထားရပါတယ်။
2018-06-25
မြန်မာနိုင်ငံမှာ မိုးတွင်းဆို ရေကြီး၊ နွေရာသီ ဆို ရေရှားတဲ့ဒုက္ခ နှစ်စဉ်လိုလိုကြုံနေရပါတယ်။ မိုးရေဟာရေချိုဖြစ်တာမို့ ကမ္ဘာမှာတနေ့တခြား ရှားပါးလာတဲ့ ရေချိုတွေ အလဟဿ ဆုံးရှူံးရတာလည်းဖြစ်ပါတယ်။
2018-06-21
ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR ရဲ့ထုတ်ပြန်ချက်အရ ကမ္ဘာပေါ်က လူပေါင်း ၆၈ သန်းခွဲကျော်ဟာ သူတို့ရဲ့အိမ်တွေကို စွန့်ခွာပြီး ဒုက္ခသည်အဖြစ်နေထိုင်နေကြရတယ်လို့ ဆိုပါတယ်။
2018-06-21
လာမယ့်ရက်ပိုင်းတွင်း ကျင်းပတော့မယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဒုတိယအကြိမ် နိုင်ငံလုံးဆိုင်ရာပါတီ ညီလာခံမှာ ဘယ်လိုအရေးကြီးတဲ့ ဆွေးနွေးချက်တွေ ရှိနိူင်ပါသလဲ။
2018-06-21
ဇူလိုင်လဆန်းမှာ ကျင်းပဖို့ လျာထားတဲ့ တတိယအကြိမ် ၂၁ ရာစု ပင်လုံညီလာခံမှာ တိုင်းရင်းသားအဖွဲ့တွေ လိုလားတဲ့ ပြည်နယ် ဖွဲ့စည်းပုံ ရေးဆွဲရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ အစိုးရနဲ့ တပ်မတော်က အတည်ပြုလိုတဲ့ ပြည်ထောင်စုက ခွဲမထွက်ရေးနဲ့ဆိုင်တဲ့ကိစ္စတွေ ဆွေးနွေးမှာ မဟုတ်သေးဘူးလို့ တိုင်းရင်းသားခေါင်းဆောင်တွေ က ပြောကြပါတယ်။
2018-06-20
ပြည်ထောင်စုအဆင့်နဲ့ တိုင်းဒေသကြီး ပြည်နယ် အဆင့် အစိုးရအဖွဲ့ဝန်ကြီးဌာနတွေ ကို ပြည်တွင်း၊ ပြည်ပ ပုဂ္ဂလိက စီးပွားရေး လုပ်ငန်းရှင်တွေ ဖိတ်ကြားတဲ့ အခမ်းအနားတွေကို တက်ရောက်ခြင်းမပြုဖို့ နိုင်ငံတော်သမ္မတရုံးက ညွှန်ကြားချက် ထုတ်ပြန်ပြီး တားမြစ်လိုက်ပါတယ်။
2018-06-19
အခုအခါ အချိန်စက္ကန့် နှစ်စက္ကန့်တိုင်း ကမ္ဘာပေါ်က လူတစ်ဦးကျ အိုးအိမ်စွန့်ထွက်ပြေးနေရတယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး က ထုတ်ပြန်ပါတယ်။
2018-06-19
မြန်မာတစ်နိုင်ငံလုံးမှာ ၆ လ အတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားပြီး ဆေးရုံတက်ရသူ အရေအတွက်ဟာ သုံးထောင်ကျော်ရှိပြီး ၂၃ ဦး သေဆုံးခဲ့ပါတယ်။
2018-06-19
ရခိုင်ပြည်နယ်ကို မနေ့က ရောက်ရှိနေတဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူး ကိုယ်စားလှယ် Christine Burgener ခရစ်စတင်းဘာဂီးနာ ဟာ ဒီနေ့ မောင်တောမြို့နယ်မှာရှိတဲ့ ဒုက္ခသည်စခန်းတွေနဲ့ ကျေးရွာတွေကို သွားရောက်လေ့လာခဲ့ပါတယ်။
2018-06-18
မွန်ပြည်နယ်မှာ မနေ့ညကစတင်ပြီး မိုးကြီးခဲ့တာကြောင့် မော်လမြိုင်၊ ပေါင်၊ မုဒုံ၊ သံဖြူဇရပ် အပါအဝင် မြို့ ၆ မြို့မှာ ရေကြီး ရေလျှံမှုတွေ ဖြစ်ပေါ်ပြီး ကိုယ်ဝန်ဆောင်အမျိုးသမီး မြွေကိုက်ခံရကာ သေဆုံးခဲ့ပါတယ်။ လတ်တလောမှာ ကယ်ဆယ်ရေးစခန်းတွေ ယာယီဖွင့်လှစ်ပြီး လူဦးရေ နှစ်ထောင်ကျော် ရွှေ့ပြောင်းနေရပါတယ်။