သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2022-05-11
တိုင်းပြည်ရဲ့ ထိပ်တန်းလုပ်ငန်းရှင်ကြီး နှစ်ဦးဖြစ်တဲ့ ဧဒင် ဦးချစ်ခိုင်နဲ့ ဇေကမ္ဘာ ဦးခင်ရွှေတို့ကို စစ်ကောင်စီက ပြီးခဲ့တဲ့ မတ်လနဲ့ ဧပြီလထဲမှာ ဆက်တိုက်ဆိုသလို ဖမ်းဆီးခဲ့ပါတယ်။ ဇေကမ္ဘာ ဦးခင်ရွှေနဲ့ သားဖြစ်သူ ဦးဇေသီဟကို မတ်လ၊ ဧဒင် ဦးချစ်ခိုင်နဲ့ သားဖြစ်သူ ဦးဝင်းမင်းခိုင်ကို ဧပြီလထဲမှာ ဖမ်းဆီးခဲ့တာပါ။
2022-05-11
အာဏာသိမ်းပြီး တစ်နှစ်ကျော်အကြာမှာ စစ်ကောင်စီက ကမ္ဘာလှည့်ခရီးသည် လာရောက်မှု အပါအဝင် မြန်မာ့ ခရီးသွားလုပ်ငန်း တိုးတက်လာအောင် ကြိုးစားနေပေမယ့် မူလအခြေအနေပြန်ရောက်ဖို့ အနည်းဆုံး အချိန် နှစ်နှစ်လောက် စောင့်ရဦးမယ်လို့ ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်းရှင်တွေ၊ ဧည့်လမ်းညွှန်တွေက ပြောပါတယ်။
2022-05-10
မြန်မာစစ်ကောင်စီဟာ အာဆီယံနဲ့ ကတိကဝတ်ပြုထားတဲ့ ဘုံသဘောတူချက် ငါးချက်ကို အကောင်အထည်ဖော်ဖို့ ပျက်ကွက်ခဲ့ပြီး ပူးပေါင်းဆောင်ရွက်မှုလည်း မရှိခဲ့တဲ့အတွက် အာဆီယံရဲ့ အရေးကြီးတဲ့ အစည်းအဝေးတွေ မှန်သမျှ နိုင်ငံရေးကိုယ်စားလှယ်တွေကို မဖိတ်ဘူးလို့ သူတို့အသင်းမှာ ဆုံးဖြတ်ထားပါတယ်။
2022-05-10
မြန်မာနိုင်ငံကို လူသားချင်းစာနာမှုအကူအညီတွေပေးနိုင်ဖို့ အာဆီယံက စစ်ကောင်စီရဲ့လုပ်ငန်းအဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ မေလ ၆ ရက်နေ့က ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့မှာကျင်းပတဲ့ အာဆီယံအစည်းအဝေ။မှာဆုံးဖြတ်ခဲ့ပါတယ်။
2022-05-10
ပြီးခဲ့တဲ့လကစပြီး သွေးသောက်လို့ အမည်ပေးထားတဲ့အဖွဲ့တစ်ခု မန္တလေးမြို့မှာ ပေါ်ပေါက်လာပြီးနောက်ပိုင်း မြန်မာနိုင်ငံရဲ့ ဒေသတချို့မှာလည်း သွေးသောက်နဲ့ အလားတူအဖွဲ့တွေ နာမည်အမျိုးမျိုးနဲ့ ပေါ်လာပြီး စစ်ကောင်စီကို နည်းမျိုးစုံနဲ့ ဆန့်ကျင်နေတဲ့သူတွေ အသက်အန္တရာယ် ခြိမ်းခြောက်ခံရမှုတွေ ရှိလာနေပါတယ်။
2022-05-10
ရက္ခိုင့်တပ်တော် (AA) နဲ့ ဆက်စပ်တယ်ဆိုပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေနဲ့ တရားစွဲခံရသူ ၁၀၀ ကျော်ကို စစ်ကောင်စီက အမှုရုပ်သိမ်းပြီး ပြန်လွှတ်ပေးခဲ့ပေမယ့် နောက်ထပ် လူ ၇၀ ကျော် ကျန်ရှိနေသေးတယ်လို့ အရပ်ဘက်အဖွဲ့တွေက ပြောပါတယ်။
2022-05-09
ဒီအစီအစဉ်အရ ၂ဝ၂၁ ခုနှစ်နဲ့ ၂ဝ၂၂ ခုနှစ် အစောပိုင်းကာလတွေမှာ ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်က ဘုရားပေါင်ရွာနဲ့ တောင်ပေါက်ရွာတွေက မိသားစု ၉ဝ လောက် စုစုပေါင်း လူဦးရေ ၄ဝဝ လောက်အတွက် အထောက်အပံ့ပေးထားတာ ဖြစ်ပါတယ်။
2022-05-09
NUG နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်က စစ်ကောင်စီခေါင်းဆောင်ရဲ့ကမ်းလှမ်းချက်ဟာ မြန်မာ့နိုင်ငံရေးမှာစစ်တပ်ပါဝင်မှု သက်ဆိုးရှည်ရေးအတွက် အဖန်တလဲလဲသုံးနေတဲ့ နည်းဟောင်းတစ်ခုသာ ဖြစ်တယ်လို့ ဝေဖန်ပါတယ်။
2022-05-09
ပြီးခဲ့တဲ့ ဧပြီလကုန်ပိုင်းမှာ စစ်ကောင်စီက လက်ရှိသံအမတ် Pete Vowles ကို လက်မခံနိုင်တဲ့အတွက် တခြားတစ်ယောက်ကို ခန့်အပ်ဖို့ ပြောဆိုခဲ့ပါတယ်။ ဒီပြဿနာဟာ စစ်ကောင်စီရဲ့ သံရေးတမန်ရေးမှာ အထီးကျန် ပိုဖြစ်လာနေတာကို ပြသနေပြီး၊ သံအမတ်တွေကို ပြစ်မှုနဲ့နေရာပြောင်းတာတွေ၊ တချို့နေရာတွေကို သံအမတ်မထားနိုင်တာတွေလည်း ပေါ်ပေါက်နေပါတယ်။
2022-05-09
အာဏာသိမ်းပြီးတဲ့နောက် စစ်ကောင်စီတပ်နဲ့ အပြင်းအထန် တိုက်ခိုက်နေတဲ့ အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အများစုက စစ်ကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင်ရဲ့ ငြိမ်းချမ်းရေးကမ်းလှမ်းချက်ကို လက်မခံဘဲ ပယ်ချလိုက်ပါတယ်။
2022-05-09
ကယား (ကရင်နီ) ပြည်နယ်အတွင်းမှာ စစ်ကောင်စီတပ်နဲ့ ကရင်နီ လက်နက်ကိုင်တပ်ဖွဲ့တို့ တစ်နှစ်နီးပါးအတွင်း တိုက်ပွဲပေါင်းအကြိမ်ရေ ၂၄၇ ကြိမ်ရှိပြီး စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှု ၁၂၃ ကြိမ် ရှိခဲ့တယ်လို့ မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) က အစီရင်ခံစာ ထုတ်ပြန်ထားပါတယ်။
2022-05-09
ဒေသခံတွေရဲ့ ပြောဆိုချက်၊ လွတ်လပ်တဲ့အဖွဲ့အစည်းအတွေရဲ့ ထုတ်ပြန်ချက်နဲ့ ပြည်တွင်းသတင်းမီဒီယာတွေပေါ် အခြေခံပြီး RFA က သီးသန့်ပြုစုထားတဲ့ စာရင်းတွေအရ မကွေးတိုင်း ဂန့်ဂေါ၊ ဆော၊ ထီးလင်း၊ ပေါက်၊ ဆိပ်ဖြူ၊ ပခုက္ကူ၊ မြိုင်၊ ရေစကြို၊ ငဖဲ၊ စေတုတ္တရာ စတဲ့မြို့နယ်တွေမှာ စစ်တပ်က အာဏာသိမ်းထားတဲ့ တစ်နှစ်ကျော်အတွင်း ၁၅၅ ယောက် အသတ်ခံရပြီး ၆၈၃ ယောက် အဖမ်းခံထားရပါတယ်။
2022-05-08
ကမ္ဘောဒီးယား ဒုတိယဝန်ကြီးချုပ်လည်းဖြစ်၊ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်လည်းဖြစ်တဲ့ မစ္စတာ ပရက်ဆော့ခွန်းနဲ့ အာဆီယံအတွင်းရေးမှူးချုပ် ဒါတိုလင်မ်ဂျော့ခ်ဟွိုင်တို့ ပူးတွဲဦးဆောင်ပြီး မြန်မာနိုင်ငံကို လူသားချင်းစာနာမှုအကူအညီပေးရေးအတွက် ဆွေးနွေးပွဲ ကျင်းပခဲ့တာပါ။
2022-05-08
လာမယ့် မေ ၁၂ ရက်နဲ့ ၁၃ ရက်နေ့မှာ ကျင်းပမယ့် အာဆီယံ - အမေရိကန် အထူးအစည်းအဝေးပွဲပြီးတဲ့နောက်မှာ အာဆီယံအထူးသံတမန် ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီး ပရက်ဆော့ခွန်းဟာ မြန်မာနိုင်ငံကို ဒုတိယအကြိမ်မြောက် လာဖို့ရှိနေပါတယ်။
2022-05-08
ကမ္ဘာ့စစ်ရေးအသုံးစရိတ်က ပထမဆုံးအကြိမ်အဖြစ် ၂၀၂၁ မှာ အမေရိကန်ဒေါ်လာ ၂ ထရီယံကျော်သွား ပြီး မြန်မာ့စစ်ရေးအသုံးစရိတ်က ၂၀၂၁ နှစ်ကုန်ပိုင်းမှာ အမေရိကန်ဒေါ်လာ သန်း ၃၁၀၀ ရှိမယ်လို့ ခန့်မှန်း ရပါတယ်။