သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-10-25
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် မှာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေး ပါတီက ရခိုင်အမျိုးသားပါတီ လွှတ်တော် ကိုယ်စားလှယ်လောင်းတွေအပေါ် ပုဂ္ဂိုလ်ရေးတိုက်ခိုက်ပြီး မဲဆွယ်စည်းရုံးခဲ့တာတွေရှိနေတာကြောင့် ရခိုင်အမျိုးသား ပါတီက မြို့နယ်ကော်မရှင်ထံ တိုင်ကြားထားပါတယ်။
2015-10-25
လာမယ့် ရွေးကောက်ပွဲမှာ ရခိုင်အမျိုးသား ပါတီ ANP ဟာ ရခိုင်ပြည်နယ်မှာ အစိုးရ ဖွဲ့နိုင်တဲ့အထိ ကြိုးစားသွားမှာဖြစ်ပြီး ပြည်နယ်ဝန်ကြီးချုပ်နေ ရာအတွက် ပါတီ ဥက္ကဌ ဒေါက်တာအေးမောင်ကို လျာထားကြောင်း ပါတီခေါင်းဆောင်တွေက ပြောပါတယ်။
2015-10-25
ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖံ့ွဖြိုးရေးပါတီ က သမ္မတလောင်းအဖြစ် ပါတီဥက္ကဌဖြစ်တဲ့ လက်ရှိ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကို လျာထားကြောင်း ပြောဆိုနေတာဟာ တစ်ဦးတစ်ယောက် ရဲ့ ပြောဆိုမှုတွေသာဖြစ်ကြောင်းနဲ့ သဘာဝ မကျကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်း က ပြောပါတယ်။
2015-10-25
ပြည်သူတွေအနေနဲ့ "သိုးနေတဲ့ ထမင်းကို အိုးအသစ် ထဲ မထည့်ကြဖို့" ဒေါ်အောင်ဆန်းစုကြည်က ပြော ကြားခဲ့ပါတယ်။
2015-10-25
အစိုးရစစ်တပ်ဟာ SSPP/SSA ရှမ်းမြောက်အဖွဲ့ရဲ့ အခြေတပ်စခန်းဖြစ်တဲ့ ဝမ်ဟိုင်းဌာနချုပ်အနီးကို ထိုးစစ်ဆင်နေပြီး တိုက်ပွဲတွေကြောင့် ထွက်ပြေး တိမ်းရှောင်နေရတဲ့ ဒုက္ခသည်အရေအတွက် တိုးလာ တယ်လို့ SSPP/SSA အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစိုင်းလက ပြောပါတယ်။
2015-10-25
ရွေးကောက်ပွဲအကြိုကာလ၊ ရွေးကောက်ပွဲကျင်းပတဲ့နေ့နဲ့ ရွေးကောက်ပွဲအပြီး ပေါ်ပေါက်လာနိုင်တဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး ၈၈ မျိုးဆက်ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုမြအေးရဲ့ သဘောထားတွေကို RFA အဖွဲ့သား ဦးခင်မောင်စိုး က ဆက်သွယ်မေးမြန်းထားပါတယ်။
2015-10-25
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ် မှာ ပြည်ထောင်စုကြံံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်လောင်း ၆ ဦးနဲ့ ပါတီဝင်တွေ တွေ့ဆုံ ပွဲကို မြိတ်မြို့ မြိတ်တောင်ကျေးရွာ ဘောလုံးကွင်းမှာ ကျင်းပခဲ့ပါတယ်။ တနင်္သာရီတိုင်းမှာ လျှပ်စစ်မီး ရအောင် ပြည်ခိုင်ဖြိုးပါတီက ဆောင်ရွက်ပေးနေတယ် လို့ပြောပြီး မဲဆွယ်စည်းရုံးခဲ့ပါတယ်။
2015-10-25
NLD ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် NLD ပါတီရဲ့ဂုဏ်သိက္ခာကို ထိခိုက်အောင်ရေးသားလှုံဆော်နေမှုတွေကို တိုင်ကြားထားပေမယ့်လည်း အာဏာပိုင်တွေဖက်က အရေးယူဆောင်ရွက်တာတွေ နှောင့်နှေးလွန်းတယ်လို့ NLD ပါတီရဲ့ ပြောခွင့်ရသူ ဦးဉာဏ်ဝင်းက ထောက်ပြလိုက်ပါတယ်။
2015-10-25
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က သတင်းဌာနတွေဟာ ဘက်မလိုက်ပဲ ကျင့်ဝတ်နဲ့အညီ တိကျမျှတစွာဖော်ပြရမယ်လို့ ထုတ်ပြန်ထားပေမယ့် အစိုးရပိုင် သတင်းစာတွေရဲ့ ဖော်ပြချက်တချို့ဟာ ဒီထုတ်ပြန်ချက်တွေနဲ့ ကိုက်ညီချင်းမရှိဘူးလို့ စာနယ်ဇင်းကောင်စီ (ယာယီ) အဖွဲ့က ဦးဆောင်သူတစ်ဦးဖြစ်တဲ့ ဦးဇော်သက်ထွေးက ထောက်ပြပါတယ်။
2015-10-25
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ သူ့ရဲ့မဲဆန္ဒနယ်မြေဖြစ်တဲ့ ရန်ကုန်တိုင်း ကော့မှူးမြို့နယ်မှာ ရွေးကောက်ပွဲအောင်နိုင်ရေး ဟောပြောပွဲတွေကို စတင်ကျင်းပနေပြီဖြစ်ပါတယ်။ မနက်ပိုင်းက ကော့မှူးနဲ့ တွံတေးမြို့ လမ်းခွဲ ကန်ဘဲ့လမ်းခွဲမှာ ဟောပြောခဲ့ပြီး ကော့မှူးမြို့နယ် မှော်တောကျေးရွာမှာလည်း ဟောပြောခဲ့ပါတယ်။
2015-10-24
အမေရိကန် ပြည်ထောင်စု ဝါရှင်တန်ဒီစီ မြို့တော်နဲ့ ဗာဂျင်းနိယား၊ မေရိလန်း စတဲ့ ပြည်နယ်တွေမှာ ရောက်ရှိနေကြတဲ့ ဇိုမီး တိုင်းရင်းသားတွေရဲ့ ရိုးရာ ခွါဒို ကောက်သစ်စား ပွဲတော်ကို ဘော်လ်တီမောမြို့စိန့်စတီဗင် ဘုရားကျောင်းမှာ စနေနေ့ညက စတင် ကျင်းပပါတယ်။
2015-10-24
တိုင်းရင်းသားတွေဟာ ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိဖို့အတွက် အစိုးရနဲ့ အပစ်ခတ်ရပ်စဲရေး စာချုပ်ကို ချုပ်ဆိုကြတာဖြစ်တယ်လို့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP က ဒုတိယ ဥက္ကဌ ဒေါ်စောမြရာဇာလင်းက ပြောပါတယ်။
2015-10-24
နေပြည်တော်ကောင်စီနယ်မြေ ပုဗ္ဗသီရိ မြို့နယ်မှာရှိတဲ့ တပ်မိသားစုဝင်တွေကို မဲဆွယ်စည်းရုံးခွင့်ပေးဖို့အတွက် နေပြည်တော်တိုင်းစစ်ဌာန ချုပ်ထံ တင်ပြထားတယ်လို့ အန်အယ်လ်ဒီပါတီ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးရည်မွန်က ပြော ပါတယ်။
2015-10-24
ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား အားလုံးကို လွှတ်ပေးဖို့ တောင်းဆိုတဲ့ စတစ်ကာတွေကို ပဲခူးတိုင်းဒေသကြီး ၊ ပေါင်းတည်မြို့မှာ အခြေခံပညာ ကျောင်းသားများသမဂ္ဂ အဖွဲ့က ဒီနေ့ လိုက်လံဖြန့်ဝေပါတယ်။
2015-10-24
နိုင်ငံတော်ဖံ့ွဖြိုးတိုးတက်ရေးကို အရှိန်အဟုန်နဲ့ ဆောင်ရွက်နိုင်ဖို့အတွက် ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖံ့ွဖြိုးရေးပါတီ အစိုးရဖွဲ့နိုင်ဖို့ လိုအပ်ကြောင်း ပါတီရဲ့တွဲဖက်အတွင်းရေးမှူး ဦးသက်နိုင်ဝင်းက ပြောပါတယ်။