သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-10-12
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးစီးကျင်းပတဲ့ ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးဆုတောင်းပွဲတွေကို ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်အပါအဝင် မြို့ကြီးအတော်များများမှာ ၂ဝ၁၇ အောက်တိုဘာလ ၁ဝ ရက်နေ့က တပြိုင်တည်း ကျင်းပခဲ့ကြပါတယ်။
2017-10-12
နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီး ဦးကျော်တင့်ဆွေ ဦးဆောင်တဲ့ အစိုးရတာဝန်ရှိသူတွေနဲ့ မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရ်ှ၊ အိန္ဒိယ၊ တရုတ်၊ ထိုင်း၊ လာအို စတဲ့ နိုင်ငံခြားသံအမတ်ကြီးတွေဟာ ၂ဝ၁၇ အောက်တိုဘာလ ၁ဝ ရက်နေ့က ရသေ့တောင်နဲ့ မောင်တောမြို့နယ်တွေကို သွားရောက်ခဲ့ကြပါတယ်။
2017-10-11
ရခိုင်ပြည်နယ်က မွတ်စလင်တွေအပေါ် စစ်တပ်က အင်အားအလွန်အကျွံသုံး ဖိနှိပ်ခဲ့တာတွေကို ဆန့်ကျင်တဲ့အနေနဲ့ မြန်မာ့တပ်မတော် အကြီးအကဲတွေကို အီးယူ ဥရောပသမဂ္ဂက အဆက်အဆံ ရပ်ဆိုင်းတော့မယ်လို့ သိရကြောင်း AFP သတင်းကဖေါ်ပြပါတယ်။
2017-10-11
လာမယ့် အောက်တိုဘာလ ၁၅ ရက်နေ့မှာ ကျင်းပမယ့် NCA ၂ နှစ်ပြည့် အခမ်းအနားကို တက်ရောက်ဖို့ အစီအစဉ် ရှိ မရှိကို အဖွဲ့ အတွင်း ဆွေးနွေးပြီးမှ ဆုံးဖြတ်နိုင်မှာဖြစ်တယ်လို့ UNFC အဖွဲ့က ဗဟိုအလုပ်အမှုဆောင် ကော် မတီဝင် ဦးထွန်းဇော်က ပြောပါတယ်။
2017-10-11
အာဆီယံ ၁၀ နိုင်ငံနဲ့ ဥရောပနိုင်ငံ ၂၈ နိုင်ငံအပါအဝင် နိုင်ငံပေါင်း ၅၀ကျော်က နိုင်ငံခြားရေးဝန်ကြီးတွေ တက်ရောက်ဖို့ရှိတဲ့ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို နိုဝင်ဘာလ ၂၀ ရက်နဲ့ ၂၁ ရက်နေ့တွေမှာ နေပြည်တော်မှာ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။
2017-10-11
ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ်က တီကျစ်ကျောက်မီးသွေးသုံး ဓါတ်အားပေးစက်ရုံကို အကြီးစားပြင်ဆင်ပြီးတဲ့နောက် ဒီနှစ်ဇွန်လကုန်ပိုင်းမှာ ပြန်လည်ပတ်ပါတယ်။
2017-10-11
မြန်မာလုံခြုံရေးတပ်သားတွေဟာ သန်းဝက်လောက်ရှိတဲ့ မွတ်ဆလင်တွေကို ထွက်ပြေးစေပြီးတော့ သူတို့ပြန်လာမှာစိုးတာကြောင့် အိမ်တွေ၊ ရွာတွေနဲ့ ကောက်ပဲသီးနှံတွေကို မီးရှို့ဖျက်ဆီးကြတယ် လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးက ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ စွပ်စွဲဖော်ပြထားပါတယ်။
2017-10-11
မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် ပထမဆုံး လက်ခံကျင်းပမယ့် ၁၃ ကြိမ်မြောက် အာရှ-ဥရောပ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို လာမယ့် နိုဝင်ဘာလ ၂၀ ရက်နေ့နဲ့ ၂၁ ရက်နေ့တွေမှာ နေပြည်တော် MICC 1 မှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။
2017-10-11
စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ်၊ မိုးကြိုးပြင်အလယ်ရွာထိပ်မှာ ကြေးနီတင်ဆောင်လာတဲ့ကား ၄ စီးကို တားပြီး ဆန္ဒပြနေတဲ့ သပိတ်စခန်းကို တပ်မတော်နဲ့ ရဲအင်အား ၃၀၀ လောက် နဲ့ မနေ့ညက လာရောက် ဟန့်တားပြီး အတားခံထားရတဲ့ ကြေးနီကားတွေကို ပြန်ထုတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2017-10-11
ရခိုင်အရေးနဲ့ပတ်သက်ပြီး လက်ရှိအစိုးရက ကြိုးစားဆောင်ရွက်နေပြီး သမ္မတဟောင်းအဖြစ် မသတ်မှတ်ဘဲ လယ်သမားအဖြစ် ခံယူထားတဲ့အတွက် သူ့အနေနဲ့ အကြံပြုပြောစရာမရှိဘူးလို့ နိုင်ငံတော်သမ္မတဟောင်း ဦးသိန်းစိန် က ပြောပါတယ်။
2017-10-11
ထိုင်းနိုင်ငံမှာ မြန်မာအလုပ်သမားတွေကို အထောက်အထားသက်သေခံလက်မှတ် CI ထုတ်ပေးတဲ့ စခန်းတွေမှာ ငွေကြေးပိုမိုတောင်းခံနေတဲ့ ပွဲစားတွေကို ထိထိရောက်ရောက်အရေးယူပေးဖို့ ထိုင်း အစိုးရတာဝန်ရှိသူတွေနဲ့ ညှိနှိုင်းခဲ့တယ်လို့ အလုပ်သမားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန် က ပြောပါတယ်။
2017-10-11
အရှုံးပေါ်နေလို့ ရပ်ဆိုင်းထားရတဲ့ နိုင်ငံပိုင် စက်ရုံ ၂၈ ရုံထဲက တချို့ကို အစိုးရနဲ့ ပုဂ္ဂလိက အကျိုးတူ ပူးပေါင်းဆောင်ရွက်ဖို့ အဆိုပြုလွှာတွေ တင်ပြထားတာတွေရှိတဲ့အတွက် ဆက်လက်ဆောင်ရွက်ဖို့ သင့်မသင့် စစ်ဆေးနေတယ်လို့ ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ ဒုတိယဥက္ကဌ (၂) ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မင်းက ပြောပါတယ်။
2017-10-11
ပညာရေးဝန်ကြီးဌာနအနေနဲ့ ပညာရေးကဏ္ဍကို ဖွံ့ဖြိုးတိုးတက်ဖို့ စီမံကိန်းချပြီး ကြိုးစား ဆောင် ရွက်နေတာတွေရှိပေမယ့် အခက်အခဲအများအပြား လည်း ရင်ဆိုင်နေရပါတယ်။
2017-10-11
ARSA မွတ်စလင် အကြမ်းဖက်အဖွဲ့က တဖက် သတ်ကြေညာထားတဲ့ တစ်လ အပစ်ရပ် ကာလကျော်လွန်လာတဲ့နောက် အဲဒီအဖွဲ့ရဲ့ အကြမ်းဖက်လာနိုင်တဲ့ အလားအလာတွေ ၊ မြန်မာနိုင်ငံရဲ့ လုံခြုံရေးအခြေအနေတွေနဲ့ ပတ်သက်ပြီး နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး ကို RFA အဖွဲ့သူ မခင်ခင်အိက ဆက်သွယ်မေးမြန်းထားပါတယ်။
2017-10-11
ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ် ကျားချောင်းကျေးရွာအုပ်စုမှာရှိပြီး နှစ်ပေါင်းတစ်ရာလောက်ကပဲ မိဘဘိုးဘွားတွေ ဓားမဦးချနေထိုင်လာတဲ့ ချင်းကုန်းကျေးရွာက မြေဧက ၄၀ ကို နယ်မြေခံ မဟုတ်သူတစ်ယောက်နဲ့ ဌာနဆိုင်ရာပူးပေါင်းပြီး သိမ်းယူတဲ့ အမှုအခင်းဖြစ်ပွားနေပါတယ်။