သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-07-23
ဒဂုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂ တကသ ဖွဲ့စည်းခြင်း ၃ နှစ်ပြည့် အခမ်း အနားကို ဒီနေ့ ရန်ကုန်မြို့ ဒဂုံတက္ကသိုလ် မှာ ကျင်းပရာ ကျောင်းသားကျောင်းသူတွေနဲ့ ဆရာ ဆရာမ ၅ဝ လောက် တက်ရောက်ခဲ့ပါတယ်။
2015-07-23
ရွေးကောက်ပွဲလုပ်ငန်းစဉ်ကို အဟန့် အတားဖြစ်စေနိုင်မယ့်ကိစ္စတွေကို ရှောင်ကြဉ်ဖို့လိုအပ်တဲ့အတွက် လွှတ်တော်ကိုယ်စားလှယ် တာဝန်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်းအတည်ပြုရေးကို ပြည်ထောင်စုလွှတ်တော် က ရွှေ့ဆိုင်းထားလိုက်ပါတယ်။
2015-07-23
DKBA ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် ဗဟိုဌာနချုပ်က ဗိုလ်မှူးချုပ်စောကျော်သက်နဲ့ ဗိုလ်မှူးကြီးစောဆန်းအောင်တို့ကို အပြီးအပိုင် ထုတ်ပယ် လိုက်ပါတယ်။
2015-07-23
ကချင်ပြည်နယ်မှာ သစ်ခိုးထုတ်တဲ့ တရုတ်နိုင်ငံသား ၁၅ဝ ကျော်ကို နှစ် ရှည်ထောင်ဒဏ်တွေ ချမှတ်လိုက်တဲ့ အပေါ် စိုးရိမ်ပူပန် မိကြောင်း တရုတ်အစိုးရပိုင် သတင်းမီဒီယာတွေက ရေး သားဖော်ပြကြပါတယ်။
2015-07-23
ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ USDP ဗဟိုအတိုင်ပင်ခံအဖွဲ့ဝင် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သောင်း ကွယ်လွန် သွားတဲ့အတွက် ပြည်ထောင်စုလွှတ်တော်မှာ ဝမ်းနည်းကြောင်း ၂ မိနစ် ငြိမ်သက် မေတ္တာပို့သခဲ့ကြ ပါတယ်။
2015-07-23
လယ်သမားအရေးကိစ္စတွေကို လိုက်ပါကူညီပေးနေ တဲ့ မြန်မာနိုင်ငံ တောင်သူလယ်သမားသမဂ္ဂ အဖွဲ့တာဝန်ခံ မစုစုနွေးကို ဒီနေ့ညနေပိုင်းမှာ ပဲခူးတိုင်း၊ အင်းတကော်ရဲစခန်းက ပိုင်နက်ကျူးလွန်မှု ပုဒ်မ ၄၄၇ နဲ့ ဖမ်းဆီးခဲ့ပြီး ပဲခူးအကျဉ်းထောင်ကို ပို့လိုက်ပါတယ်။
2015-07-23
တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ်ကို အချော သတ်လက်မှတ်ရေးထိုးနိုင်ရေးအတွက် ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ UPWC နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ အဆင့်မြင့်ညှိုနှိုင်းရေးကိုယ်စားလှယ်အဖွဲ့တို့ ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေးစင်တာမှာ တွေ့ ဆုံဆွေးနွေးနေကြပါတယ်။
2015-07-23
လာမယ့် နိုဝင်ဘာ ၈ ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲအတွက် ပြင်ဆင်ထားတာတွေကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေးက ဇူလိုင်လ ၂၂ ရက်နေ့က ရန်ကုန်မြို့ ရွှေလီလမ်းက ရွေးကောက်ပွဲ သတင်းအချက်အလက်ဌာနက သတင်းစာရှင်းလင်းပွဲမှာ ရှင်းပြခဲ့ပါတယ်။
2015-07-23
တောင်ဥက္ကလာပမြို့နယ် တရားရုံးမှာ ပုဒ်မ ၁၉ နဲ့ တရားစွဲခံထားရတဲ့ ၈၈ မျိုးဆက် ငြိမ်ချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ဦးကိုကိုကြီးနဲ့ ၄ ဦးကို ဒဏ်ငွေ ၁ သောင်း (ဒါမှမဟုတ်) ထောင်ဒဏ် ၂၁ ရက် ကျခံဖို့ ဒီနေ့ အမိန့်ချလိုက်ပါတယ်။
2015-07-23
စစ်ကိုင်းတိုင်းမှာ ပြီးခဲ့တဲ့သီတင်းပတ်အတွင်း မိုးအဆက်မပြတ်ရွာသွန်းခဲ့တာကြောင့် ကောလင်း-ကန့်ဘလူမြို့နယ်တွေမှာ ရေကြီးခဲ့ပြီး မန္တလေး- မြစ်ကြီးနား ရထားခရီးစဉ်ကို ရပ်နားထားရပါတယ်။
2015-07-23
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်အတွင်း တရားမဝင်သစ်ခိုးထုတ်မှုနဲ့ ဖမ်းဆီးခံထားရတဲ့ တရုတ်နိုင်ငံသား ၁၅၅ ယောက် ထဲက ၁၅၃ ယောက် ကို မြစ်ကြီးနားခရိုင် တရားရုံးက ဒီနေ့ ထောင်ဒဏ်တစ်သက်တစ်ကျွန်းစီ ပြစ်ဒဏ်ချလိုက်ပါတယ်။
2015-07-22
ထိုင်းနိုင်ငံ ခိုတောင်းကျွန်းမှာ ဗြိတိန်နိုင်ငံ သား ၂ ဦးအသတ်ခံရမှုနဲ့ပတ်သက်ပြီး ဖမ်းဆီးခံနေရတဲ့ မြန်မာအလုပ်သမား ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်းတို့အမှုနဲ့ပတ်သက်ပြီး တရားလိုပြသက်သေ အဖြစ် ထိုင်း မှုခင်းစုံစမ်းရေးတပ်ဖွဲ့က ရဲဗိုလ်မှူးကြီးတစ်ဦးကို ကော့စမွေတရားရုံးမှာ ဇူလိုင်လ ၂၂ ရက်နေ့က စစ်ဆေးခဲ့ပါတယ်။
2015-07-22
တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ်ကို အချော သတ်လက်မှတ်ရေးထိုး နိုင်ရေးအတွက် ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ UPWC နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ အဆင့်မြင့် ညှိနှိုင်းရေးအဖွဲ့တို့ ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေး စင်တာမှာ ဒီနေ့ ပထမဆုံးနေ့အဖြစ် တွေ့ ဆုံဆွေးနွေးနေကြပါတယ်။
2015-07-22
ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီက အစိုးရဌာန အသီးသီးရဲ့ အသုံးစားရိတ်တွေနဲ့ ပတ်သက် ပြီး ပြည်ထောင်စုလွှတ်တော်ကို တင်ပြခဲ့ရာ မှာ မွေးမြူရေး၊ရေလုပ်ငန်း နဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာနက ကြွေးကျန်တွေ အများ ဆုံးဖြစ်နေတာကို ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဒေါ်စန္ဒာမင်းက ထောက်ပြဆွေးနွေးခဲ့ပါတယ်။
2015-07-22
လာမယ့် နိုဝင်ဘာ ၈ ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲအတွက် ပြင်ဆင်ထားတာ တွေကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေးက ဒီနေ့ ရန်ကုန်မြို့ ရွှေလီလမ်းက ရွေးကောက်ပွဲသတင်းအချက်အလက်ဌာနက သတင်းစာရှင်းလင်းပွဲမှာ ရှင်းပြခဲ့ပါတယ်။