သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-09-29
အမေရိကန်အောက်လွှတ်တော် နိုင်ငံခြားရေး ရာကော်မတီနဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီတို့မှာ ပြုလုပ်တဲ့ မြန်မာ့အရေးဆွေးနွေးပွဲတွေမှာ ရခိုင်ပြည်နယ်က ပြဿနာနဲ့ ပတ်သက်တဲ့ ထောက်ပြချက်တွေဟာ လက်ရှိအခြေအနေ အမှန်နဲ့ ကွဲလွဲနေတာမို့ လက်ခံနိုင်စရာမရှိဘူးလို့ NLD ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ပြောပါတယ်။
2017-09-29
ဘုရားအလှူခံပုံးထဲကနေ ကျပ်ငွေ ၃၀၀ ကျပ် ယူခဲ့တဲ့အတွက် ခိုးမှုနဲ့ အမှုဖွင့်ခံထားရတဲ့ ကလေး ၃ ယောက်ကို စွဲချက်မတင်သင့်ဘူးဆိုပြီး တောင်ဒဂုံမြို့နယ် ဥပဒေရုံးက ဆုံးဖြတ်လိုက်တဲ့အတွက် အမှုကနေ ကွင်းလုံးကျွတ်လွတ်သွားပြီလို့ တောင်ဒဂုံမြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးညီညီက ပြောပါတယ်။
2017-09-29
တအာင်းလက်နက်ကိုင်အဖွဲ့ TNLA ရဲ့ မူးယစ်ဆေးဝါး မီးရှို့ဖျက်ဆီးပွဲကို သတင်းယူတဲ့ သတင်း သမားတွေကို လိုက်ပို့ပေးတဲ့အတွက် ဖမ်းဆီးခံခဲ့ရပြီး ပို့ကုန်သွင်းကုန်ဥပဒေ ပုဒ်မ ၈ နဲ့ တရားစွဲ ခံထားရတဲ့ ကားဆရာနှစ်ဦးရဲ့ ဒီကနေ့ရုံးချိန်းမှာ ကားဆရာမိုင်းဆန်းညွှန့်ရဲ့ ရှေ့နေ မလာရောက်နိုင် တာကြောင့် အောက်တိုဘာလ ၁၃ ရက်နေ့ကို ရုံးချိန်းထပ်မံဆင့်ခေါ်လိုက်ပါတယ်။
2017-09-29
မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ် ၇၄ လမ်းနဲ့ ၂၈ လမ်းဒေါင့်မှာ မနေ့က ဖြစ်ပွားခဲ့တဲ့ပေါက်ကွဲမှုဟာ ကြိုတင်စီမံထားတဲ့ အချိန်ကိုက်ဖောက်ခွဲမှုဖြစ်တယ်လို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ဒီကနေ့ ထုတ်ပြန်ခဲ့ပါတယ်။
2017-09-29
ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် တာလောကြီးဒေသဘက်မှာ စိုက်ပျိုးရေးလုပ်ဖို့အတွက် တရုတ်နိုင်ငံသားတွေ ရောက်ရှိနေတာနဲ့ ပတ်သက်ပြီး ကန့်ကွက်ကြောင်းကို ဒေသ ခံတွေက ပြည်နယ် အစိုးရကို ရက်ပိုင်းအတွင်း စာပေးပို့တင်ပြသွားမယ်လို့ တာလော ကြီးကျေးရွာက ရပ်မိရပ်ဖတစ်ယောက်ဖြစ်တဲ့ ဦးစိုင်းစန်းဝေ က ပြောပါတယ်။
2017-09-29
တရားလွှတ်တော်ရှေ့နေ ဦးကိုနီကို လုပ်ကြံသတ်ဖြတ်ဖို့ အောင်ဝင်းဇော် က ပိုက်ဆံ သိန်းထောင်ချီ ပေးကာ ညှိနှိုင်းခဲ့တယ်လို့ အောင်ဝင်းဇော်နဲ့ ထောင်ထဲမှာ သိကျွမ်းခဲ့တယ်ဆိုတဲ့ ဦးအောင်စိုး(ခေါ်) စာရေးဆရာ အင်းစိန်အောင်စိုးက တရားရုံးမှာ ဒီကနေ့ သက်သေထွက်ဆိုလိုက်ပါတယ်။
2017-09-29
ဒေသခံတွေရဲ့ တောင်းဆိုချက်ကို အကောင်အထည် မဖော်ပေးလို့ဆိုပြီး စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင် စီမံကိန်းကို ဆောင်ရွက်နေတဲ့ ဝမ်ပေါင်ကုမ္ပဏီကို ဒေသခံ အယောက် ၁၅၀ လောက်က ဒီကနေ့ ဆန္ဒပြကြပါတယ်။
2017-09-29
ကရင်ပြည်နယ်ဝန်ကြီးချုပ် နန်းခင်ထွေးမြင့်က ကရင်ပြည်နယ်မှာ တည်ဆောက်မယ့် မီဂါဝပ်အား ၁၂၈၀ ထွက်ရှိမယ့် ကျောက်မီးသွေးစက်ရုံအကြောင်းနဲ့ ပြည်နယ်အတွင်း စီးပွားရေး တိုးတက်မယ့် အလားအလာအကြောင်းတွေကို ပြောပြထားပါတယ်။
2017-09-29
ရခိုင်ပြည်နယ်မြောက်ပိုင်း၊ မောင်တောမြို့နယ် ရဲဘော်ကျ ကျေးရွာအနီးက ဟိန္ဒူဘာသာဝင် ရုပ်အလောင်းတွေ တူးဖော်တွေ့ရှိတဲ့နေရာကို တပ်မတော်ရဲ့ အစီအစဉ်နဲ့ ပြည်တွင်းပြည်ပ သတင်းထောက်တွေ စက်တင်ဘာလ ၂၇ရက်နေ့က သွားရောက်သတင်းယူခဲ့ကြပါတယ်။
2017-09-29
၂ဝဝ၇ ခုနှစ် ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုအတွင်း သက်စွန့်ဆံဖျား သတင်းယူခဲ့ကြတဲ့ Burma VJ မြန်မာရုပ်သံ သတင်းထောက်အဖွဲ့အကြောင်း ရိုက်ကူးထားတဲ့ Burma VJ ဆိုတဲ့ မှတ်တမ်းရုပ်ရှင်ကို မနေ့က မြန်မာပြည်တွင်းမှာ ပထမဆုံးအကြိမ်အဖြစ် တရားဝင်ပြသခဲ့ပါတယ်။
2017-09-29
Sanctions လ့ိုခေါ်ကြတဲ့ စီးပွားရေး ပိတ်ဆို့ အရေးယူမှု သမိုင်းကောက်ကြောင်းနဲ့ ၂၀၀၇ ရွှေဝါရောင်သံဃာ့ လှုပ်ရှားမှုကို အကြမ်းဖက် ဖြိုခွဲခဲ့တဲ့ စစ်အစိုးရကို နိုင်ငံတကာက ပိတ်ဆို့အရေးယူခဲ့ပုံတွေကို ဦးသစ်ဆင်းက တင်ပြမှာဖြစ်ပါတယ်။
2017-09-29
မြန်မာနိုင်ငံ ရခိုင်ပြည်နယ် ပဋိပက္ခနဲ့ပတ်သက်ပြီး အမေရိကန်အောက်လွှတ်တော်မှာ ကြားနာပွဲတရပ် ကျင်းပခဲ့ပါတယ်။
2017-09-28
ရခိုင်ပြည်နယ် မောင်တောဒေသကို ဒီနေ့သွားရောက်လေ့လာကြမယ့် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာသံတမန်အဖွဲ့တွေရဲ့ ခရီးစဉ်ကို ရာသီဥတုအခြေအနေကြောင့် ရက်ရွှေ့ဆိုင်းလိုက် ပါတယ်။
2017-09-28
ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးသွားတဲ့ ဒုက္ခသည်တွေကို ပြန်လက်ခံဖို့အတွက် စိစစ်ရေးပုံစံတွေကို ပေးပို့ပြီးရရှိလာတဲ့ အချက်အလက်တွေကို လူဝင်မှုကြီးကြပ်ရေးဌာနမှာ ရှိတဲ့စာရင်းတွေနဲ့ တိုက်ဆိုင်စစ်ဆေးပြီးမှ လက်ခံသွားမယ်လို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ကြီး ဦးသိန်းဆွေက ပြောပါတယ်။
2017-09-28
ရခိုင်ပြည်နယ် မောင်တောမြို့နယ် ရဲဘော်ကျနဲ့ အိုးထိန်းကျေးရွာတွေကနေ အကြမ်းဖက်တိုက်ခိုက်မှုတွေအတွင်း ပျောက်ဆုံးနေဆဲ ဟိန္ဒူဘာသာဝင် ၁၉၂ ဦးရှိပြီး ရုပ်အလောင်း သေဆုံးသူ ၅၂ ဦးရှိနေတယ်လို့ အစိုးရ သတင်းထုတ်ပြန်ရေး ကော်မတီက မနေ့ညက ထုတ်ပြန်ပါတယ်။