သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-10-14
ကယားပြည်နယ် ဖာဆောင်းမြို့နယ် မော်ချီးသတ္တု တွင်းဒေသက မြေပြိုမှုမှာ သေဆုံးသူ ၂၈ ဦးထိရှိ သွားပြီလို့ အရပ်ဘက် ကူညီကယ်ဆယ်ရေးဆောင် ရွက်နေသူတွေကတဆင့် ဒီနေ့ စုံစမ်းသိရှိရပါတယ်။
2015-10-14
ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ် မြို့နယ် မိုင်းလင်းကျေးရွာမှာရှိတဲ့ နားဟိုင်းလုံဒေသ ရွှေတူးဖော်ရေးလုပ်ငန်းခွင်ကို မနေ့က သွားရောက်ခဲ့တဲ့ ရွာသားတချို့ကို စစ်တပ်က သေနတ်နဲ့ ခြိမ်းခြောက်ပစ်ခတ်ခဲ့တာကြောင့် ဒေသခံ ၁ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်နဲ့ ရှမ်းလယ်သမားများကွန်ရက်က ကြေညာချက်ထုတ်လိုက်ပါတယ်။
2015-10-14
ရှမ်းပြည်နယ်မြောက်ပိုင်း မန်တုံမြို့နယ် နဲ့မိုးမိတ်မြို့နယ်အစပ်က မော်လုံ အထက်ကျေးရွာနဲ့ အောက်ရွာအကြားမှာ အစိုးရတပ်မ ၇၇ နဲ့ တအာင်းတပ်တွေ တိုက်ပွဲဖြစ်ပွား တာကြောင့် မော်လုံ အထက်ကျေးရွာက ရွာသား ၄ ယောက် ဒဏ်ရာရရှိခဲ့ပြီး မန်တုံပြည်သူ့ဆေးရုံမှာ ဆေးကုသနေတယ် လို့ သိရပါတယ်။
2015-10-14
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဌ ဦးတင်အေးက လာမယ့် နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက်ပွဲ ကို ရွှေ့ဆိုင်းဖို့အတွက် နိုင်ငံရေးပါတီ ၇ ပါတီနဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။
2015-10-14
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေးက နိုဝင်ဘာလ (၈) ရက် နေ့မှာ ကျင်းပဖို့ စီစဉ်ထားတဲ့ အထွေထွေရွေးကောက်ပွဲကြီးကို ရက်ရွေ့ဆိုင်းလိုတယ်လို့ နိုင်ငံရေးပါတီတချို့နဲ့ နေပြည်တော်မှာ တေ့ွဆုံ စဉ် ပြောလိုက်တာ ဖြစ်ပြီး ပါတီခေါင်းဆောင်တွေရဲ့ သဘောထားကို တောင်းခံလိုက်ပါတယ်။
2015-10-14
နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက် ပွဲကို ရက်ရွှေ့ဆိုင်းမယ်လို့ ရွေးကောက်ပွဲကော်မရှင် က ဒီကနေ့ ပြောကြားခဲ့တာနဲ့ပတ်သက်ပြီး အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဟံသာမြင့်ကို RFA အဖွဲ့သား ဦးခင်မောင် စိုးက တေ့ွဆုံမေးမြန်းထားပါတယ်။
2015-10-14
အစိုးရတပ်မတော်က ရှမ်းပြည်နယ်တောင်ပိုင်း ကျေးသီးမြို့နယ်မှာရှိတဲ့ ရှမ်းပြည် တိုးတက်ရေးပါတီ၊ ရှမ်းပြည် တပ်မတော် SSPP/SSA တပ်တွေကို ပြီးခဲ့တဲ့ အောက်တိုဘာလ ၆ ရက်နေ့ကစပြီး ထိုးစစ်ဆင်နေတာဟာ တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး လက်မှတ်မရေးထိုးတာကြောင့် စစ်ရေးအရ ဖိအားပေးနေ တာဖြစ်တယ်လို့ ရှမ်းပြည် တိုးတက်ရေး ပါတီ၊ ရှမ်းပြည်တပ်မတော် SSPP/SSA က ဒီနေ့ ကြေညာချက်ထုတ်လိုက်ပါတယ်။
2015-10-14
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက လာမယ့် နိုဝင်ဘာလ ၈ ရက်နေ့ရွေးကောက်ပွဲကို ရွှေ့ဆိုင်းဖို့အတွက် နိုင် ငံရေးပါတီ ၇ ပါတီနဲ့ အောက်တိုဘာလ ၁၃ရက်နေ့ က တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
2015-10-14
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက သူရဦးတင်ဦးဟာ ရှမ်းပြည်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့မှာ ရွေးကောက်ပွဲဝင်မယ့် ကိုယ်စားလှယ်လောင်းတွေနဲ့ ဒေသခံတွေကို မိတ်ဆက်ပေးခဲ့ပြီး ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် ဟောပြောခဲ့ပါတယ်။
2015-10-14
ရှမ်းပြည်မြောက်ပိုင်း သိန္နီမြို့နယ်၊ ဝိန်းလိုင်ကျေးရွာမှာ SNLD- ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ရုံးခန်းဖွင့်ပွဲနဲ့ မဲဆွယ်စည်းရုံးပွဲ ကျင်းပခဲ့ပါတယ်။
2015-10-14
ကယားပြည်နယ် ဖာဆောင်းမြို့နယ် က မော်ချီးသတ္တုတွင်းဒေသကို ပညာရှင်တွေနဲ့ စမ်းသပ်ပြီး ဒေသခံတွေ ဆက်လက် နေသင့် မနေသင့် ဆုံးဖြတ်သွားမယ်လို့ ကယားပြည်နယ်အစိုးရအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
2015-10-14
ဧရာဝတီတိုင်း ပုသိမ်မြို့နယ်၊ ကန်ကြီးထောင့်ကျေးရွာမှာ ၈၈ မျိုးဆက်အဖွဲ့ခေါင်းဆောင်တွေနဲ့ ရုပ်ရှင်သရုပ်ဆောင် ဗေလုဝ တို့ ပူးတွဲပြီး၊ NLD ရွေးကောက်ပွဲအောင်နိုင်ရေးနဲ့ မဲဘယ်လို ပေးရမယ်ဆိုတဲ့ အသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ပါတယ်။
2015-10-14
မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်ဟာ အရှေ့တောင်အာရှ အမျိုးသားလူ့အခွင့်အရေး အဖွဲ့အစည်းများဖိုရမ်ရဲ့ အလှည့်ကျဥက္ကဋ္ဌအဖြစ် ပြီးခဲ့တဲ့နှစ် အောက်တိုဘာလကစပြီး တနှစ် တာဝန်ယူထားပြီ ဖြစ်ပါတယ်။
2015-10-14
နိုဝင်ဘာလ ၈ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲကို ရက်ရွှေ့ဆိုင်းမယ်လို့ ရွေးကောက်ပွဲကော်မရှင်က ဒီကနေ့ ပြောကြားခဲ့တာနဲ့ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဟံသာမြင့်ကို RFA အဖွဲ့သား ဦးခင်မောင်စိုးက တေ့ွဆုံမေးမြန်းထားပါတယ်။
2015-10-14
ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားတွေ အနေနဲ့ ၂၀၁၅ ရွေးကောက်ပွဲအတွက် ကြိုတင်မဲတွေကို လာမယ့် အောက်တိုဘာ လ ၁၇ ရက်နေ့ စနေနေ့မှာ ဘန်ကောက်မြို့က မြန်မာသံရုံးနဲ့ ချင်းမိုင်မြို့က ကောင်စစ်ဝန်ရုံးတွေမှာ မဲဆန္ဒပေးခွင့်ရ မှာဖြစ်ပြီး ပုံစံ ၁၅ နဲ့ မဲပေးခွင့် လျှောက်ထားသူတွေထဲမှာ နာမည်စာရင်းမပါသူတွေလည်းရှိတယ်လို့ သိရပါတယ်။