သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2011-04-30
ကလေးများ အခွင့်အရေးအတွက် စွမ်းစွမ်းတမံ ဆောင်ရွက်သူတွေကို ဆု ရွေးချယ်ပေးအပ်နေတဲ့ ဆွီဒင်နိုင်ငံ အခြေစိုက် ကမ္ဘာ့ကလေးများအဖွဲ့ က မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကို အဖွဲ့နာယကအဖြစ် ဂုဏ်ပြုခန့်အပ်လိုက်ပါတယ်။
2011-04-30
ရှမ်းပြည်နယ်က ငလျင်ဒဏ်သင့် ဒုက္ခသည်တွေဟာ စားဝတ်နေရေး အခက်အခဲတွေ ကြုံနေရပြီး အကူအညီ လိုအပ်နေဆဲဘဲလို့ ငလျင်ဒဏ်သင့် ဒေသတွေကို သွားရောက်ကူညီခဲ့တဲ့ စေတနာရှင်တွေ နဲ့ အကူအညီပေးရေး အဖွဲ့တွေကပြောပါတယ်။
2011-04-30
မြန်မာနိုင်ငံကို ကုလသမဂ္ဂ စုံစမ်းရေးကော်မရှင် တရပ် ဖွဲ့စည်း စေလွှတ်နိုင်ရေးအတွက် အမေရိကန် အစိုးရ အနေနဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ ညီလာခံမှာ ဥပဒေမူကြမ်းတရပ် အဆိုပြု တင်သွင်းဖို့ အမေရိကန်အခြေစိုက် လူ့အခွင့်အရေး အဖွဲ့ ၁၃ ဖွဲ့က အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်ကို ပြီးခဲ့တဲ့ တနင်္လာနေ့က စာရေးသား တောင်းဆိုလိုက်ပါတယ်။
2011-04-29
မြန်မာနဲ့ အိန္ဒိယ နယ်စပ် စစ်ဖက်ဆိုင်ရာ အဆင့်မြင့် ဆွေးနွေးပွဲကို စစ်ကိုင်းတိုင်း ကလေးမြို့မှာ ဧပြီ ၂၈ ရက် မနေ့ကစပြီး ရှေ့လ မေ ၂ ရက်နေ့အထိ ပြုလုပ်နေပါတယ်။
2011-04-29
နယ်စပ်ဒေသက အပစ်ရပ် တိုင်းရင်းသား ငြိမ်းချမ်းရေး တပ်ဖွဲ့ဝင်တွေဟာ အစိုးရ သတ်မှတ်ပေးထားတဲ့ နယ်မြေက ကျော်လွန်ပြီး တခြားနေရာတွေ ရောက်ရှိလို့ တစုံတရာ ဖြစ်လာရင် မြန်မာစစ်တပ်အနေနဲ့ တာဝန်မယူနိုင်ဘူးလို့ အပစ်ရပ်အဖွဲ့တွေကို အကြောင်းကြားထားတယ်လို့ သိရပါတယ်။
2011-04-29
ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်နဲ့ အစိုးရအပေါ် သုံးသပ်ချက်နဲ့ ပြည်သူလူထုသို့ အသိပေးတင်ပြချက်တစောင်ကို ဒီမိုကရေစီရေး အင်အားစု ကွန်ရက် ၁၁ ဖွဲ့က ဧပြီ ၂၉ ရက် ဒီနေ့ ထုတ်ပြန်လိုက်ပါတယ်။
2011-04-29
၂၀၀၃ မေလ ၃၀ ရက်နေ့မှာ ဖြစ်ပွားခဲ့တဲ့ ဒီပဲယင်း အကြမ်းဖက် တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး၊ အဲဒီအရေးအခင်း နောက်ပိုင်း၊ ၂၀၀၄ ခုနှစ် မေလ အမျိုးသားညီလာခံ ပြန်မစမီကာလအတွင်း စစ်အစိုးရ အာဏာပိုင်တွေနဲ့ ညှိနှိုင်း ဆွေးနွေးရရှိခဲ့တဲ့ သဘောတူညီချက်တွေကို မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပထမဦးဆုံးအကြိမ်အဖြစ် RFA ကနေ ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။
2011-04-29
မြန်မာနိုင်ငံအပေါ် အနောက်နိုင်ငံတွေက စီးပွားရေးအရ ပိတ်ဆို့ အရေးယူထားတာဟာ မြန်မာအစိုးရနဲ့ သက်ဆိုင်မှု မရှိဘူးလို့ သမ္မတ ဦးသိန်းစိန်ရဲ့ စီးပွားရေး အကြံပေးအဖွဲ့ ခေါင်းဆောင်အဖြစ် ရွေးချယ်ခံထားရတဲ့ စီးပွားရေးပညာရှင် ဒေါက်တာ ဦးမြင့်က ပြောပါတယ်။
2011-04-28
ရွေးကောက်ပွဲဝင် ပါတီ ၁၁ ပါတီက မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး အီးယူရဲ့ Generalized System of Preferences ( GSP ) ခေါ် အထွေထွေ သက်သာခွင့် ပြန်လည်ရရှိရေးအတွက် မေတ္တာရပ်ခံစာ တစောင် ဥရောပ သမဂ္ဂကို ပေးပို့လိုက်ပါတယ်။
2011-04-28
EU ဥရောပ သမဂ္ဂအနေနဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ဆုံးဖြတ်ချက်တခုခု ချမှတ် ဆောင်ရွက်မယ်ဆိုရင် မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီရေးကို အထောက်အကူ ဖြစ်စေမဲ့ကိစ္စမျိုးကို စဉ်းစား ဆုံးဖြတ်စေလိုတယ်လို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဒု ဥက္ကဋ္ဌ ဦးတင်ဦးက EU ဥရောပသမဂ္ဂအဖွဲ့ဝင် ဆွစ်ဇာလန် နိုင်ငံ သံအမတ်ကြီးကို ဧပြီ ၂၈ ရက် ဒီကနေ့ ပြောကြားလိုက်ပါတယ်။
2011-04-28
မြန်မာနိုင်ငံဟာ ဘာသာရေး လွတ်လပ်ခွင့် ဆိုးဆိုးရွားရွား ချိုးဖောက်နေဆဲ နိုင်ငံဖြစ်တယ်လို့ အမေရိကန် အစိုးရက ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။
2011-04-28
ပြီးခဲ့တဲ့ မတ်လက မြေငလျင်ဒဏ် ကြုံတွေခဲ့ရတဲ့ ရှမ်းပြည်နယ် အရှေ့ပိုင်း တာလေဒေသ လူထု အခြေပြု သဘာဝ ဘေးဒဏ် စီမံခန့်ခွဲမှု ဆွေးနွေးပွဲတရပ်ကို မြို့နယ်အာဏာပိုင်တွေနဲ့ မြေငလျင် ဒုက္ခသည်များ ကယ်ဆယ်ရေး ကော်မတီတို့ ပူးပေါင်းပြီး ဧပြီလ ၂၅ ရက်နေ့က တာလေမြို့နယ်ခွဲ အထက်တန်းကျောင်း ကယ်ဆယ်ရေးစခန်းမှာ ကျင်းပခဲ့ပါတယ်။
2011-04-28
သမတ ဦးသိန်းစိန်ရဲ့ ပြောဆိုချက် မိန့်ခွန်းနဲ့တကွ အစိုးရသစ် လုပ်ဆောင်ချက်နဲ့ ကတိပြုချက်တွေကို ကျယ်ကျယ်ပြန့်ပြန့် စိစစ် သုံးသပ်နိုင်ဖို့အတွက် လွှတ်တော်ရဲ့ လုပ်ပိုင်ခွင့်ကို ပိုမို ချဲ့ထွင်ပေးအပ်ဖို့ လိုအပ်တယ်လို့ မကြာခင်က ကျင်းပခဲ့တဲ့ ပထမအကြိမ် လွှတ်တော်မှာ စတင် ဖွဲ့စည်းခဲ့တဲ့ အစိုးရအဖွဲ့၏ ကတိကဝတ်များ၊ အာမခံချက်များနှင့် တာဝန်ခံချက်များ စိစစ်ရေး ကော်မတီသစ်ရဲ့ ဥက္ကဋ္ဌ၊ RNDP ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ အကြီးအကဲ အထက်လွှတ်တော် အမတ် ဒေါက်တာ အေးမောင်က ပြောကြားလိုက်ပါတယ်။
2011-04-28
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ ကမ္ဘာတဝှမ်းက ထူးချွန်ပြောင်မြောက်တဲ့ အမျိုးသမီးအခွင့်အရေး လှုပ်ရှားသူ အမျိုးသမီး ၄ ဦးအတွက် အယ်လီနာ ရုစဗဲ့ဆု ချီးမြှင့်ပွဲ အခမ်းအနားကို အမေရိကန် ပြည်ထောင်စု ဟောလီးဝုဒ်က Beverly Hills ဟိုတယ်မှာ ဧပြီ ၂၆ ရက် အင်္ဂါနေ့ညက ကျင်းပခဲ့ပါတယ်။
2011-04-27
ပဲခူးတိုင်း အနောက်ဖက်ခြမ်း၊ သာယာဝတီခရိုင် အတွင်းရှိ ၈ မြို့နယ် NLD အဖွဲ့ဝင်တွေဟာ မြန်မာအစိုးရသစ် သမတ ဦးသိန်းစိန်ဆီကို နိင်ငံရေး အကျဉ်းသားတွေ ပြန်လွှတ်ပေးဖို့ မေတ္တာရပ်ခံစာနဲ့ Signature Campaign စီမံချက်ကို စတင် အကောင်အထည်ဖော် ဆောင်ရွက်နေတယ်လို့ သာယာဝတီမြို့နယ် NLD ဥက္ကဋ္ဌက ဧပြီ ၂၇ ရက် ဒီကနေ့ RFA ကို ပြောပါတယ်။