သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2024-07-23
ကျောက်မဲမြို့နယ်နဲ့ မန္တလေးတိုင်း မိုးကုတ်မြို့နယ်တိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က စစ်သုံ့ပန်း အယောက်လေးဆယ်ကို ဖမ်းဆီးရမိခဲ့တယ်လို့ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) က ထုတ်ပြန်ပါတယ်။
2024-07-23
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ယာယီသမ္မတတာဝန် လွှဲပြောင်းရယူတာဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီဆောင်ရွက်ခဲ့တာလို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဇူလိုင်လ ၂၃ ရက်နေ့က ပြောဆိုလိုက်ပါတယ်။
2024-07-23
လာအိုနိုင်ငံမှာ ကျင်းပမဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီး အစည်းအဝေးအတွင်း မြန်မာကိုယ်စားပြုနေရာအတွက် နိုင်ငံရေးနဲ့ မသက်ဆိုင်တဲ့သူကိုပဲ တက်ခွင့်ပေးဖို့ သဘောတူထားတယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာနက ပြောဆိုလိုက်ပါတယ်။
2024-07-23
လားရှိုးမြို့အဝင်မှာရှိတဲ့ စစ်ကောင်စီရဲ့ ခလရ-၄၁ တပ်ရင်းက တပ်ဖွဲ့ဝင်တွေ ဇူလိုင်လ ၂၁ ရက်နေ့ကစလို့ မြို့အတွင်းပိုင်းကို ဆုတ်ခွာပေးလိုက်ရပြီး လားရှိုးအကျဉ်းထောင်အနီးမှာ ဒီနေ့ ညနေအထိ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပါတယ်။
2024-07-23
မြန်မာနိုင်ငံမှာ ဖေ့စ်ဘွတ်ခ်အပါအဝင် အင်တာနက်ပေါ်က လူမှုဆက်သွယ်ရေးကွန်ရက်အချို့ကို စစ်ကောင်စီက လွတ်လပ်စွာအသုံးပြုခွင့် ကန့်သတ်ထားပြီး နောက်ထပ်လည်း Signal နဲ့ Google ဝန်ဆောင်မှု အချို့ကိုပါ အသုံးပြုခွင့်ကန့်သတ်မှုတွေနဲ့ ကြုံလာကြရပါတယ်။
2024-07-23
လားရှိုးမြို့နယ်မှာ ဒုတိယဗိုလ်မှူးကြီးအဆင့် အပါအဝင် စစ်ကောင်စီတပ်သား သုံးရာကျော် လက်နက်ချခဲ့တဲ့ ဗီဒီယိုရုပ်သံဖိုင်တစ်ခုကို MNDAA က ဇူလိုင်လ ၂၃ ရက်နေ့ ညနေမှာ ထုတ်ပြန်ပါတယ်။
2024-07-23
သံတွဲမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ AA တို့ တိုက်ပွဲ ပြင်းထန်နေပြီး စစ်ကောင်စီတပ်က မောင်ရွှေလေးရေတပ် မကျဖို့ ကြည်း၊ ရေ၊ လေ တပ်တွေသုံးပြီး အပြင်းအထန် ကာကွယ်နေတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
2024-07-23
ကျောက်မဲနဲ့ နောင်ချိုမြို့နယ်တွေမှာ စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် ဇူလိုင်လ ၁၉ ရက်နေ့ကနေ ၂၂ ရက်နေ့အထိ လေးရက်အတွင်း အရပ်သား ၁၅ ဦး သေဆုံးပြီး ငါးဦး ဒဏ်ရာရခဲ့ပါတယ်။
2024-07-23
KBC အကြံပေးပုဂ္ဂိုလ် သိက္ခာတော်ရ ဆရာတော် ဒေါက်တာ ခလမ်ဆမ်ဆွန် ဇူလိုင်လ ၂၂ ရက်နေ့က မြစ်ကြီးနားအကျဉ်းထောင်ကနေ ပြန်လည်လွတ်မြောက်လာတယ်လို့ သူနဲ့ နီးစပ်သူတွေက ပြောပါတယ်။
2024-07-23
အာဏာသိမ်း သုံးနှစ်ကျော်အတွင်း စစ်ကောင်စီ တိုက်ခိုက်မှုတွေကြောင့် ချင်းပြည်နယ်မှာ ဘုရားကျောင်းတွေ အပါအဝင် ဘာသာရေးအဆောက်အအုံ တစ်ရာကျော် ထိခိုက်ပျက်စီးခဲ့ပါတယ်။
2024-07-23
ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့အနီးက ချိုင်ရွာကို စစ်ကောင်စီတပ်က ဇူလိုင်လ ၂၁ ရက်နေ့မှာ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် အရပ်သားလေးဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2024-07-23
လားရှိုးမြို့နယ် နောင်လိုင်ရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် အရပ်သားသုံးဦး သေဆုံးခဲ့ပါတယ်။
2024-07-23
ပြည်သူ့အင်အားပါတီကို နိုင်ငံရေးပါတီအဖြစ်ကနေ မှတ်ပုံတင်ခွင့် ပယ်ဖျက်လိုက်တယ်လို့ စစ်ကောင်စီရဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဇူလိုင် ၂၂ ရက်မှာ ကြေညာပါတယ်။
2024-07-23
လောင်းလုံးမြို့နယ် ပြင်ကျောင်းရွာမှာရှိတဲ့ DDMSC ဝင်တစ်ဦးရဲ့ နေအိမ်ကို စစ်ကောင်စီတပ်က ဇူလိုင်လ ၂၂ ရက်နေ့မှာ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2024-07-23
မြ၀တီမြို့နယ်က အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေမှာ ပိတ်မိနေတဲ့ အိန္ဒိယနိုင်ငံသား ရှစ်ဦးကို ကယ်ဆယ်နိုင်ခဲ့ပါတယ်။