သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2024-12-18
မကွေးတိုင်းကနေ ချင်းပြည်နယ်တောင်ပိုင်းက မြို့နယ်တွေကို ကုန်စည်တင်ပို့ခွင့် စစ်ကောင်စီက ကန့်သတ်ထားတာကြောင့် စားသောက်ကုန် အပါအဝင် တခြားကုန်ပစ္စည်းတွေ ရှားပါးပြတ်လပ်လာပါတယ်။
2024-12-18
ပခုက္ကူမြို့နယ်က ရွာသုံးရွာကို စစ်ကောင်စီတပ်နဲ့ ပျူစောထီး ပူးပေါင်းအဖွဲ့တွေက ဒီဇင်ဘာ ၁၇ ရက်နဲ့ ၁၈ ရက် နှစ်ရက်တာ ဝင်ရောက်စီးနင်းမီးရှို့နေတာကြောင့် လူတစ်ထောင်ခန့် ထွက်ပြေးနေရပါတယ်။
2024-12-18
ရခိုင်ပြည်နယ် ဂွမြို့ အခြေစိုက် စစ်ကောင်စီရဲ့ ခမရ (၅၆၂) နဲ့ (၅၆၃) တပ်ရင်းတွေကို AA က အနီးကပ် တိုက်ပွဲဆင်နွှဲနေပြီး မြို့ပေါ်ရပ်ကွက်နှစ်ခုမှာလည်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ်တချို့ မီးလောင်နေတယ်လို့ ဒေသခံတွေက ဒီဇင်ဘာလ ၁၈ ရက်နေ့မှာ ပြောပါတယ်။
2024-12-18
စစ်အာဏာသိမ်းပြီးနောက် မြန်မာ့အရေးဖြေရှင်းဖို့အတွက် အာဆီယံရဲ့ ကြိုးပမ်းချက်ဟာ မအောင်မြင်ကြောင်း ပြည်တွင်းနဲ့ နိုင်ငံတကာအခြေစိုက် အရပ်ဘက်အဖွဲ့အစည်း နှစ်ရာကျော်က ဒီဇင်ဘာ ၁၆ ရက်မှာ ထုတ်ပြန်ပါတယ်။
2024-12-17
ကချင်မှာ တိုက်ပွဲတွေရပ်ပြီး ငြိမ်းချမ်းရေးဆွေးနွေးဖို့ KIA ကို တရုတ်နိုင်ငံက ပြောဆိုထားပေမဲ့ ဗန်းမော်မြို့မှာတော့ ဒီဇင်ဘာ ၁၈ ရက်နေ့အထိ တိုက်ပွဲတွေ ဆက်ပြင်းထန်နေပါတယ်။
2024-12-17
တနင်္သာရီတိုင်းမှာ နိုဝင်ဘာလအတွင်း အရပ်သား ၃၅၈ ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ လွတ်လပ်တဲ့ သုတေသနအဖွဲ့ တစ်ခုဖြစ်တဲ့ FE5 Tanintharyi က ဒီဇင်ဘာ ၁၇ ရက်မှာ ထုတ်ပြန်ပါတယ်။
2024-12-17
၂၀၂၄ နှစ်ကုန်ပိုင်းမှာ ဖမ်းဆီးတာတွေ ပိုများလာပြီး နိုဝင်ဘာလဆန်းကနေ ဒီရက်ပိုင်းအထိ မြန်မာနိုင်ငံသား တစ်ထောင်နီးပါး ဖမ်းဆီးခံထားရတယ်လို့ ပြောပါတယ်။
2024-12-17
မြန်မာနိုင်ငံမှာ စားနပ်ရိက္ခာဖူလုံရေးအခြေအနေတွေကို စစ်တမ်းကောက်သူ တော်တော်များများ စစ်ကောင်စီရဲ့ ဖမ်းဆီးတာ ခံထားရကြောင်း နီးစပ်သူတွေက ပြောပါတယ်။
2024-12-17
ဘားအံခရိုင် မာနယ်ပလောဒေသက နောက်ဆုံးကျန်နေတဲ့ စစ်ကောင်စီရဲ့ ပွိုင့်- ၉၁၃ တပ်စခန်းကုန်းကို ဒီဇင်ဘာလ ၁၆ ရက်နေ့ ညနေပိုင်းမှာ သိမ်းပိုက်နိုင်ခဲ့တယ်လို့ KNU ရဲ့ ပြောဆိုရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက RFA ကို ပြောပါတယ်။
2024-12-17
ရခိုင်ပြည်နယ်မှာ အငတ်ဘေးကြုံမဲ့အရေးကို ကာကွယ်ဖို့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူးတားရပ်စ်ကို Burma Campaign UK က ဒီဇင်ဘာ ၁၇ ရက်နေ့မှာ တိုက်တွန်းလိုက်ပါတယ်။
2024-12-17
မကွေးတိုင်း၊ စလင်းမြို့နယ်၊ စမ်းကလေးရွာကို ဒီဇင်ဘာလ ၁၆ ရက်နေ့မှာ စစ်ကောင်စီတပ်က စီးနင်းမီးရှို့တာကြောင့် နေအိမ်တစ်ရာကျော် မီးလောင်ပျက်စီးပြီး လူသုံးထောင်ကျော်လည်း ထွက်ပြေးနေရတယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
2024-12-17
ရခိုင်မှာ တိုက်ပွဲတွေကြောင့် ဧရာဝတီတိုင်းက မြို့နယ်တွေကို တိမ်းရှောင်လာကြတဲ့ စစ်ဘေးဒုက္ခသည်တွေဟာ ပင်လယ်ပြင်ငါးဖမ်းခွင့် ပိတ်ပင်ခံရတာအပြင် အသွားအလာ တင်းကျပ်စစ်ဆေးတာတွေနဲ့ ကြုံနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2024-12-17
မန္တလေး၊ စဥ့်ကိုင်၊ တံတားဦး၊ မြင်းခြံနဲ့ ညောင်ဦးအပြင် စစ်ကိုင်း၊ ပဲခူး၊ ရန်ကုန်တိုင်းနဲ့ မွန်ပြည်နယ်က မြို့နယ်အချို့မှာလည်း စစ်မှုထမ်းဖို့အတွက် လူငယ်တွေ ဆက်တိုက် ဖမ်းဆီးခံနေရပါတယ်။
2024-12-17
မင်းတပ်မြို့မှာ စစ်ကောင်စီတပ်က မကြာခဏ လေကြောင်းကနေ ဗုံးကြဲနေတာကြောင့် လူစုလူဝေးနဲ့ ရိုးရာပွဲတော်တွေ မလုပ်ကြဖို့ မင်းတပ်မြို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဒီနေ့ထုတ်ပြန်ပါတယ်။
2024-12-17
ဗန်းမော်မြို့သိမ်းတိုက်ပွဲ နှစ်ပတ်အတွင်း လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် အရပ်သား သုံးဆယ်ဝန်းကျင် သေဆုံးပြီး ဒဏ်ရာရသူ ၁၅၀ ခန့်ရှိတယ်လို့ ကချင်ပြည်နယ်အခြေစိုက် အရပ်ဘက်အဖွဲ့အစည်းတွေက ဒီဇင်ဘာလ ၁၇ ရက်နေ့မှာ ပြောပါတယ်။