သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2011-02-08
စီးပွားရေး ပိတ်ဆို့အရေးယူမှုကို ဖယ်ရှားသင့်မသင့်၊ ပြင်ဆင်သင့် မသင့်ကိစ္စ ဆွေးနွေးနိုင်ဖို့ အမေရိကန် အပါအဝင် ဥရောပသမဂ္ဂ (EU) နိုင်ငံတွေကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ဖေဖော်ဝါရီ ၈ ရက် ဒီကနေ့ ဖိတ်ခေါ် လိုက်ပါတယ်။
2011-02-08
တရားမဝင် စာရွက်စာတမ်းတွေနဲ့ အလုပ်သမားတွေကို နိုင်ငံခြားကို ပို့ဆောင်နေတဲ့ အလုပ်သမားအေဂျင်စီ ၂၀ ကို မြန်မာအာဏာပိုင်တွေက ဒီတပတ်အတွင်းမှာ ဖမ်းဆီးလိုက်ပါတယ်။
2011-02-08
စီးပွားရေးအရ ဒဏ်ခတ် ပိတ်ဆို့မှုကြောင့် မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီရေးအတွက် အကျိုးဖြစ်ထွန်းတာမျိုး မတွေ့ရဘူးလို့ အမျိုးသားဒီမိုကရေစီအင်အားစု (NDF) က ဖေဖော်ဝါရီ ၇ ရက် မနေ့က ပြောဆိုပါတယ်။
2011-02-08
စစ်ခေါင်းဆောင်တွေနဲ့ စီးပွားရေး အပေါင်းပါတွေ အပေါ် ပစ်မှတ်ထား ပိတ်ဆို့ အရေးယူတာကို အနောက်နိုင်ငံတွေအနေနဲ့ ဆက်လက် ထားရှိဖို့ ဆိုတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် သဘောထား ကြေညာချက် အပေါ်မှာ အမေရိကန် နိုင်ငံခြားရေးဌာနရဲ့ အရာရှိတဦးက RFA ကို အခုလို ပြောဆိုပါတယ်။
2011-02-07
ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရဲ့ ညွန်ကြားချက်နဲ့ဆိုပြီး ရန်ကုန်တိုင်းအတွင်း သက်ဆိုင်ရာ မြို့နယ် ရပ်ကွက်တွေမှာ ရယက အဖွဲ့ဝင်တွေကနေ မြန်မာနိုင်ငံ ထေရဝါရ ဗုဒ္ဓသာသနာ နုဂ္ဂဟ အသင်းကြီး ဖွဲ့စည်းရေးအတွက် ဝန်ထမ်းတွေကို အသင်းဝင်ဖို့ အတင်း အဓမ္မ ဝင်ခိုင်းနေတယ်လို့ သိရပါတယ်။
2011-02-07
ဒီလ ၃ ရက်နေ့ လွှတ်တော် အစည်းအဝေးကနေ နိုင်ငံတော် ဒုသမတ အဖြင် ကြံ့ခိုင်ရေးပါတီ အမတ် ရှမ်းတိုင်းရင်းသား ဒေါက်တာ စိုင်းမောက်ခန်းကို ရွေးချယ်လိုက်တာဟာ သူတို့ တိုင်းရင်းသားပါတီတွေ တောင်းဆိုခဲ့တဲ့ အချက်တွေနဲ့ မကိုက်ညီဘူးလို့ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ပါတီ (AMRDP) ဥက္ကဋ္ဌ နိုင်ငွေသိမ်းက ပြောပါတယ် ။
2011-02-07
ဒီကနေ့ ဖေဖော်ဝါရီ ၇ ရက် နေ့လည် ၁ နာရီလောက်မှာ NLD အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗဟိုအလုပ်အမှုဆောင်များ၊ အစည်းအဝေး ပြုလုပ်ပြီး မြန်မာနိုင်ငံအပေါ် အနောက်နိုင်ငံတွေက ပိတ်ဆို့ အရေးယူထားတဲ့ စီးပွားရေး ပိတ်ဆို့မှုတွေနဲ့ ပတ်သက်ပြီး ပါတီက ထုတ်ပြန်မဲ့ သဘောထား ကြေညာချက်ကို အပြီးသတ် ဆွေးနွေးခဲ့ကြပါတယ်။
2011-02-07
စစ်အစိုးရနဲ့ ငြိမ်းချမ်းရေးယူထားတဲ့ KIO ကချင် လွတ်မြောက်ရေးအဖွဲ့နဲ့ စစ်အစိုးရတပ်တွေ ဒီကနေ့ ဖေဖော်ဝါရီ ၇ ရက် မနက် ၉ နာရီက ဗန်းမော်-မန်ဝိန်းကားလမ်း အနီးမှာ နှစ်နာရီကြာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။
2011-02-07
ဖေဖော်ဝါရီ ၈ ရက် လာမဲ့အင်္ဂါနေ့မှာ နိုင်ငံတော်သမတသစ် ဦးသိန်းစိန်ဟာ လွှတ်တော်မှာ ပထမဆုံး မိန့်ခွန်းပြောမှာ ဖြစ်ပါတယ်။ တချိန်တည်းမှာပဲ အစိုးရသစ် အဖွဲ့ဝင်တွေကိုပါ ရွေးချယ် ခန့်အပ်လိမ့်မယ်လို့လည်း ဆိုပါတယ်။
2011-02-06
တောင်ကိုးရီးယားနိုင်ငံ Haja အနုပညာ သင်တန်းကျောင်းက ကျောင်းသူ ကျောင်းသားတွေဟာ NLD မဖြူဖြူသင်း ကူညီဆောင်ရွက်နေတဲ့ HIV ဂေဟာနဲ့ ရုပ်ရှင်သရုပ်ဆောင် ကိုကျော်သူ ဦးစီး ဆောင်ရွက်နေတဲ့ နာရေးကူညီမှု အသင်းတွေကို ဒီကနေ့ သွားရောက်ခဲ့ကြပါတယ်။
2011-02-06
မနှစ်က ရန်ကုန်သြင်္ကန် ကန်တော်ကြီး X2O ရေကစားမဏ္ဍပ် ဗုံးပေါက်ကွဲမှုကို ဓာတ်ပုံ ရိုက်ကူးခဲ့တဲ့ အတွက် ထိန်းသိမ်းခံထားရတဲ့ ဦးမောင်မောင်ဇေယျကို အင်းစိန် ထောင် အထူးတရားရုံးက ထောင်ဒဏ် ၁၃ နှစ် ချမှတ်လိုက်တယ်လို့ သိရပါတယ်။
2011-02-06
စစ်အစိုးရအပေါ် ပစ်မှတ်ထား ပိတ်ဆို့မှုတွေကို ဆက်လက်ထားရှိသင့်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က မနက်ဖြန် ဖေဖော်ဝါရီလ ၇ ရက်နေ့မှာ ထုတ်ပြန်မယ့် ကြေညာချက်မှာ ပါရှိမယ်လို့ သိရှိရပါတယ်။
2011-02-06
အခုတပတ် ဦးခင်မောင်ညိန်း စီစဉ်တင်ဆက်တဲ့ တနင်္ဂနွေစကားဝိုင်း အစီအစဉ်မှာ ပြီးခဲ့တဲ့ရက်ပိုင်းက စတင်ကျင်းပတဲ့ ပြည်သူ့လွှတ်တော် စည်းဝေးပွဲတွေနဲ့ နိုင်ငံတော်သမ္မတ၊ ဒုတိယ-သမ္မတ စတဲ့ ရွေးချယ်တင်မြောက်မှုတွေ အကြောင်းကို အခြေပြု ဆွေးနွေးထားကြပါတယ်။
2011-02-05
ဒုတိယအကြိမ် ပင်လုံညီလာခံ ပေါ်ပေါက်အောင် ကြိုးစားသွားမယ့် အကြောင်း နှစ် ၅ဝ မြောက် ကချင် တော်လှန်ရေးနေ့ အခမ်းအနားမှာ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ဥက္ကဋ္ဌက ပြောလိုက်ပါတယ်။
2011-02-05
ရန်ကုန်တိုင်းအတွင်း ဆင်းရဲချို့တဲ့ တဲ့ ပြည်သူတွေရဲ့ နာရေးကိစ္စ တွေကို ကူညီဖို့ ဆန်း ဂရုဏာ နာရေးကူညီမှု အသင်းကို စေတနာရှင်တချို့က ဒီကနေ့ ဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။