သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2024-12-17
မြောင်းမြအကျဥ်းထောင်မှာ နိုင်ငံရေးအကျဥ်းသားတွေရဲ့ ကျန်းမာရေးအတွက် ဆေးဝါးပို့ခွင့် ကန့်သတ်ခံနေရတယ်လို့ နိုင်ငံရေးအကျဥ်းသားဟောင်းတွေက RFA ကို ဒီဇင်ဘာ ၁၇ ရက် ဒီနေ့ပြောပါတယ်။
2024-12-17
၁၀၂၇ စစ်ဆင်ရေးကို အဓိကဦးဆောင်ခဲ့တဲ့ အဖွဲ့တွေထဲက MNDAA ကိုးကန့်တပ်ဖွဲ့အနေနဲ့ တရုတ်ရဲ့ ဖိအားတွေကြောင့် NUG အပြင်၊ PDF နဲ့ တိုင်းရင်းသား မဟာမိတ် တော်လှန်ရေးတပ်ဖွဲ့တွေကိုပါ အဆက်အသွယ်ဖြတ်လိုက်ပါတယ်။
2024-12-17
ရခိုင်ပြည်နယ် အမ်းမြို့က နောက်ဆုံးကျန်နေတဲ့ စစ်ကောင်စီရဲ့ နပခဌာနချုပ်အတွင်းကနေ စစ်ကောင်စီတပ်သားအများအပြား လက်နက်ချတဲ့ ရုပ်သံဖိုင်ကို AA က ဒီဇင်ဘာ ၁၆ ရက် ညပိုင်းမှာ ထုတ်ပြန်လာပါတယ်။
2024-12-17
ပေါက်မြို့နယ် စပါးမြှောရွာကို ဒီဇင်ဘာ ၁၅ ရက်မှာ စစ်တပ်နဲ့ ပျူစောထီးပူးပေါင်းအဖွဲ့ ဝင်ရောက်စီးနင်းပြီး အမျိုးသားငါးဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့သလို ရွာခံ ငါးဆယ်ခန့်ကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။
2024-12-17
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ကျောက်လှေကားရွာနဲ့ နတ်ကြီးရွာတို့ကို ဒီဇင်ဘာလ ၁၆ ရက်နေ့ ညပိုင်းမှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သားငါးဦး သေဆုံးပြီး နောက်ထပ်ဆယ်ဦး ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2024-12-17
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ဖို့ လျှောက်ထားတဲ့ ICC ရှေ့နေချုပ်ရဲ့ ဆုံးဖြတ်ချက်ဟာ တရားမျှတမှုအတွက် အရှိန်အဟုန်တစ်ခုကို တည်ဆောက်နိုင်ပါတယ်။
2024-12-17
ရှမ်းပြည်နယ်မြောက်ပိုင်း တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့က အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်) တွေကို စစ်ကောင်စီ အာဏာပိုင်တွေက ဒီဇင်ဘာလ ၁၆ ရက်နေ့မှာ ဝင်ရောက်စီးနင်းစဉ် တရုတ်နိုင်ငံသား နှစ်ဆယ် ဖမ်းမိတယ်လို့ မူဆယ်မြို့ခံတွေက ပြောပါတယ်။
2024-12-16
မန္တလေးတိုင်းက မြို့နယ်ခုနစ်ခုမှာ နှစ်ပတ်အတွင်း လူငယ် ၁၂၀ ကျော် စစ်မှုထမ်းဖို့ ဖမ်းဆီးခံလိုက်ရတယ်လို့ မန္တလေးမြို့ခံတွေက RFA ကို ဒီဇင်ဘာ ၁၇ ရက် ဒီနေ့ပြောပါတယ်။
2024-12-16
တရားရုံးဥပဒေပုဒ်မ (၆၃) အရ ဘယ်လ်ဂျီယံနိုင်ငံက ဂမ်ဘီယာနိုင်ငံဘက်ကနေ ပါဝင်ခွင့်ပြုဖို့ ICJ ကို ၂၀၂၄ ဒီဇင်ဘာ ၁၂ ရက်နေ့မှာ လျှောက်ထားလာတာလို့ ဆိုပါတယ်။
2024-12-16
ဖမ်းဆီးထားတဲ့ ထိုင်းနိုင်ငံသား လေးဦးနဲ့ မြန်မာနိုင်ငံသား ၂၇ ဦးကို ကော့သောင်းခရိုင်တရားရုံးက ထောင်ဒဏ်တွေ ချမှတ်လိုက်တာလို့ ဆိုပါတယ်။
2024-12-16
နှစ်နိုင်ငံပူးပေါင်းပါဝင်တဲ့ ဒေသဆိုင်ရာ နယ်ခြားကော်မတီ (RBC) နဲ့ မြို့နယ်အဆင့် နယ်ခြားကော်မတီ (TBC) အစည်းအဝေးတွေမှာ ဆွေးနွေးမယ်လို့ ဆိုပါတယ်။
2024-12-16
သူတို့ကို ရွှေပြည်သာ စစ်ကြောရေးမှာ စစ်ဆေးပြီး ပုဒ်မ ၅၀၅ (က) နဲ့ အမှုဖွင့်ထားတယ်လို့ ဆိုပါတယ်။
2024-12-16
MNDAA နဲ့ စစ်ကောင်စီ ကိုယ်စားလှယ်တွေ တရုတ်နိုင်ငံ၊ ကူမင်းမြို့မှာ တွေ့ဆုံဆွေးနွေးနေပါတယ်။
2024-12-16
တောင်ကုတ်မြို့နယ်မှာရှိတဲ့ အမှတ် (၅) စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်၊ ခမရ (၃၄၆)၊ (၅၄၄) အပါအဝင် စစ်ကောင်စီရဲ့ တပ်စခန်းကြီးငယ် ဆယ်ခုကျော်စလုံးကို (AA) က အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တာလို့ ဆိုပါတယ်။
2024-12-16
မြန်မာ့အရေးနဲ့ ပတ်သက်ပြီး ဒေသဆိုင်ရာ အစည်းအဝေးပွဲနှစ်ခုကို အခုသီတင်းပတ်ထဲ ကျင်းပသွားပါမယ်။