သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-03-12
"သတင်းမီဒီယာ လွတ်လပ်ခွင့်နဲ့ စိန်ခေါ်မှုများ" လို့ အမည်ပေးထားတဲ့ နိုင်ငံတကာ သတင်းမီဒီယာ ညီလာခံကို ရန်ကုန်မြို့ မြန်မာနိုင်ငံ ကုန်သည်များနဲ့ စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်မှာ ကျင်းပနေပါတယ်။ ဒီနေ့ ဆွေးနွေးပွဲ ဒုတိယနေ့မှာ သတင်းမီဒီယာကျင့်ဝတ်နဲ့ ပတ်သက်ပြီး စကားဝိုင်း ပြုလုပ်ရာမှာ မြန်မာသတင်းမီဒီယာတွေရဲ့ ကျင့်ဝတ်နဲ့ပတ်သက်ပြီး မဇ္ဈိမသတင်းဌာန အယ်ဒီတာချုပ် ဦးစိုးမြင့် တက်ရောက်ဆွေးနွေးခဲ့ပါတယ်။ ဦးစိုးမြင့်ကို RFA သတင်းထောက် ကိုကျော်ဇောဝင်းက တွေ့ဆုံမေးမြန်းထားပါတယ်။
2014-03-12
ပဲခူးတိုင်း အလိုင်နီကျေးရွာ အုပ်စု၊ အောင်သိဒ္ဓိ ဘုန်းတော်ကြီးကျောင်း မှာ ခိုလှုံနေကြတဲ့ သမီးလေးကျေးရွာ မိသားစုတွေထဲက ရွာသား ၄ ဦးနဲ့ အောင်သိဒ္ဓိကျောင်း ဆရာတော် ဦးအဂ္ဂဓမ္မ တို့ ဒီကေဘီအေအဖွဲ့က နေရာချထားမယ့်ဒေသကို မတ်လ ၁၁ ရက်က သွားရောက်ကြည့်ရှု လေ့လာခဲ့ကြပါတယ်။
2014-03-12
စာနယ်ဇင်း လွတ်လပ်ခွင့်အတွက် စိန်ခေါ်မှုများ ဆိုတဲ့ခေါင်းစဉ်နဲ့ နိုင်ငံပေါင်း ၃ဝ ကျော်က သတင်းမီဒီယာသမား ၃ ရာကျော် တက်ရောက်ဆွေးနွေးနေတဲ့ နိုင်ငံတကာ သတင်းမီဒီယာ ညီလာခံကို ရန်ကုန်မြို့ ကုန်သည်နဲ့ စက်မှုလက်မှုလုပ်ငန်းရှင်းများ အသင်းချုပ် UMFCCI မှာ ဒုတိယနေ့အဖြစ် ဒီကနေ့ ဆက်လက်ကျင်းပနေပါတယ်။ အပြည့်အစုံကို RFA သတင်းထောက် ကိုမျိုးဇော်ကိုက တင်ပြထားပါတယ်။
2014-03-12
ရခိုင်ပြည်နယ် မောင်တောမြို့နယ် ဒုချီးရားတန်း (အလယ်) ရွာနဲ့ အနောက်ရွာတွေမှာ ပြီးခဲ့တဲ့ ဇန်နဝါရီလက ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်တွေနဲ့ပတ်သက်လို့ စုံစမ်းစစ်ဆေးရေးကော်မရှင်က သမ္မတကို တင်ပြခဲ့တဲ့ အစီရင်ခံစာနဲ့ ပတ်သက်ပြီး ဒီနေ့ ကော်မရှင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။ RFA သတင်းထောက် ကိုနေမျိုးထွန်းက တင်ပြထားပါတယ်။
2014-03-11
ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းဆိုင်ရာ ဥပဒေနဲ့ လူဦးရေ တိုးပွားနှုန်း ထိန်းညှိရေးဆိုင်ရာ ဥပဒေကြမ်းတွေကို လူ့အခွင့်ရေးချိူးဖောက်မှုတွေနဲ့ မငြိစွန်းရအောင် မှန်မှန်ကန်ကန်မျှမျှတတဖြစ်အောင် ရေးဆွဲမှာဖြစ်ပြီး ဒီဥပဒေကြမ်းအတွက် ပြည်သူလူထုထံက ပေးပို့လာတဲ့ အကြံဉာဏ်တွေကိုလည်း အလေးထား စဉ်းစားသွားမယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းက သမ္မတဦးသိန်းစိန် ဖွဲ့စည်းပေးလိုက်တဲ့ ဥပဒေကြမ်းရေးဆွဲရေးကော်မရှင် အတွင်းရေးမှူးဖြစ်သူ ရှေ့နေချုပ်ရုံး ဒုတိယညွန်ကြားရေးမှူးချုပ် ဦးဝင်းမြင့်က RFA ကို ဒီကနေ့ ပြောပါတယ်။ ဦးဝင်းမြင့်ကို RFA အဖွဲ့သူ မသင်းသီရိက ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
2014-03-11
၂၀၁၅ ရွေးကောက်ပွဲမှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက မဲဆန္ဒနယ်အားလုံးမှာ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ကြောင်း၊ သူ့အနေနဲ့ ဟင်္သာတ မဲဆန္ဒနယ်က ယှဉ်ပြိုင်သွားမှာဖြစ်ကြောင်း ပါတီဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦးက ဒီကနေ့ RFA ကို ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ကြံံ့ခိုင်ဖွံ့ဖြိုးရေးပါတီရဲ့ ၂၀၁၅ ရွေးကောက်ပွဲအတွက် ပြင်ဆင်နေမှု အခြေအနေတွေ၊ ရွေးကောက်ပွဲအတွက် အလားအလာတွေနဲ့ ပတ်သက်ပြီး ဦးဌေးဦးကို RFA အဖွဲ့သူ ဒေါ်ခင်ခင်အိက ဆက်သွယ် မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
2014-03-11
မန္တလေးမြို့ မစိုးရိမ်တိုက်သစ်ဆရာတော် ဦးဝီရသူဟာ ရခိုင်ပြည်နယ် ပေါက်တော မြို့နယ် ဒေသဖွံ့ဖြိုးရေးအတွက် အကူအညီပေးနိုင်ဖို့ ဒေ သခံတွေရဲ့ အခက်အခဲတွေကို ဒီနေ့ မေးမြန်းခဲ့တယ်လို့ သိရပါတယ်။
2014-03-11
လူထုအများက တောင်းဆိုနေကြတဲ့ နိုင်ငံတော်သမ္မတ အရည်အချင်းသတ်မှတ်ထားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၅၉ (ဃ)၊ (စ) နဲ့ ပုဒ်မ ၄၃၆ တို့ကို ပြင်ဆင်ဖို့ ဒါမှမဟုတ် ပယ်ဖျက်ပေးဖို့ အမျိုးဘာသာ၊ သာသနာစောင့်ရှောက်ရေးအဖွဲ့ မန္တလေးတိုင်းဒေသကြီး တွဲဘက်အတွင်းရေးမှူး ဆရာတော် ဦးသူရိယက အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့ (ဗဟို) ဥက္ကဌ ဆရာတော်ကြီးထံ လျှောက်ထားလိုက်ပါတယ်။
2014-03-11
ပဲခူးတိုင်းဒေသကြီး၊ သဲကုန်းမြို့မှာ သိမ်းဆည်းခံ လယ်ယာမြေပြဿ နာ ဖြေရှင်းပေးဖို့အတွက် ပြီးခဲ့ တဲ့ ဖေဖေါ်ဝါလအတွင်းက သပိတ်စခန်းဖွင့် ဆန္ဒပြတောင်း ဆိုခဲ့ကြလို့ တရားစွဲခံရတဲ့တောင်သူ ၃ ဦးနဲ့ ကူညီပေးသူ တစ်ဦး စုစုပေါင်း ၄ ဦးကို သဲကုန်းမြို့နယ် တရားရုံးမှာ ဒီနေ့ ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။
2014-03-11
ရခိုင်ပြည်နယ်မှာ အစိုးရက ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေအတိုင်း ရသင့်ရထိုက်တဲ့ နိုင်ငံသားအခွင့် အရေးပေးမယ်ဆိုရင် အစိုးရအပေါ် ယုံကြည်မှုတွေ တိုးပွားလာမှာဖြစ်သလို နောက်ထပ်ပြဿ နာတွေ ကိုလည်း မဖြစ်အောင် တားဆီးနိုင်မှာဖြစ်တယ်လို့ ရခိုင်ပြည်နယ် မောင်တောမြို့နယ် ဒုချီးရားတန်းကျေး ရွာဖြစ်စဉ် စုံစမ်းစစ်ဆေးရေး ကော်မရှင်က ဒီနေ့ ကြေညာ ချက်ထုတ်ပြန် ပြောဆိုပါတယ်။
2014-03-11
မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေဟာ စိုးရိမ်ဖွယ် ဆက်လက်ရှိနေဆဲ ဖြစ်တဲ့အတွက် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီအနေနဲ့ မကြာခင် ဂျနီဗာမြို့မှာ ကျင်းပမယ့် ၂၅ ကြိမ်မြောက် ကုလသမဂ္ဂ လူ့အခွင့် အရေးကောင်စီ အစည်းအဝေးမှာ ဆွေးနွေးသွားဖို့ မြန်မာ့ အရေးဆောင်ရွက်နေတဲ့ အဖွဲ့အစည်း ၄၈ ဖွဲ့က အိပ်ဖွင့်ပေး စာတစ်စောင်ကို ဒီကနေ့ နေ့စွဲနဲ့ ပေးပို့ တိုက်တွန်းလိုက် ပါတယ်။
2014-03-11
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ဒုချီးရားတန်း အလယ်ရွာမှာ မတ်လ ၉ ရက်နေ့ နံနက် ၁ဝ နာရီလောက်က မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပါတယ်။ မီးလောင်မှုဟာ ရှို့မီးကြောင့်ဖြစ်တယ်လို့ အစိုးရ ပြန်ကြားရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။
2014-03-11
ပြီးခဲ့တဲ့ စနေနေ့ မတ်လ ၈ ရက်နေ့က ကျရောက်တဲ့ နိုင်ငံတကာအမျိုးသမီးများနေ့ကို ရန်ကုန်၊ စစ်တွေ၊ မြစ်ကြီးနား စတဲ့မြို့တွေမှာ ကျင်းပခဲ့ကြပါတယ်။ RFA ဝိုင်းတော်သူ မခင်ခင်အိက တင်ပြထားပါတယ်။
2014-03-11
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်ချုပ်ဆိုဖို့အတွက် အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ဖွဲ့စည်းထားတဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ NCCT တို့ ရန်ကုန်မြို့မှာ နှစ်ရက်ကြာ ဆွေးနွေးခဲ့ပါတယ်။ RFA ဝိုင်းတော်သား ဦးတင်အောင်ခိုင်က တင်ပြထားပါတယ်။
2014-03-11
နိုင်ငံပေါင်း ၃၁ နိုင်ငံက သတင်းမီဒီယာသမား ၃ ရာကျော် တက်ရောက်မယ့် "နိုင်ငံတကာ မီဒီယာ ညီလာခံ" ဖွင့်ပွဲအခမ်းအနားနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ "စုဖေါင်ဒေးရှင်း" ဖွင့်လှစ်ပွဲ အခမ်းအနားကို ရန်ကုန်မြို့ ဆရာစံပလာဇာမှာရှိတဲ့ သမဝါယမ အဆောက်အဦးမှာ မနေ့က ပူးတွဲကျင်းပခဲ့ပါတယ်။ RFA ဝိုင်းတော်သား ဦးဝင်းနိုင်က တင်ပြထားပါတယ်။