သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2020-03-20
ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်ကို အမေရိကန်၊ ဥရောပနဲ့ တောင်ကိုရီးယားနိုင်ငံတွေမှာ ဘယ်လိုရင်ဆိုင်နေလဲ ဆိုတဲ့အကြောင်း RFA ဝိုင်းတော်သား ကိုနေရိန်ကျော် တင်ပြထားပါတယ်။
2020-03-20
RFA ကနေ အပတ်စဉ် သောကြာနေ့တိုင်း ထုတ်လွှင့်နေတဲ့ “မှတ်မှတ်သားသား စကားများ” အစီအစဉ်ဖြစ်ပါတယ်။
2020-03-20
လွတ်လပ်စွာ ပြောဆိုခွင့်၊ ရေးသားထုတ်ဖော်ခွင့် ချိုးဖောက်ခံရမှုတွေဟာ NLD အစိုးရလက်ထက်မှာ အဆိုးဆုံးဖြစ်နေတယ်လို့ လူ့အခွင့်အရေး စောင့်ကြည့်လေ့လာနေတဲ့ ရန်ကုန်အခြေစိုက် အသံအဖွဲ့က မကြာခင်တုန်းကပဲ ကြေညာချက်ထုတ်ခဲ့ပါတယ်။
2020-03-20
ရခိုင်မြောက်ပိုင်းက တနေ့တခြားပြင်းထန်တဲ့ တိုက်ပွဲတွေအတွင်း ဒေသခံအရပ်သူအရပ်သားတွေ သေဆုံးဒဏ်ရာရတာ၊ နေအိမ်မီးရှို့ဖျက်ဆီးခံရတာတွေ များသထက်များလာနေပါတယ်။
2020-03-20
လူ သိန်းနဲ့ချီနေထိုင်နေကြတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရိုဟင်ဂျာဒုက္ခသည်စခန်းတွေမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမယ့်အရေး စိုးရိမ်နေကြတယ်လို့ RFA က ဆက်သွယ်မေးမြန်းခဲ့တဲ့ ဒုက္ခသည်တွေက ပြောပါတယ်။
2020-03-20
ဒီနေ့ နေပြည်တော်မှာ ပြည်ထောင်စုလွှတ်တော်မှာ ကိုးရက်မြောက်နေ့အဖြစ် အာဏာရ NLD ပါတီက ဦးဆောင်ပြီး ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ချက်တွေကို မဲခွဲဆုံးဖြတ်နေရာမှာ စစ်အစိုးရလက်ထက် ဆောင်ရွက်ချက်တွေကို နောက်ကြောင်းပြန် အရေးမယူစေရဆိုတဲ့ ပုဒ်မအပါအဝင် လက်ရှိနိုင်ငံတော် အလံကို ပြင်ဆင်တဲ့ ပုဒ်မတွေကို မဲခွဲခဲ့ပါတယ်။
2020-03-20
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်မှာ မနေ့ညက တပ်မတော် ရေယာဉ်ပေါ်ကနေပစ်လို့ အရပ်သား သုံးဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။
2020-03-20
မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ် အောင်သပြေကျေးရွာအနီးက ကျောက်မီးသွေးသုံး ဘိလပ်မြေစက်ရုံနဲ့ စက်ရုံပိုင်ယာဉ်တချို့ကို မီးရှို့ဖျက်ဆီးမှုနဲ့ တရားစွဲခံထားရတဲ့ ရွာသား ငါးဦးကို ထောင်ဒဏ် ငါးနှစ်စီ တရားရုံးက အမိန့်ချလိုက်ပါတယ်။
2020-03-20
လွန်ခဲ့တဲ့ ငါးလက ဧရာဝတီတိုင်း ပန်းတနော်မြို့မှာ အမည်မသိ လူ နှစ်ဦးက အက်ဆစ်ပက် အတိုက်အခိုက်ခံရမှုအတွက် အတိုက်ခံခဲ့ရတဲ့ အမျိုးသမီးက ပန်းတနော်ရဲစခန်းမှာ မနေ့က အမှုဖွင့်ခွင့်ရသွားပြီလို့ သိရပါတယ်။
2020-03-20
ကိုရိုနာဗိုင်းရပ်စ် အန္တရာယ်ကို ကြိုတင်ကာကွယ်နိုင်ရေး ဆောင်ရွက်နေချိန်မှာ တိုင်းနဲ့ပြည်နယ်အသီးသီးက ပြည်သူ့ဆေးရုံတွေမှာ ရောဂါကာကွယ်ရေး ပစ္စည်းတွေနဲ့ အသက်ရှူစက်တွေ လိုအပ်နေတယ်ဆိုပြီး အလှူခံနေကြပါတယ်။
2020-03-20
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်က ကျေးရွာတွေမှာ ဖြစ်နေတဲ့ တိုက်ပွဲတွေကြောင့် ဒေသခံတွေဟာ အခြားမြို့တွေကို ထွက်ပြေးနေကြပါတယ်။ ရေလမ်း၊ ကုန်းလမ်းခရီးနဲ့ မိုင်ပေါင်း ငါးရာကျော်ဝေးတဲ့ ရန်ကုန်မြို့အထိ ရွှေ့ပြောင်းလာသူတွေ ရှိနေပါပြီ။
2020-03-20
COVID 19 လို့ခေါ်တဲ့ ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်က တကမ္ဘာလုံးကိုချိန်းခြောက်နေတာပါ။ မြန်မာနိုင်ငံမှာ ဒီဗိုင်းရပ်စ်ပိုးဖြစ်ပွားနေတာ မတွေ့ရှိသေးဘူးဆိုပေ မဲ့လည်း ကြိုတင်ကာကွယ်မှုတွေလုပ်ဖို့ အစိုးရက တိုက်တွန်းဆောင်ရွက်တာတွေလုပ်နေပါတယ်။
2020-03-19
ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်ကြောင့် တက္ကသိုလ်နဲ့ ဒီဂရီကောလိပ်တွေမှာ စာမေးပွဲရက် ရွှေ့ဆိုင်းတာနဲ့ အစားထိုးဖြေဆိုခွင့်တွေ ပြုလိုက်ပါတယ်။
2020-03-19
ဒီတပတ်မှာ ရခိုင်ပြည်နယ်နဲ့ ဧရာဝတီတိုင်းတို့က ဆက်သွယ်ပြောလာတာ၊ စာပေးပို့လာတာတွေကို RFA သတင်းထောက် မဝေယံမိုးမြင့်က စုစည်းတင်ပြပေးမှာဖြစ်ပါတယ်။
2020-03-19
နိုင်ငံတွင်းမှာရှိတဲ့ လက်နက်ကိုင်အဖွဲ့အစည်းအားလုံးဟာ တပ်မတော်ကွပ်ကဲမှု အောက်မှာပဲရှိရမယ်လို့ ပြဌာန်းထားတဲ့ ဖွဲ့စည်းပုံပါပုဒ်မကို ပယ်ဖျက်ဖို့ NLD ဘက်က တင်ပြထားတဲ့ ပြင်ဆင်ချက်ကို ဒီနေ့ လွှတ်တော်မှာ မဲခွဲရာမှာ တပ်မတော်က ထောက်ခံမှုမရှိတဲ့အတွက် ရှုံးနိမ့်သွား ပါတယ်။