သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2020-03-19
ရခိုင်ပြည်နယ်မှာ စစ်ရေးပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးရသူ အရေ အတွက် ပိုများလာနေပြီး တဘက်မှာ စားနပ်ရိက္ခာနဲ့ နေထိုင်ရေး အခက်အခဲတွေနဲ့ ပိုမိုရင်ဆိုင်လာကြရပါတယ်။ ဒီလိုအခက်အခဲတွေကြောင့် အခုသီတင်းပတ်အတွင်း စစ်တွေမြို့ကို ဦးတည်ထွက်ပြေးလာကြသူ အရေအတွက်ဟာလည်း များလာနေပါတယ်။
2020-03-19
"နိုင်ငံ့ရေးရာ မေးစရာ" အစီအစဉ်မှာ ဇိုမီးဒီမိုကရေစီ အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး၊ ချင်းပြည်နယ် အမှတ် (၅) မဲဆန္ဒနယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ပူဂင်ကမ်းလျန် ကို RFA သတင်းထောက် ကိုသီဟထွန်း က သီးသန့်တွေ့ဆုံ မေးမြန်းထားပါတယ်။ ဒီတစ်ပတ် ဒုတိယပိုင်းကို ရှုစားကြရမှာပါ။
2020-03-19
RFA က စီစဉ်ရိုက်ကူးပြီး၊ DVB ရုပ်သံလိုင်းကနေ အပတ်စဉ် ကြာသပတေးနေ့တိုင်း ထုတ်လွှင့်နေတဲ့ "ယနေ့နိုင်ငံရေး" အစီအစဉ်မှာ “ကိုရိုနာ-ကပ်ဘေးနဲ့ မြန်မာ့စီးပွားရေးအပေါ် ရိုက်ခတ်မှု”ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးတင်ဆက်သွားမှာပါ။
2020-03-19
မန္တလေးတိုင်း ပြင်ဦးလွင်မြို့နယ်၊ ဝက်ဝံကျေးရွာမှာ ယာယီထားရှိထားတဲ့ X-Ray စက်ကြောင့် ကျေးရွာအတိုက်အခိုက်ခံရမှာ စိုးရိမ်လို့ ဒီစက်ပြောင်းရွေ့ပေးဖို့ ဒေသခံတွေက တောင်းဆိုလိုက်ပါတယ်။
2020-03-19
ကိုရိုနာဗိုင်းရပ်စ်နဲ့ပတ်သက်ပြီး သတင်းအချက်အလက်တွေ သိရှိနိုင်ဖို့အတွက် ရခိုင်နဲ့ ချင်းပြည်နယ်က ကိုးမြို့နယ်မှာ အင်တာနက်ဖြတ်တောက်ထားတာကို ပြန်ဖွင့်ပေးပါလို့ ရခိုင်တိုင်းရင်းသားမျိုးနွယ်စုများ အစည်းအရုံး REC က မတ်လ ၁၈ ရက် မနေ့က ကြေညာချက်ထုတ်ပြီး တောင်းဆိုလိုက်ပါတယ်။
2020-03-18
အလွန်ခေါင်တဲ့ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသက ဒေသခံတွေအတွက် ကျန်းမာရေး ပြုစုစောင့်ရှောက်ပေးနေတဲ့ NGO တွေ ရှိနေပါတယ်။ ဒီအဖွဲ့ဝင်တွေဟာ အခက်အခဲမျိုးစုံ၊ စိန်ခေါ်မှုမျိုးစုံကို ရင်ဆိုင်ပြီး ဆောင်ရွက်နေကြရတာပါ။
2020-03-18
ကမ္ဘာတဝှမ်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ တိုးလာနေတဲ့အတွက် မြန်မာနိုင်ငံ အပါအဝင် နိုင်ငံတော်တော်များများမှာ ထိန်းချုပ်ဖို့ ကြိုးပမ်းလာနေပါတယ်။
2020-03-18
ကမ္ဘာအနှံ့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ပျံ့နှံ့နေပေမယ့် မြန်မာနိုင်ငံမှာတော့ မတွေ့ရသေးပါဘူး။ ဒေသတွင်းနိုင်ငံတွေမှာတော့ ဒီရောဂါထိန်းချုပ်ရေးအတွက် အသည်းအသန်ကြိုးပမ်းနေကြပါတယ်။
2020-03-18
တရုတ်နိုင်ငံ ဝူဟန်မြို့က စတင်ခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်ရောဂါကြောင့် ကုန်ကြမ်း ပြတ်လပ်မှုတွေကို ထိန်းနိုင်ဖို့ အတွက် မြန်မာနိုင်ငံအနေနဲ့ ကုန်ကြောင်းကနေ ပို့ဆောင်တာတွေရှိသလို မနေ့ကတော့ လေကြောင်းလိုင်းနဲ့ပါ ကုန်ကြမ်းတင်သွင်း နေရပါပြီ။ စက်ရုံတွေအနေနဲ့ ကုန်ကြမ်းမှာယူ တင်သွင်းတာတွေ ရှိပေမယ့် စက်ရုံ ပိတ်သိမ်းမှုတွေကတော့ ရှိနေပါတယ်။
2020-03-18
ကိုရိုနာဗိုင်းရပ်စ် ကူးစက်မခံရအောင် လက်ကိုမကြာခဏ ဆေးဖို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်နဲ့ ကျန်းမာရေးဝန်ကြီးဌာနက တိုက်တွန်းထားပါတယ်။ ရန်ကုန်မြို့တွင်း မြို့နယ် သုံးခုလောက်က လူအသွားလာများတဲ့ နေရာ ၁၀ ခုမှာတော့ မရွေးလူမှုကူညီရေးအဖွဲ့က လက်ဆေးစင်တွေ လိုက်တပ်ပေးနေပါတယ်။
2020-03-18
တိုင်းနဲ့ ပြည်နယ်ဝန်ကြီးတွေကို လွှတ်တော် ကိုယ်စားလှယ်တွေထဲကမဟုတ်ဘဲ အရည်အချင်းရှိသူတိုင်း ခန့်အပ်နိုင်ခွင့် ပြင်ဆင်တဲ့ ဖွဲ့စည်းပုံပါ ပုဒ်မကို ဒီနေ့ ပြည်ထောင်စုလွှတ်တော်က မဲခွဲဆုံးဖြတ်ရာမှာ ကိုယ်စားလှယ်မဲ ၇၅% ကျော်က ထောက်ခံတဲ့အတွက် ဒီပုဒ်မကို ပြင်ဆင်ဖို့ လွှတ်တော်က သဘောတူ ဆုံးဖြတ်လိုက်ပါတယ်။
2020-03-18
တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် AA တို့ တိုက်ပွဲပြင်းထန်ခဲ့တဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်ထဲက မီးချောင်းတလျှောက်မှာ နေထိုင်တဲ့ဒေသခံ တစ်ထောင်လောက်ဟာ မြို့ပေါ်ထွက်ပြေးဖို့ ကြိုးစားနေပေမယ့် ကူညီနိုင်မယ့်သူမရှိလို့ အခက်အခဲဖြစ်နေပါတယ်။
2020-03-18
တပ်မတော်က ဧရာဝတီသတင်းဌာနနဲ့ ရိုက်တာသတင်းဌာနတွေကို တရားစွဲတိုင်ကြားထားတဲ့အမှုတွေကို ပြန်ရုပ်သိမ်းတော့မယ်လို့ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ MPC ကို အကြောင်းကြားထားပါတယ်။
2020-03-17
ရန်ကုန်မြို့မှာ လူဦးရေ နှစ်သန်းကျော်ဟာ အများသုံးယာဉ် ဘတ်စ်ကားတွေစီးပြီး ရုံးတက် ရုံးဆင်း အလုပ်သွားအလုပ်လာ လုပ်ကြပါတယ်။ အခုလို ကိုရိုနာဗိုင်းရပ်စ် တကမ္ဘာလုံးကို ပျံ့နှံ့နေတဲ့ကာလမှာ အဲဒီ အများသုံးဘတ်စ်ကားတွေကို စီးဖို့ စိုးရိမ်စိတ်တွေ ရှိနေကြပါတယ်။
2020-03-17
ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးဟာ တနေ့တခြား ကူးစက်ပြန့်ပွားမှုနှုန်း မြင့်လာနေ တာကြောင့် ကမ္ဘာနဲ့အဝှမ်းကပြည်သူတွေ စိုးရိမ်ပူပန်မှုတွေမြင့်လာနေကြပြီး ကြိုတင်ကာကွယ်မှုတွေကိုလဲ အစောတလျင် လုပ်ဆောင်နေကြပါတယ်။