သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-01-15
မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်က တကောင်းတောင်တန်းပေါ်မှာ တနိုင်တပိုင် ကျောက်တူးဖော် သူတွေဟာ တကောင်းတောင် နီကယ်စီမံကိန်းလုပ်ကိုင်နေတဲ့ တရုတ်ကုမ္ပဏီရဲ့ပိတ်ပင်မှုကြောင့် နေရာ အကန့်အသတ်နဲ့ တူးဖော်နေကြရပါတယ်။
2015-01-15
ကချင်ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကမန်းဒူနော်နဲ့ လုံခြုံရေးလိုက်ပါခဲ့တဲ့ ရဲတပ်ဖွဲ့ဝင် ၃ ဦးကို ကေအိုင်အေတပ်မဟာ ၂ လက်အောက်ခံတပ်သားတွေက မိုးညှင်းခရိုင် ဖားကန့်မြို့နယ် ဝှေခါ-ဝေလုံ တောင်ကြောပေါ်မှာ မနေ့က စစ်ဆေးထိန်းသိမ်းခဲ့ပါတယ်။
2015-01-15
ဗိုလ်ချုပ်အောင်ဆန်း နှစ် ၁၀၀ ပြည့် အထိမ်းအမှတ်အဖြစ် House of Media Entertainment က စီစဉ်ဖြန့်ချိ မယ့် တေးသီချင်းခွေ မိတ်ဆက်ပွဲကို ရန်ကုန်မြို့ ဗိုလ်အောင်ကျော်လမ်းမှာရှိတဲ့ HOME ခန်းမမှာ ကျင်းပ ခဲ့ပါတယ်။
2015-01-15
ဒီမောဆိုမြို့နယ် ဒေါတမကြီးကျေးရွာမှာ အမှတ် ၁၄ တန်းမြင့် သင်တန်းကျောင်းက လက်နက်ကြီး စမ်းသပ်ပစ်ခတ်မှုကြောင့် ဒေသခံတွေ စိုးရိမ်ကြောက်လန့်နေတာကို စစ်ဘက်ဆိုင်ရာ တာဝန်ရှိ သူတွေနဲ့ညှိုနှိုင်းဆွေးနွေးပြီးဖြစ်တယ်လို့ ကယားပြည်နယ် ဝန်ကြီးချုပ် ဦးခင်မောင်ဦးက ပြောပါတယ်။
2015-01-15
သာသနာညှိးနွမ်းစေမှုနဲ့ စစ်ကိုင်းတိုင်းဒေ သကြီး မုံရွာအကျဉ်းထောင်မှာ ဖမ်းဆီးထိန်း သိမ်းခံထားရတဲ့ စာရေးဆရာ ဦးထင်လင်းဦးက ချောင်းဦးမြို့ နယ် တရားရုံးအနီးမှာရှိတဲ့ ကမ္ဘာအေးဆုတောင်းပြည့် ရဲတပ် ဖွဲ့ဓမ္မာရုံမှာ မြို့နယ်မဟာဓမ္မာရုံ ပါဠိတက္ကသိုလ်ကျောင်းတိုက် ဆရာတော် ဥူးဝရသဗ္ဗောဓိ ဦးဆောင်တဲ့ သံဃာတော်အပါး ၃၀ နီးပါးကို ဒီနေ့ ကန်တော့တောင်းပန်ခဲ့ပါတယ်။
2015-01-15
ရန်ကုန်မြို့ ရေရှည်တည်တံ့တဲ့ ဖွံ့ဖြိုး တိုးတက်ရေး" ခေါင်း စဉ်နဲ့ ဆွေးနွေးပွဲ တစ်ခုကို ရန်ကုန်မြို့ပြအမွေအနှစ် ထိန်း သိမ်းစောင့်ရှောက်ရေးအဖွဲ့ YHT နဲ့ World Monuments Fund တို့ ပူးပေါင်းပြီး ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် ကမ်းနားလမ်းက Strand Hotel မှာ ဒီနေ့ စတင်ကျင်းပ ပါတယ်။
2015-01-15
ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု အောင်ဘာလေကျေး ရွာအနီးမှာ တပ်မ ၆၆ လက်အောက်ခံ အစိုးရတပ်တွေနဲ့ ကေအိုင်အေ တပ်ရင်း ၆ အကြား ဒီနေ့ မနက်ကစပြီး လက်ရှိ အချိန်ထိ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ အတွက် ဒေသခံ ရွာသား ၂၀၀၀ နီးပါး ပိတ်မိနေတယ်လို့ သိရပါတယ်။
2015-01-14
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ပဋိပက္ခ အတွင်း တောင်သူ ဒေါ်ခင်ဝင်းသေဆုံးမှုနဲ့ ထိခိုက် ဒဏ်ရာရရှိခဲ့တဲ့ အခြေအနေတွေကို မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်က ဆားလင်း ကြီးမြို့နယ်မှာ ၅ရက်ကြာ သွားရောက်စုံစမ်း စစ်ဆေးခဲ့ပါတယ်။
2015-01-14
ညီညွတ်သောတိုင်းရင်းသားလူမျိုးများမဟာမိတ်အဖွဲ့ UNA နဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်တို့ဟာ ဒီလ ၁၈ ရက်နေ့ နေပြည်တော် မှာ နိုင်ငံရေးဆွေးနွေးပွဲတွေ စတင်ကျင်းပနိုင်ရေး နဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး တို့ကို တွေ့ ဆုံဆွေးနွေးကြမယ်လို့ သိရပါတယ်။
2015-01-14
ဒီကနေ့ဟာ ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် ဟွန်ဆန်ရဲ့ ဝန်ကြီးချုပ်သက်တမ်းနှစ် ၃၀ တင်းတင်းပြည့်မြောက်တဲ့ နေ့ဖြစ်ပါတယ်။
2015-01-14
နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲကို အစိုးရက ပုံစံအမျိူးမျိုးနဲ့ ကျင်းပနေတယ်ဆိုပေမယ့် ၆ ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေး ဆိုတာဟာ ပြည်ထောင်စုလွှတ်တော်က တခဲနက် အတည်ပြုထောက်ခံတောင်းဆိုထားတာကြောင့် (၆) ပွင့်ဆိုင် တွေ့ ဆုံဆွေးနွေးရေး တောင်းဆိုချက်ဟာ ပျက်သွားနိူင်စရာ မရှိဘူးနိုင်သလို သမ္မတက မကြာခင် ဒီတောင်း ဆိုမှုနဲ့ ပတ်သက်လို့ အကြောင်းပြန်လာနိုင်တယ်ဆိုတဲ့ သုံးသပ်ချက် တွေရှိပါတယ်၊ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ သုံးသပ်ချက်ကို မသင်းသီရိက တင်ပြထားပါတယ်။
2015-01-14
မလေးရှားနိုင်ငံမှာ မြန်မာနိုင်ငံသားတွေ သတ်ဖြတ်ခံခဲ့ရတဲ့ အမှုတွေနဲ့ပတ်သက်ပြီး၊ သံသယဖြစ်သူ ၉ ဦးကို ပီနန်ကျွန်း တရားရုံး တစ်ရုံးမှာ မနေ့ က တရားစွဲဆို လိုက်ပြီဖြစ်ကြောင်း The Straits Times သတင်း က ဖော်ပြပါတယ်။
2015-01-14
ထိုင်းနိုင်ငံတောင်ပိုင်းမှာ ကား ၅ စီးပေါ် ကနေ တွေ့ရှိ ဖမ်းမိခဲ့တဲ့ ခိုးဝင်လာ သူ မြန်မာနိုင်ငံက မွတ်စလင်တွေထဲက အသက် နှစ်ဆယ် ဝန်းကျင်အရွယ် အမျိုးသားနှစ်ဦး မနေ့က ထပ်မံသေဆုံး သွားခဲ့ပါတယ်။
2015-01-14
မြန်မာနိုင်ငံရဲ့ ပထမဆုံး စတော့ဈေးကွက် ကို နောက်အကျဆုံး အောက်တိုဘာလမှာ စတင် ဖွင့်လှစ်ဖို့ လျာထားပေမဲ့၊ ဒီ့ထက် လည်းစောနိုင်ကြောင်း ဘဏ္ဍာရေး ဒုတိယဝန်ကြီး ဦးမောင်မောင်သိန်း က ပြောပါတယ်။
2015-01-14
ဗိုလ်ချုပ်အောင်ဆန်း နှစ်တစ်ရာပြည့်မွေးနေ့ အထိမ်းအမှတ်ပွဲတော်ကို ဗိုလ်ချုပ်ရဲ့ဇာတိမြို့ဖြစ်တဲ့ နတ်မောက်မြို့မှာ စည်စည်ကားကား ကျင်းပဖို့ ပြင် ဆင်နေကြပါတယ်။