သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2024-09-18
ဖားကန့် ကျောက်စိမ်းမှော်အနီးတစ်ဝိုက်မှာရှိတဲ့ စစ်တပ်စခန်း ၂၀ ဝန်းကျင်ကို KIA နဲ့ ကချင် PDF အဖွဲ့တွေက သိမ်းပိုက်ထိန်းချုပ်ထားသလို ဖားကန့်မြို့နဲ့ ခြောက်မိုင်ခန့်အကွာ ဆိုင်းတောင်ကျေးရွာမှာလည်း နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။
2024-09-18
ချင်းပြည်နယ် ပလက်ဝနဲ့ ဆမီးကနေ ရန်ကုန်ကို တိမ်းရှောင်လာကြတဲ့ စစ်ဘေးဒုက္ခသည် ချင်းလူမျိုးစုတွေ အလုပ်အကိုင်နဲ့ နေထိုင်စားသောက်ရေး ခက်နေကြပါတယ်။
2024-09-18
အပူပိုင်းမုန်တိုင်းငယ်ဟာ ပိုမိုအားကောင်းလာနိုင်ပြီး ဗီယက်နမ်နိုင်ငံ ကုန်းတွင်းပိုင်းကနေတစ်ဆင့် မြန်မာနိုင်ငံအရှေ့ပိုင်း ဒေသတွေကို ဖြတ်ကျော် ဝင်ရောက်လာနိုင်ပါတယ်။
2024-09-18
ထန်တလန်မြို့က လိုင်ဗီလာတည်းခိုခန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းကို ချင်းတော်လှန်ရေး ပူးပေါင်းတပ်တွေက စက်တင်ဘာ ၁၇ ရက်နေ့ ညနေပိုင်းမှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။
2024-09-18
ဝမ်းတွင်းမြို့နယ်မှာ ရေကြီးရေလျှံမှုကြောင့် သေဆုံးသူ ငါးဦးအထိရှိလာပါတယ်။
2024-09-18
ရေဦးမြို့နယ်မှာ ညောင်လှ-ရေဦး-တန့်ဆည် ကားလမ်းပေါ်မှာ ထောင်ထားတဲ့မိုင်းတစ်လုံး ပေါက်ကွဲတာကြောင့် အဲဒီလမ်းပေါ် ဖြတ်သန်းသွားလာတဲ့ ခရီးသည်တင်ယာဥ် မိုင်းစထိမှန်ပြီး အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပါတယ်။
2024-09-18
စစ်ကိုင်းမြို့နယ် ကြွယ်ပုံရွာအနီးမှာ ကြွယ်ပုံရွာ ဒေသခံတွေ စီးနင်းလာတဲ့ မော်တော်ယာဉ်တိုက်ခိုက်ခံရပြီး အမျိုးသမီး ၁၂ ဦး သေဆုံးသွားပါတယ်။
2024-09-18
တပ်ကုန်းမြို့နယ် ချောင်းခြားရွာမှာ ရေဘေးကူညီကယ်ဆယ်ရေးအတွက် လာရောက်လှူဒါန်းတဲ့ အစားအသောက်တချို့ကိုစားမိရာကနေ အစာဆိပ်သင့်ပြီး လူတစ်ရာနီးပါး ဆေးရုံတက်ကုသမှုခံယူနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2024-09-17
နောင်ချိုမြို့နယ်မှာ စစ်ကောင်စီတပ်ကပစ်ခတ်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် အသက် ၄၀ အရွယ် ဒေါ်ချိုမြင့်အပါအဝင် အသက် ၃ နှစ်နဲ့ ၁၇ နှစ်အရွယ် သူရဲ့သား နှစ်ဦးပါ သေဆုံးသွားပါတယ်။
2024-09-17
သန်းခေါင်စာရင်း ကောက်တော့မှာဖြစ်လို့ ကယ်ဆယ်ရေးစခန်းတွေမှာ ရောက်နေတဲ့ ရေဘေးသင့်ပြည်သူတွေကို နေရပ်အမြန်ဆုံး ပြန်လည်နေထိုင်နိုင်ရေး လုပ်ဆောင်ပေးဖို့ လိုအပ်တယ်လို့ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုလိုက်ပါတယ်။
2024-09-17
ရာဂီမုန်တိုင်းဒဏ်သင့် မြန်မာနိုင်ငံကို အရေးပေါ် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေပေးအပ်ဖို့ ဆောင်ရွက်နေကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ထုတ်ပြန်ပါတယ်။
2024-09-17
မတော်တဆ ထိခိုက်သေဆုံးမှုတွေ၊ ရောဂါဘယအန္တရာယ်တွေ ကြားကပဲ ထိုင်းနိုင်ငံကို သိန်းနဲ့ချီတဲ့ မြန်မာနိုင်ငံသားတွေ တောကြီးမျက်မည်း နယ်စပ်ဖြတ်ကျော်ပြီး သွားနေကြပါတယ်။
2024-09-17
မိုးများချိန်မှာ စစ်ကောင်စီက ဆည်တွေရဲ့ ရေပိုလွှဲတွေကနေ ရေထုတ်လို့ ဒေသခံပြည်သူတွေ ထောင်နဲ့ချီ သေဆုံး၊ ပျောက်ဆုံးတာတွေ ဖြစ်ခဲ့တယ်လို့ NUG နဲ့ တိုင်းရင်းသားအဖွဲ့တွေက ပူးတွဲကြေညာချက်ထုတ်ပြန်ပါတယ်။
2024-09-17
မြန်မာပြည်သူတွေကို နယ်စပ်ဖြတ်ကျော် အကူအညီပေးဖို့ အရေးပေါ်လိုအပ်နေကြောင်း မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) က ကြေညာချက်ထုတ်ပြန် တိုက်တွန်းလိုက်ပါတယ်။
2024-09-17
စစ်တပ်အာဏာသိမ်းပြီးနောက် ဖမ်းဆီးထိန်းသိမ်းခံထားရစဉ် သေဆုံးသူ အနည်းဆုံး ၁,၈၅၃ ဦး ရှိတယ်လို့ စက်တင်ဘာ ၁၇ ရက်နေ့က ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး အစီရင်ခံစာမှာ ဖော်ပြပါတယ်။