သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2020-02-25
အလုပ်သမားအခွင့်အရေးဆုံးရှုံးနေတဲ့အတွက် ဖေဖော်ဝါရီ ၂၀ ရက်နေ့ထဲက အစာငတ်ခံဆန္ဒပြနေတဲ့ မှော်ဘီမြို့နယ်၊ မြောင်းတကာ စက်မှုဇုန်က သံမဏိစက်ရုံအလုပ်သမားတွေဟာ သူတို့ရဲ့ တောင်းဆိုချက်တွေမရရှိသေးတာကြောင့် ဆက်ပြီးအစာငတ်ခံ ဆန္ဒပြနေကြပါတယ်။
2020-02-25
တရုတ်ပြည်က ကိုရိုနာဗိုင်းရပ်စ်ဂယက်ကြောင့် ကချင်ပြည်နယ်နဲ့ထိစပ်နေတဲ့ နယ်စပ်ဂိတ်တချို့ကို တရုတ်ဘက်က ပိတ်ထားတဲ့အတွက် ချီဖွေနဲ့ ဆော့လော်မြို့နယ်တွေက တောင်တန်းဒေသတချို့မှာ ဆန်နဲ့ ကုန်ပစ္စည်းရှားပါးနေပါတယ်။
2020-02-25
ထိုင်းနိုင်ငံမှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ဇနီး မနှင်းဇာဖြူနဲ့ သားသမီးနှစ်ယောက်ကို ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR ရဲ့ အစီအစဉ်နဲ့ ဆွစ်ဇာလန်နိုင်ငံမှာ ပြောင်းရွှေ့အခြေချ နေထိုင်ခွင့်ရသွားတဲ့အတွက် မနေ့က ဖေဖော်ဝါရီလ ၂၅ ရက်နေ့ နေ့လယ်မှာ ဘန်ကောက်မြို့ကနေ လေယာဉ်နဲ့ ထွက်ခွာသွားပြီဖြစ်ပါတယ်။
2020-02-25
ထိုင်းနိုင်ငံမှာ စစ်တပ်အရာရှိတစ်ဦးကို တပ်ကြပ်က ပစ်သတ်ခဲ့တဲ့ဖြစ်စဉ်ဟာ စစ်တပ်ကလုပ်နေတဲ့ စီးပွားရေးလုပ်ငန်းတွေကြောင့်လို့ ထိုင်းကာကွယ်ရေးဦးစီးချုပ်က သုံးသပ်ပြီး တပ်ပိုင်စီးပွားရေး လုပ်ငန်းတွေကို ဘဏ္ဍာရေးဝန်ကြီးဌာနကို လွှဲပြောင်းလိုက်ပါတယ်။ ထိုင်းနိုင်ငံအခြေအနေနဲ့ မြန်မာနိုင်ငံအခြေအနေတွေကို RFA ဝိုင်းတော်သား ဦးတင်အောင်ခိုင်က နှိုင်းယှဥ် တင်ပြထားပါတယ်။
2020-02-25
စာစစ်ဌာနပိတ်လို့ မြို့တက်ပြီး ဆယ်တန်းဖြေရမယ့် ရခိုင်ပြည်နယ်မြောက်ပိုင်းနဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်က ထောင်ချီတဲ့ကျောင်းသူ၊ ကျောင်းသားအတွက် အစိုးရက သွားလာရေးအတွက် စီစဉ်ပေးဖို့ လိုအပ်နေပါတယ်။
2020-02-25
ပြည်ထောင်စုလွှတ်တော်မှာ ဒီနေ့ကျင်းပတဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေးဆွေးနွေးပွဲ ပထမနေ့မှာပဲ တပ်ဘက်ကတင်တဲ့မူကြမ်းမှာ စာတစ်ပိုဒ်ပြုတ်ကျနေတဲ့အတွက် တပ်မတော်သား ကိုယ်စားလှယ်တွေဘက်က ပြင်းပြင်းထန်ထန် အော်ဟစ်ကန့်ကွက်ခဲ့ပါတယ်။
2020-02-25
ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ တိုက်ပွဲတွေပြင်းထန်နေတဲ့အတွက် ဒေသခံတွေဟာ နီးစပ်ရာ မြို့နယ်တွေကို ထွက်ပြေးတိမ်းရှောင်ရတာ တစ်နေ့ထက်တစ်နေ့ ပိုများလာနေပါတယ်။
2020-02-24
RFA သတင်းထောက် အဲလိဇဘက်ဂျန်မာဟာ ပြင်သစ်ယဉ်ကျေးမှုဌာနက ဦးစီးကျင်းပတဲ့ ရန်ကုန်ဓာတ်ပုံပွဲတော်မှာ ဓာတ်ပုံအက်ဆေးအထူးဆု ရရှိသွားပါတယ်။
2020-02-24
တပ်မတော်နဲ့ ကရင်အမျိုးသားအစည်းအရုံး KNU တို့ တပ်ပိုင်းဆိုင်ရာ ဆွေးနွေးပွဲအပြီး ရက်ပိုင်းအတွင်းမှာပဲ ကရင်ပြည်နယ် ဖာပွန်မြို့နယ်ထဲမှာ နှစ်ဘက်တပ်တွေ တိုက်ပွဲထပ်ဖြစ်ခဲ့ပါတယ်။
2020-02-24
ရခိုင် နဲ့ ချင်းပြည်နယ် ပလက်ဝမြို့တွေကို အင်တာနက်ပြန်ဖွင့်ပေးဖို့ တောင်းဆိုခဲ့တဲ့ ရန်ကုန်က တက္ကသိုလ်ကျောင်းသား ကိုးယောက်ကို ငြိမ်းစုစီ ပုဒ်မ ၁၉ နဲ့ ရဲက အမှုဖွင့်ထားပါတယ်။
2020-02-24
တိုင်းရင်းသားဒေသတချို့မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က လူထုနဲ့ တွေ့ဆုံနေတာဟာ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးနေတာလို့ တိုင်းရင်း သားပါတီတွေက ဝေဖန်လိုက်ပါတယ်။
2020-02-24
ရခိုင်ပြည်နယ်မှာ လူမျိုးရေးဘာသာရေး အဓိကရုဏ်းဖြစ်အောင် ရက္ခိုင့်တပ်တော် AA က လုပ်ဆောင်နေတယ်လို့ တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့က စွပ်စွဲလိုက်ပါတယ်။
2020-02-23
ရာသီဥတုအေးရင် ကိုရိုနာဗိုင်းရပ်စ်သေတယ်ဆိုတာ မဟုတ်တဲ့အကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြောပါတယ်။
2020-02-23
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်မှာ မနေ့ညက လက်နက်ကြီးကျလို့ အရပ်သား သုံးယောက် ထိခိုက်ဒဏ်ရာရခဲ့ ပါတယ်။ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် AA တို့ တနှစ်ကျော်ကြာ တိုက်ပွဲတွေကြောင့် ရခိုင်ပြည်နယ်မှာ ထိခိုက်ဒဏ် ရာရသူ ၂၅၀ ကျော် ရှိနေပါပြီ။
2020-02-23
ကိုရိုနာဗိုင်းရပ်စ်စတင်ဖြစ်ပွားတဲ့ တရုတ်ပြည်အပြင် ပိုးကူးစက်မှု မြင့်တက်လာတဲ့ တောင်ကိုရီးယားနိုင်ငံမှာ သေဆုံးသူ ငါးယောက် ရှိလာပါပြီ။